Chelmo News Portal

Top Menu

  • About Us
  • Contact Us

Main Menu

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • About Us
  • Contact Us

logo

Chelmo News Portal

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • ၅မိနစ်အတွင်း တရားဝင်ကွာရှင်းခဲ့တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို

Beauty
Home›Beauty›ဖြူဖွေးတဲ့ ဒူးခေါင်း တံတောင်စစ် လေးတွေရအောင် ဘယ်လိုလုပ်ကြမလဲ

ဖြူဖွေးတဲ့ ဒူးခေါင်း တံတောင်စစ် လေးတွေရအောင် ဘယ်လိုလုပ်ကြမလဲ

By Kyaw Hein
February 19, 2020
10007
0
Share:

မိန်းကလေးတိုင်းကတော့ မလှချင်တဲ့သူမရှိပါဘူး။ ဂါဝန်တိုလေးတွေဝတ်ရင်ပဲ ဖြစ်ဖြစ်၊ စကပ်တိုလေးတွေဝတ်ရင်ပဲ ဖြစ်ဖြစ် ဒူးခေါင်းလေးတွေ ဖြူဖွေးနေတာကို မိန်းကလေးတိုင်းလိုချင်ကြပါတယ်။ အဲ့တော့ ကိုယ့်အိမ်မှာပဲ အိမ်သုံး ပစ္စည်းလေးတွေနဲ့ ဖြူဖွေးတဲ့ ဒူးခေါင်း တံတောင်စစ် လေးတွေရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

သခွားသီး

သခွားသီးက ညိုမဲတဲ့ ဒူးခေါင်း တံတောင်စစ် တွေကို ဖယ်ရှားဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ သခွားသီးက ဆဲလ် အသေတွေကို ဖယ်ရှားပေးပြီး ရေဓာတ်အပြည့်အဝပေးပါတယ်။ သခွားသီးမှာ ဗီတာမင် A နဲ့ C ပါဝင်တဲ့ အတွက်ကြောင့် အသားအရေ လှပစေပြီး အေးမြစေပါတယ်။ သခွားသီးကို ပါးပါးလှီးပြီး ဒူးခေါင်း နဲ့ တံတောင်စစ် ပေါ်မှာ ကပ်ထားပေးပါ။ ၅ မိနစ်ပြည့်ရင် ရေအေး နဲ့ ဆေးချလိုက်ပါ။
နောက်ထပ်တစ်မျိုးအနေနဲ့ သခွားသီးရည် နဲ့ သံပုရာရည်ကို ရောပြီး ဒူးခေါင်း နဲ့ တံတောင်စစ် ပေါ်မှာလိမ်းပေးပါ။ ချိုင်းမှာလဲ လိမ်းလို့ရပါတယ်။ မိနစ် ၂၀ ပြည့်ရင် ရေဆေးချလိုက်ပါ။ နေ့စဉ်ပြုလုပ်ပေးရင် အကောင်းဆုံး ရလဒ်ကို ရလာမှာ ဖြစ်ပါတယ်။

 

 

သံပုရာသီး နဲ့ မုန့်ဖုတ်ဆိုဒါ

သံပုရာသီးက အရေပြားကို ကြည်လင်စေတဲ့ အစွမ်းဓာတ်ကို ပေးပါတယ်။ သံပုရာသီးမှာဆိုရင် antioxidants နဲ့ ဗီတာမင် C ပါဝင်ပါတယ်။ မုန့်ဖုတ်ဆိုဒါက ညိုမဲတဲ့ နေရာတွေကို နူးညံ့ ဖြူဖွေးစေပါတယ်။
သံပုရာသီးကို နှစ်ခြမ်းလှီးပါ။ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၁ ဇွန်းကို သံပုရာသီးပေါ်တင်ပြီး ဒူးခေါင်း နဲ့ တံတောင်စစ်နေရာတွေကို ၁ မိနစ် ပွတ်တိုက်ပေးပါ။ ၁၅ မိနစ်ထားပြီး ရေနွေးနဲ့ဆေးချလိုက်ပါ။ နှစ်ရက်တစ်ခါပြုလုပ်ပေးရင် ဖြူဖွေးတဲ့ ဒူးခေါင်း တံတောင်စစ်လေးတွေ အမြန်ဆုံး ရရှိနိုင်မှာဖြစ်ပါတယ်။

 

 

ရှားစောင်းလက်ပက်နဲ့ နွားနို့

ရှားစောင်းလက်ပက်က အရေပြားကိုနူးညံ့ ကြည်လင်စေပြီး မညီညာတဲ့ အသားအရည်အတွက် ကောင်းမွန်စေပါတယ်။ ဘက်တီးရီးယားများနဲ့ မှိုဖြစ်ခြင်းကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိလည်းရှိပါတယ်။ ရှားစောင်းလက်ပက်နဲ့ နွားနို့ ပေါင်းစပ်ခြင်းက အသားအရေကို သဘာဝအတိုင်း ကြည်လင်စေပါတယ်။
နွားနို့ နဲ့ ရှားစောင်းလက်ပက်ကို ပမာဏအတူတူရောပြီး မွှေလိုက်ပါ။ ဒူးခေါင်း နဲ့ တံတောင်စစ်နေရာတွေကို လိမ်းပြီး တစ်ည ထားလိုက်ပါ။ နောက်နေ့မနက်မှာ ရေနဲ့ဆေးချလိုက်ပါ။
နောက်တစ်နည်းအားဖြင့် ရှားစောင်းလက်ပက် အနှစ်ကို ဒူးခေါင်း နဲ့ တံတောင်စစ်နေရာတွေမှာ မိနစ် ၂၀ လိမ်းထားပြီး ရေနွေးနဲ့ ဆေးချလိုက်ပါ။

 

 

အာလူး

အားလူးမှာ catecholase enzymes ပါဝင်တဲ့အတွက်ကြောင့် အသားအရေကို သဘာဝအတိုင်း ကြည်လင်စေပါတယ်။ အာလူးကို နေ့စဉ် အသုံးပြုမယ်ဆိုရင် ညိုမဲ နေတဲ့ အသားအရေကို နူးညံ့ ဖြူဖွေးစေပါတယ်။
အာလူးကို ကြိတ်ပြီး ဖျော်ရည်ပုံစံပြုလုပ်လိုက်ပါ။ ဒူးခေါင်း နဲ့ တံတောင်စစ်နေရာတွေမှာ ၁၅ မိနစ် လိမ်းထားပြီး ရေနဲ့ ဆေးချလိုက်ပါ။ ပြီးနောက် moisturizer လိမ်းပေးပါ။ နောက်တစ်နည်းအားဖြင့် အာလူးကို ပါးပါးလှီးပြီး ဒူးခေါင်း နဲ့ တံတောင်စစ်နေရာတွေကို ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် ပွတ်တိုက်ပေးပြီးနောက် ရေနဲ့ ဆေးချလိုက်ပါ။

 

 

ပျားရည်

ပျားရည်က အသားအရေကို သဘာဝအတိုင်း အစိုဓာတ်ကိုပေးစွမ်းနိုင်ပါတယ်။ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံပုရာရည်တစ်ဝက်နဲ့ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၁ ဇွန်း ကို ရောမွှေလိုက်ပါ။ ညိုမဲနေတဲ့ ဒူးခေါင်း နဲ့ တံတောင်စစ်နေရာတွေကို မိနစ် ၂၀ မှ ၃၀ အထိလိမ်းထား ပြီးနောက် ရေဆေးချလိုက်ပါ။ နောက်တစ်မျိုးကတော့ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ နွားနို့ စားပွဲတင်ဇွန်း ၁ ဇွန်း နဲ့ ရှားစောင်းလက်ပက် အနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း တို့ကို ရောမွှေလိုက်ပါ။ ဒူးခေါင်း နဲ့ တံတောင်စစ်နေရာတွေကို ၁၅ မိနစ်လိမ်းထား ပြီးနောက် ရေနွေးနဲ့ဆေးချလိုက်ပါ။

 

သကြားနဲ့ သံလွင်ဆီ

သကြားနဲ့ သံလွင်ဆီ ရောပြီး အိမ်တွင်း ကြေးချွတ်လို့ရပါတယ်။ သကြားနဲ့ သံလွင်ဆီဟာဆိုရင် အရေပြားကို ကျန်းမားတဲ့ အာဟာရ ပေးစွမ်းနိုင်ပါတယ်။ ရေဓာတ်လည်းရရှိနိုင်ပြီး ဆဲလ်အသေတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ သကြားနဲ့ သံလွင်ဆီကို ပမာဏအတူတူထည့်ပြီး ရောသမအောင် မွှေလိုက်ပါ။ ဒူးခေါင်း နဲ့ တံတောင်စစ်နေရာတွေမှာ ၁၅ မိနစ်ခန့် နှိပ်နယ်ပေး ပြီးနောက် ရေနွေးနဲ့ဆေးချလိုက်ပါ။ အပတ်စဉ်တိုင်း ပြုလုပ်ပေးပါက ကောင်းမွန်တဲ့ ရလဒ်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။

 


ကဲ…… စကပ်အတိုလေးတွေ ဝတ်ရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိအောင် အခုပဲ အပေါ်က ပြောခဲ့တဲ့ နည်းလမ်းတွေအတိုင်း လုပ်ကြရအောင်

Previous Article

အောင်မြင်ဖို့ အတွက် လိုအပ်တဲ့ အချက် (၆) ချက်

Next Article

၁၂ရာသီခွင်ဖွားများ၏ ထူးခြားချက်

Share:

Related articles More from author

  • Beauty

    Glass skin ရရှိပိုင်ဆိုင်ဖို့ ဘယ်လို လုပ်ကြမလဲ

    January 23, 2020
    By Kyaw Hein
  • Beauty

    မျက်နှာအတွက် ရေခဲတုံး၏ အသုံးဝင်ပုံ

    May 21, 2020
    By Kyaw Hein
  • BeautyExclusiveHot

    ‘Pink Venom’ အတွက် ပိုစတာဓာတ်ပုံထွက်ရှိလာပြီဖြစ်တဲ့ BlackPink

    August 11, 2022
    By Zue Zue
  • BeautyExclusive

    Group’s Comeback အတွက် ဆံပင် Strawberry Blonde အရောင် ဆိုးပစ်ခဲ့တဲ့ Girls’ Generation’s Sooyoung

    June 17, 2022
    By Kyaw Hein
  • BeautyExclusiveHot

    ကိုယ်ဝန်ဆောင်ထားတဲ့ဓာတ်ပုံတစ်ချို့ကိုမျှဝေလာတဲ့ T-ARA အဖွဲ့ဝင်ဟောင်း Ahreum

    August 24, 2022
    By Zue Zue
  • BeautyExclusiveHot

    ပဲရစ်မှာ YSL’s Creative Director Anthony Vaccarello ၊ Hailey Bieber ၊ အခြားအနုပညာရှင် များနဲ့အတူ ညစာအတူတူစားသောက်ခဲ့တဲ့ Rose’

    October 3, 2022
    By Zue Zue

YOU MIGHT BE INTERESTED

  • Exclusive

    မေလမှာ ထုတ်လွှင့်ပြသမယ့် ကိုရီးယား drama series များ

  • BeautyExclusiveHot

    ပဲရစ်မှာ YSL’s Creative Director Anthony Vaccarello ၊ Hailey Bieber ၊ အခြားအနုပညာရှင် များနဲ့အတူ ညစာအတူတူစားသောက်ခဲ့တဲ့ Rose’

  • ExclusiveHot

    Army လေးတွေ ဘယ်လောက်တောင်ပျော်နေလိုက်မလဲ !!

Timeline

  • February 20, 2024

    Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

  • February 2, 2024

    Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

  • January 15, 2024

    TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

  • January 5, 2024

    New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

  • December 29, 2023

    2024 မှာ ကြည့်ရမယ့် Park Shin Hye နဲ့ Park Hyun Sik တို့ရဲ့ ရုပ်ရှင်ကားအသစ် “Doctor Slump”

Find us on Facebook

logo

Chelmo ကုမ္ပဏီ၏ စီးပွားရေး ကဏ္ဍတစ်ခု အနေဖြင့် Chelmo သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။

Chelmo မှ စာဖတ်သူပရိသတ်များအတွက် တန်ဖိုးလည်းရှိပြီး အကျိုးရှိစေမည့် သတင်းမှစ၍ အထောက်အကူပြု ဆောင်းပါးများ၊ ပျော်စရာသတင်းလေးများကို နေ့စဉ်မပြတ် တင်ပြလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်
  • Recent

  • Popular

  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

    By Kyaw Hein
    February 2, 2024
  • TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

    By Kyaw Hein
    January 15, 2024
  • New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

    By Kyaw Hein
    January 5, 2024
  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • ချစ်သူနဲ့ အမြဲစကားများရန်ဖြစ်နေပေမဲ့ အချစ်မပြယ်စေဖို့

    By Kyaw Hein
    October 21, 2019
  • အိပ်နေတဲ့အချိန် ဟောက်တာကို သက်သာစေမယ့်နည်းလမ်းများ

    By Kyaw Hein
    October 21, 2019
  • Celebrity တွေရဲ့အမိုက်စား ဝိတ်ချနည်းများ

    By Kyaw Hein
    October 21, 2019

Follow us

Reach us

  • No.23, Room No. 1_08, Sky suites, Yanshin Rd, Yankin Tsp, Yangon.
  • +95-9-9543 55430
  • [email protected]
Copyright © 2019-2022 Chelmo.tips. All rights reserved.