Chelmo News Portal

Top Menu

  • About Us
  • Contact Us

Main Menu

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • About Us
  • Contact Us

logo

Chelmo News Portal

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • ၅မိနစ်အတွင်း တရားဝင်ကွာရှင်းခဲ့တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို

Knowledge
Home›Knowledge›ရှေးဦးဆုံး ကျောက်စာရေးထိုးသောလူမျိုးမှာ ဘယ်လူမျိုးလဲ?

ရှေးဦးဆုံး ကျောက်စာရေးထိုးသောလူမျိုးမှာ ဘယ်လူမျိုးလဲ?

By Kyaw Hein
January 27, 2020
5029
0
Share:

ကမ္ဘာပေါ်မှာ ကျောက်စာရေးထိုးတဲ့ဓလေ့ ပေါ်ပေါက်ခဲ့တာက ဘီစီ(၃၆၀၀) ခန့်လို့ ယူဆရပါတယ်။ ရှေးဦးစွာ ကျောက်စာရေးထိုးသော လူမျိုးက အီဂျစ်လူမျိုး ဖြစ်ပါတယ်။ အီဂျစ် ပြည်သူတွေက ဟိုင်ယာရိုဂလစ်ခေါ် ရုပ်ပုံစာအမှတ်အသားနဲ့ ဘုရင်သင်္ချိုင်းတွေ၊ အထိမ်းအမှတ် အဆောက်အအုံတွေမှာ ရေးထိုးထားခဲ့ကြတယ်။

အီဂျစ်နိုင်ငံမှာ ဘီစီ(၃၄၀၀) မှ (၂၇၀၀) အထိ နှစ်အမည်တွေကို ရေးမှတ်ထားတဲ့ ကျောက်တုံးတစ်ခုကို တွေ့ရှိတဲ့အတွက် ယခု စစ္စလီကျွန်း ပါရာမိုပြတိုက်မှာ ထားရှိထားပါတယ်။ အဲ့ကျောက်တုံးကိုတော့ ပါလာမိုကျောက်စာလို့ ခေါ်ကြတယ်။

အိန္ဒိယနိုင်ငံမှာလည်း ကျောက်စာရေးထိုးတဲ့ခေတ် ရှိခဲ့ပါတယ်။ ရှေးအီဂျစ်နိုင်ငံ ဗက်ဗီလုံးနိုင်ငံများရဲ့ ယဉ်ကျေးမှုခေတ်နဲ့ တစ်ခေတ်တည်းမှာပဲ ကျောက်စာရေးထိုးခြင်း ပေါ်ပေါက်ခဲ့တာဖြစ်တယ်။ အိန္ဒိယနိုင်ငံမှာ အခြားထင်ရှားခဲ့တဲ့ ကျောက်စာတွေကတော့ ဘီစီ(၂၅၀) ခန့်က စိုက်ထူခဲ့တဲ့ သီရိဓမ္မာသောက ကျောက်စာတွေပဲဖြစ်တယ်။

သီရိဓမ္မာသောက မင်းတရားကြီးက ဗုဒ္ဓမြတ်စွာနဲ့ စပ်လျဉ်းတဲ့ထင်ရှားတဲ့နေရာတွေမှာ အထိမ်းအမှတ်ကျောက်စာတိုင်တွေ စိုက်ထူခဲ့တဲ့အပြင် မြတ်စွာဘုရားရှင်ရဲ့ ဆုံးမသြဝါဒတွေကိုလည်း နိုင်ငံတော်အတွင်း နေရာအနှံ့အပြားမှာ ကျောက်ထက်ရေးထိုးစေခဲ့တယ်။ဒါကတော့ သီရိဓမ္မာသောက မင်းကြီရဲ့ ကျောက်စာတိုင်တစ်ခု ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာလည်း ဘီစီ(၂၀၀၀)ခန့် ရှန်မင်းများလက်ထက်က စာပေရေးသားတတ်မြောက်ကြပေမဲ့ ကျောက်ထက်မှာရေးထိုးလေ့မရှိဘဲ ဆင်စွယ်၊ လိပ်ခွံတွေနဲ့ ဝါးများ အပေါ်မှာသာ ရေးမှတ်လေ့ရှိကြတယ်။ ခရစ်သက္ကရာဇ် (၂၀၀) ခန့်မှ တရုတ်စာကောင်းပေကောင်းတွေကို ကျောက်ပြားများပေါ်မှာ ရေးထိုးပြီး အဲ့မှတစ်ဆင့် စက္ကူနဲ့ ကူးယူတဲ့အကျင့်ကို အသုံးပြုလာကြတယ်။ရှေးဟောင်း တရုတ်နိုင်ငံရဲ့ ကျောက်စာတစ်ခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကျောက်စာရေးထိုးတဲ့ အကျင့်က သရေခေတ္တရာခေတ်က စတင်ပေါ်ပေါက် လာခဲ့ပါတယ်။ သရခေတ္တရာမြို့ဟောင်းမှ တူးဖော်ရရှိတဲ့ ကျောက်အရိုးအိုးများမှာ ပျူဘုရင်ဘွဲ့တွေနဲ့ ပျူဘုရင်မင်းများရဲ့ နတ်ရွာစံသက္ကရာဇ် တွေကို ရေးထိုးထားတာလည်း တွေ့ရပါတယ်။ ပုဂံခေတ် မြန်မာလူမျိုးတို့က အထူးသဖြင့် ဘုရားတည်၊ ကျောင်းဆောက် စတဲ့ကုသိုလ်ကောင်းမှုတွေ ပြုလုပ်တဲ့အခါ အလှူပစ္စည်းစာရင်း နဲ့အတူ ဆုတောင်းစာတွေ ကျိန်စာတွေကို ကျောက်ထက်မှာ ရေးထိုး မှတ်တမ်းတင်ကြပါတယ်။

မြန်မာနိုင်ငံမှာ တွေရတဲ့ ကျောက်စာများထဲတွင် ပုဂံမြို့မှ မြစေတီကျောက်စာကတော့ အထူး အရာရောက်တဲ့ ကျောက်စာတစ်ချပ်လည်း ဖြစ်တယ်။ ကျောက်စာမှာ အကြောင်းအရင်း တစ်မျိုးထည်းကိုပဲ ကျောက်တိုင် (၄) မျက်နှာတွင် မြန်မာ၊ မွန်၊ ပါဋ္ဌိ၊ ပျူ ဟူတဲ့ ဘာသာကြီး (၄) မျိုးနဲ့ ရေးထိုးထားခဲ့ပါတယ်။ မြစေတီကျောက်စာကို လေ့လာခြင်းကြောင့် ပုဂံခေတ်မှာ သုံးနှုန်းထားတဲ့ ဘာသာစကားတွေကိုလည်း သိရှိနိုင်ပါတယ်…

 

 

 

Previous Article

EDM Festival တွေမှာ မိမိုက်နေစေမယ့် Outfit Ideasများ

Next Article

(၂၀၂၀) မှာ ရေပန်းစားမယ့် Hair Color များ

Share:

Related articles More from author

  • Knowledge

    Kpop Idol တွေ ဂရုစိုက်ရမဲ့ စံနှုန်းတွေကို လစ်လျူရှုထားနိုင်တဲ့ Jessi

    May 11, 2022
    By Zue Zue
  • Knowledge

    Juneလမှာ မွေးဖွားတဲ့ ကိုရီးယားအနုပညာရှင်များ

    June 8, 2020
    By Kyaw Hein
  • Knowledge

    BLACKPINK အဖွဲ့ရဲ့ ပထမဆုံး Full Album ဖြစ်တဲ့ “THE ALBUM” Teaser Poster ထွက်ရှိ

    September 23, 2020
    By Kyaw Hein
  • Knowledge

    ရှားစောင်းလက်ပတ်ရဲ့ အသုံးဝင်ပုံများ

    April 20, 2020
    By Kyaw Hein
  • Knowledge

    ကျန်းမာတဲ့ နေထိုင်မှုဘဝဆီကို ဘယ်လိုသွားကြမလဲ

    February 11, 2020
    By Kyaw Hein
  • HotKnowledge

    Blackpink’s Lisa နဲ့ GOT7’s BAMBAM တို့ရဲ့ ချစ်စရာ Friendship

    July 12, 2021
    By Kyaw Hein

YOU MIGHT BE INTERESTED

  • ExclusiveHot

    လက်မောင်းပေါ်က တက်တူးပုံအသစ်လေးတွေကိုပြသလာခဲ့တဲ့ AOA အဖွဲ့ဝင်ဟောင်း Jimin

  • Hot

    နောက်ထပ် သီချင်းတစ်ပုဒ်ကို နှစ်ယောက်အတူတူ collab လုပ်နေတဲ့အကြောင်း Confirm လိုက်တဲ့ BTS’s Suga နဲ့ IU

  • Hot

    Kpop မိန်းကလေးအဖွဲ့တွေအားလုံးထဲမှာမှ Album preorder အများဆုံးစံချိန်သစ်တစ်ခုကို ပထမဆုံး ချိုးနိုင်ခဲ့တဲ့ Aespa

Timeline

  • February 20, 2024

    Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

  • February 2, 2024

    Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

  • January 15, 2024

    TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

  • January 5, 2024

    New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

  • December 29, 2023

    2024 မှာ ကြည့်ရမယ့် Park Shin Hye နဲ့ Park Hyun Sik တို့ရဲ့ ရုပ်ရှင်ကားအသစ် “Doctor Slump”

Find us on Facebook

logo

Chelmo ကုမ္ပဏီ၏ စီးပွားရေး ကဏ္ဍတစ်ခု အနေဖြင့် Chelmo သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။

Chelmo မှ စာဖတ်သူပရိသတ်များအတွက် တန်ဖိုးလည်းရှိပြီး အကျိုးရှိစေမည့် သတင်းမှစ၍ အထောက်အကူပြု ဆောင်းပါးများ၊ ပျော်စရာသတင်းလေးများကို နေ့စဉ်မပြတ် တင်ပြလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်
  • Recent

  • Popular

  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

    By Kyaw Hein
    February 2, 2024
  • TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

    By Kyaw Hein
    January 15, 2024
  • New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

    By Kyaw Hein
    January 5, 2024
  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • ချစ်သူနဲ့ အမြဲစကားများရန်ဖြစ်နေပေမဲ့ အချစ်မပြယ်စေဖို့

    By Kyaw Hein
    October 21, 2019
  • အိပ်နေတဲ့အချိန် ဟောက်တာကို သက်သာစေမယ့်နည်းလမ်းများ

    By Kyaw Hein
    October 21, 2019
  • Celebrity တွေရဲ့အမိုက်စား ဝိတ်ချနည်းများ

    By Kyaw Hein
    October 21, 2019

Follow us

Reach us

  • No.23, Room No. 1_08, Sky suites, Yanshin Rd, Yankin Tsp, Yangon.
  • +95-9-9543 55430
  • [email protected]
Copyright © 2019-2022 Chelmo.tips. All rights reserved.