ကိုးရီးယားမှာ မလုပ်သင့်တဲ့ အပြုအမူများ
(1) ခြေထောက်လှုပ်ခြင်း
လူတွေမှာ တစ်ခုခုစိတ်လှုပ်ရှားတာရှိရင် ခြေထောက်လှုပ်တတ်ကြတယ်။ ဒါပေမယ့် ကိုးရီးယားလူမျိုးတွေရဲ့ အယူအဆကကျတော့ ခြေထောက်လှုပ်တာက ကံမကောင်းစေဘူးဆိုတဲ့ အယူရှိကြတယ်။
(2) တစ်ယောက်ယောက်ရဲ့ အိမ်ကိုသွားလည်ရင် လက်ဗလာနဲ့မသွားပါနဲ့
ကိုးရီးယားမှာ တစ်ယောက်ယောက်က သူ့အိမ်ကိုဖိတ်တယ်ဆိုရင် လက်ဗလာနဲ့သွားရင် ရိုင်းတယ်လို့ ယူဆကြပါတယ်။ ကိုယ့်ကိုပါတီဖိတ်ရင် ပစ္စည်းတစ်ခုခုယူသွားပါနော်။
(3) ပန်းကန်လုံးထဲမှာ တူတွေကို မစိုက်ထားမိပါစေနဲ့။
သူတို့နိုင်ငံက ပန်းကန်လုံးထဲမှာ တူတွေကိုစိုက်ထားတာက ဈာပန အခမ်းအနားတွေမှာဘဲ သုံးတဲ့အတွက် အဲလိုအပြုအမူတွေ ရှောင်ရှားသင့်ပါတယ်နော်။