မေမေ့ဆီကို ဖုန်းဆက်သင့်ပါတယ်
အမေကတော့ ကိုယ့်ရဲ့ အရင်းနီးဆုံးသော သူငယ်ချင်းဆိုရင်လည်း မမှားပါဘူး။
စိတ်ညစ်နေရချိန်၊ ပျော်စရာကောင်းသောအချိန်တွေမှာ အမြဲအတူတူရှိနေပင်မဲ့လည်း တချိန်မှာတော့ရှိချင်မှရှိတော့မှာပါ။ ဒီတော့ နောင်တတွေ မရအောင် အမေဆီ ဖုန်းဆက်သင့်တယ်လို့ထင်ပါတယ်။ ဘာကြောင့်လဲ။
၀၁. အမေ့အတွက် အရေးကြီးဆုံးက သား(သို့) သမီးပါ။
၀၂. ကိုယ့်အကြောင်းကို မိနစ် ၃၀ လောက်ပြောရင်လည်း အမြဲနားထောင်ပေးသူပါ။
၀၃. မနက် အိပ်ယာနိုးလာရင် အပြုံးနဲ့ကြိုဆိုနေတာ အမေကလဲရင် ဘယ်သူရှိမလဲ။
၀၄. စိတ်ညစ်စရာတွေကို ဖယ်ရှားပေးတာလည်း အမေပါပဲ။
၀၅. ၉လလွယ် ၁၀လအထိ အပင်ပန်းခံပြီး မွေးပေးတဲ့ အကြွေးတွေရှိသေးတယ်နော်။
၀၆. အကောင်းဆုံး အကြံဉာဏ်တွေကို ပေးသူပါ။
၀၇. အမေရှိလို့သာ အသက်ရှင်နေတာ မဟုတ်လား။
၀၈. အမှားကို မှားတယ်လို့ ထောက်ပြပြီး ဆုံးမပေးသူပါ။
၀၉. အမြဲတမ်း ကိုယ့်ဘက်ကပဲ ရပ်တည်ပေးနေသူပါ။
၁၀. အမြဲတမ်း အမေက အနားမှာ ရှိနေတယ်လို့ ခံစားရတယ်။
၁၁. အပြင်မှာဖြစ်လာတဲ့ ပြသာနာတွေအားလုံးကို သေသေချာချာနားထောင်ပေးပြီး ဖြေရှင်းပေးတယ်။
၁၂. သူငယ်ချင်းတွေရဲ့ အတင်းကိုလည်း သူငယ်ချင်းတစ်ယောက်လို ပြောလို့ရတယ်။
၁၃. မိန်းကလေး ကိစ္စတွေကိုလည်း မိန်းကလေးအချင်းချင်းဖြစ်တာကြောင့် လွတ်လွတ်လပ်လပ် တိုင်ပင်နိုင်တယ်။
၁၄. ဘဝအတွက် ယုံကြည်ရဆုံးသော သူငယ်ချင်းတစ်ယောက်ဆိုလည်း မမှားပါ။
၁၅. ကိုယ့်ရဲ့ထင်မြင်ချက်၊ ယုံကြည်ချက်တွေကို အမြဲတန်း အားပေးနေသူပါ။
၁၆. အိမ်မှုကိစ္စတွေကို အမြဲတမ်း လုပ်ပေးနေသူပါ။
၁၇. အားလုံးထက် မင်းအကြောင်းကို ကောင်းကောင်းနားလည်သူပါ။
၁၈. အမေက ဘယ်လို Msg ပို့ရမှာကို မသိတဲ့အတွက် ဖုန်းဆက်သင့်ပါတယ်။
၁၉. ဘယ်အချိန်မှာပဲဖြစ်ဖြစ် မင်းအနားမှာ အမြဲ ရှိနေသူပါ။
၂၀. အမြဲတည်း အမှန်ကို အမှန်အတိုင်း ပြောနိုင်သူပါ။
၂၁. မင်းကအဝေးမှာရှိတာကြောင့် စိတ်ထဲမှာ ဝမ်းနည်းမိတယ်။
၂၂. မင်းဆီက ဖုန်းကို မျှော်နေတတ်တယ်။ ဖုန်းလာရင် တနေ့လုံး စိတ်ထဲမှာ ပျော်နေတတ်တယ်။
၂၃. လိုအပ်တဲ့အခါ ပိုက်ဆံထုတ်ပေးဖို့ မနှမြောပါ။
၂၄. မိန်းကလေးအချင်းချင်းဖြစ်ရင်လည်း မိန်းကလေးစကားပြောလို့ရတော့ ပျော်ပါတယ်။
၂၅. ဘယ်နှနာရီစကားတွေ ပြောပြော အချိန်တွေကုန်မှန်းတောင် မသိလိုက်ပါ။
၂၆. အမေ့ကို ချစ်တဲ့အကြောင်းကို ပြောသင့်ပါတယ်။
#ChelmoTeam
#Love