မှန်ကန်တဲ့ချစ်ခြင်း နဲ့ အဆိပ်သင့်စေတဲ့ချစ်ခြင်း
ချစ်တော့ ချစ်ပါရဲ့, အချစ်မှား ဖြစ်နေတဲ့ သူတွေအတွက် အချစ်နဲ့ ပတ်သတ်ပြီး နောက်ထပ်အမှားလေးတွေမဖြစ်ရလေအောင်………
မှန်ကန်တဲ့ ချစ်ခြင်း – ချစ်သူနှစ်ဦးလုံး ရဲ့ ကိုယ်ပိုင်တိုးတက်ဖြစ်ထွန်းမှု အတွက် ကြိုးစားရင်း ပျော်ရွှင်စရာ ချစ်သံယောဇဉ်တွေကို တိုးလို့တည်ဆောက်လာနိုင်မယ်။
မှားယွင်းတဲ့ ချစ်ခြင်း – ကိုယ့်ဘဝတိုးတက်ရာလမ်းကြောင်းအတွက် အာရုံမစိုက်ဘဲ ချစ်သူ နဲ့ relationship အပေါ်မှာပဲ ၁၀၀ % အာရုံစိုက်တာ။
မှန်ကန်တဲ့ ချစ်ခြင်း – နှစ်ဦးသားစိတ်ဝင်စားမှု နယ်ပယ်မတူကြရင်တောင် သူနဲ့ အတူရှိနေချိန်တွေမှာ စိတ်သက်သက်သာသာနဲ့ ကိုယ်စီနှစ်သက်ရာကို လုပ်ကိုင်ဆောင်ရွက်နိုင်မယ်။ ချစ်သူရှိပေမဲ့လည်း ကိုယ်ပိုင်ဝါသနာ၊ စိတ်ပါဝင်စားမှုတွေကို လေ့လာလိုက်စားနိုင်မယ်။
မှားယွင်းတဲ့ ချစ်ခြင်း – ချစ်သူနှစ်ဦးကိုယ်ပိုင်ဘဝလေးတွေကို သမီးရည်းစားကိစ္စကသာ တစ်ချိန်လုံးလွှမ်းမိုးတာမျိုး- ဥပမာ- ဘယ်နေရာကို သွားသွား သူ့ခွင့်ပြုချက်ရမှ သွားရမယ် ဆိုတာမျိုးတွေပေါ့။
မှန်ကန်တဲ့ ချစ်ခြင်း – သင့်ချစ်သူရဲ့ အရှိအတိုင်း ရင်ထဲကနက်နက်ရှိုင်းရှိုင်း လက်ခံတယ်။ ချစ်သူရဲ့ ပင်ကိုယ်စရိုက်တွေနဲ့ ပတ်သတ်ပြီး နှစ်ယောက်သား အငြင်းပွားရတာမျိုးမရှိပါ။
မှားယွင်းတဲ့ ချစ်ခြင်း – သင့်အလိုကျ သင့်ချစ်သူကို ပြောင်းလဲဖို့ အတွက်ပဲ ကြိုးစားနေတာ၊ အရှိအတိုင်း လက်မခံချင်တာ။
မှန်ကန်တဲ့ ချစ်ခြင်း – သင့်ရဲ့ ယုံကြည်မှု ၊ ချစ်ခြင်းမေတ္တာတို့အပြင် သင့်ချစ်သူနဲ့ အတူနေဖို့၊ မနေဖို့အတွက် တွန်းအားပေးခံရမှုမပါဘဲ ကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ရှိတာ။
မှားယွင်းတဲ့ ချစ်ခြင်း – ချစ်သူရဲ့ အလိုကို မပြည့်စေနိုင်တဲ့ အတွက် ချစ်သူရဲ့ ငြိုငြင်ခံရမှာ စိုးရိမ်ကြောက့်ရွံ့နေရခြင်း ၊ စိတ်ဖိစီးမှုဒဏ်နဲ့ အတူ ပူပန်သောကများနေရခြင်း။
မှန်ကန်တဲ့ ချစ်ခြင်း – တစ်ယောက်ကို တစ်ယောက်ကူညီပေးချင်တဲ့ ၊ တစ်ယောက်ကတစ်ယောက်ကို နားလည်စေချင်တဲ့ ချစ်ခြင်းမေတ္တာနဲ့ ပတ်သတ်ပြီး အပြန်အလှန်အကြောင်းပြချက်လေးတွေကို နားလည်ပေးပြီး အပြုသဘောဆောင်တဲ့ စကားပြောဆိုဆက်ဆံမှု လေးတွေရှိကြတာ။
မှားယွင်းတဲ့ ချစ်ခြင်း – လက်တွဲဖော်ကို အလွယ်တကူ ပြစ်တင်ရှုံ့ချပြီး သင့်ကိုယ်သင် ကာကွယ်ဖို့ စောဒကတက်ကာ ဆင်ခြေတွေပေးလွန်းတာ။
#ChelmoTeam
#Love