ယောက်ျားကံမကောင်းတာကို အမြန်ဆုံးပြင်ဆင်ပေးနိုင်တဲ့ အချက် ၅ ချက်
၁. ကိုယ်က မှားတယ်ဆိုပြီး အမြဲတမ်း အရှုံးပေးနေတဲ့သူ မဟုတ်ဘူးဆိုတာကို အသိပေးဖို့လိုပါတယ်။
ကိုယ်မှာယုံကြည်မှုမရှိတဲ့အတွက်ကိုယ့်ချစ်သူရဲ့မကောင်းတဲ့အကျင့်တွေကိုလည်း ခေါင်းငုံ့ခံတာဟာ မကောင်းတဲ့ အချက်တခုပါ။
ကိုယ်ကမလှလို့၊ မတော်လို့၊ ၀နေလို့ ဆိုပြီး ဒီအချက်လေးတွေကို စိတ်ထဲမှာအမြဲထားပြီးချစ်သူကပြောတာတွေကိုအကုန်လက်ခံနေတက်တယ်။
ဘာကြောင့်လဲဆိုတော့သူမှမဟုတ်တဲ့နောက်တယောက်နဲ့တွေ့ဖို့ဆိုတာလည်း လွယ်တဲ့ကိစ္စ မဟုတ်တဲ့ အတွက် လက်လျှော့နေတာလည်း ဖြစ်နိုင်ပါတယ်။
သူကလည်းဒီအချက်တွေကိုအခွင့်ကောင်းယူပြီးကိုယ့်ကိုအနိုင်ယူနေတာကိုလက်ပိုက်ကြည့်မနေပဲကျွန်မဟာရှင်ထင်သလို မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောသင့်တယ်လို့ထင်ပါတယ်။
၂.ကိုယ်ကြိုက်တဲ့သူကိုစိတ်အေးအေးဆေးဆေးထားပြီးလေ့လာဖို့လိုအပ်ပါတယ်။
အခုခေတ်မှာသွားစရာစားစရာနေရာတွေကတဖြည်းဖြည်းများလာတဲ့အတွက် ကိုယ်နဲ့လိုက်ဖက်မယ့်သူနဲ့ တွေ့ဖို့ အခွင့်အရေးကလည်း များလာမယ်။
ဒီအခွင့်အရေးကိုချက်ချင်းအသုံးချပြီးအဖြေကိုချက်ချင်းပေးပြီးလက်ခံလိုက်တာမျိူးကိုမလုပ်သင့်ပါဘူး သေသေချာချာလ့လာပြီးမှဆုံးဖြတ်သင့်တယ်လို့ ထင်ပါတယ်။
၃. ကိုယ်ကြိုက်တဲ့သူနဲ့ ဖြစ်တဲ့ ပြသာနာကို ရဲရဲရင့်ရင့် ရင်ဆိုင်ပါ။
ကိုယ့်မှာတော့ ဒဏ်ရာဒဏ်ချက်တွေနဲ့ အမြဲတန်း ပြောသမျှကို လက်ခံပြီးဖြစ်နေတဲ့ပြသာနာကိုမဖြေရှင်းပဲလက်ပိုက် ကြည့်နေတဲ့အကျင့်လေးကို ဖျောက်ဖျက်သင့်ပါတယ်။
ပြာသင့်ပြောထိုက်တဲ့ကိစ္စကို သတ္တိရှိရှိနဲ့ ရင်ဆိုင်မှသာလျှင် ရေရည်မှာ အဆင်ပြေမယ်လို့ ထင်ပါတယ်။
၄.ချစ်သူတွေဖြစ်နေကြတဲ့သူငယ်ချင်းတွေရဲ့ကောင်းတဲ့နထိုင်သွားလာပုံကို အတုခိုးပါ။
ချစ်သူတွေဖြစ်နေကြတဲ့ သူငယ်ချင်းအတွဲနဲ့ အတူတူ သွားလာပြီး သူတို့ရဲ့ ပျော်စရာကောင်းတဲ့ အလေ့အကျင့်လေးတွေက်ု လေ့လာထားရန် ကိုယ်တိုင်လည်း တဖြည်းဖြည်း ပျော်ရွှင်လာမှာပါ။
စိတ်ကကြည်လည်ပျော်ရွှင်နေတဲ့အတွက်ကိုယ့်ဟာလည်းလူချစ်လူခင်များတဲ့ သူတယောက်ဖြစ်လာမှာပါ။
၅.ကိုယ်ကြိုက်တဲ့သူကိုအမြဲတမ်းဦးစားမပေးပဲလိုအပ်ရင်ကိုယ်ကလည်း ဦးဆောင်သင့်တယ်ဆိုရင် ဦးဆောင်ပါ။
အမြဲတန်းသူဆန္ဒကိုတွေကိုပဲဦးစားပေးနေရင်ကိုယ်ရဲ့ လိုအပ်ချက်တွေဟာသူ့အတွက်ကတော့ ဘာမှဟုတ်တော့မှာမဟုတ်တော့ပါဘူး။
ဒါမျိူးတွေ မဖြစ်ရအောင် သွားလာတဲ့နေရာမှာပဲ ဖြစ်ဖြစ် ဘယ်နေရာမှာ မဆို စည်းကမ်းလေးတွေကိုတော့ ထားသင့်ပါတယ်။
နှစ်ဦးနှစ်ဖက် နားလည်မှုရှိမှသာလျှင် ဆက်လျှောက်ရမဲ့ ဘဝခရီးလမ်းက ဖြောင့်ဖြူးမှာပါ။
ဒီစာသားလေးကချစ်သူအိမ်ထောင်ဖက်မရှိသေးတဲ့ မိန်းကလေးတွေအတွက် ရည်ရွယ်ပါတယ်။
Happiness Is To You
Chelmo Team