ရှားစောင်းလက်ပတ်ရဲ့ အသုံးဝင်ပုံများ
ရှားစောင်းလက်ပတ်ဟာဆိုရင် အသားအရည်အတွက်သာမက ဆံပင်ကိုပါ သန်စွမ်းကျန်းမာစေတဲ့အပြင်ကျန်းမာရေးအတွက်များစွာသော ကောင်းကျိုးတွေကိုပါ ရရှိစေနိုင်တဲ့ သဘာဝဆေးစွမ်းတစ်လက်ဖြစ်ပါတယ်
မျက်နှာလေးကြည်ပြီး Glowချင်သူတွေအတွက်
ဒိန်ချဉ်အစစ်လေး(၂)ဇွန်း၊ ပျားရည်က ၁ဇွန်း၊ သီးမွှေးငှက်ပျောသီးတစ်ခြမ်း၊ သံပုရာရည် သုံးစက်၊ ခရမ်းချဉ်သီးရည်၊ ရှားစောင်းလက်ပတ်နဲ့ နနွင်းမုန့်နည်းနည်းကို ရောသမမွှေပြီး လိမ်းပေးရုံနဲ့ မျက်နှာအသားအရည်ကို သိသိသာသာ ကောင်းမွန်စေမှာပါ
တင်းတိပ်နဲ့ ဝက်ခြံတွေအတွက်
မျက်နှာမှာ တင်းတိပ်နဲ့ဝက်ခြံများတဲ့သူတွေအနေနဲ့ ရှားစောင်းလက်ပတ်ဂျယ်ကို ညအိပ်ရာဝင်ခါနီးတိုင်း မျက်နှာသစ်ပြီး လိမ်းကာ အိပ်သင့်ပါတယ်။ ဒါဟာအကောင်းဆုံးသော တင်းတိပ်နဲ့ ဝက်ခြံကို ကုသတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းကို တစ်လလောက်လုပ်ရင် တင်းတိပ်၊ ဝက်ခြံတွေပါးပြီး မျက်နှာ ကြည်လင်သန့်ရှင်းလာမှာ ဖြစ်ပါတယ်။
ဆံပင်တွေထူပြီး ကောင်းအောင်
ရှားစောင်းလက်ပတ်အနှစ်ကို သံလွင်ဆီ(၃)ဇွန်း၊ ပျားရည်(၂)ဇွန်းနဲ့ သမအောင်မွှေပြီး ဦးရေပြားကိုပါ နှိပ်နှယ်ပြီး ဆံပင်မှာ (၂)နာရီလောက်ပေါင်းပြီး လျှော်ချပေးရင် ဆံပင်ကျွတ်တာ၊ ဆံပင်ပါးတာတွေကို သက်သာစေပြီး ကျန်းမာသန်စွမ်းတဲ့ ဆံကေသာကို ရရှိပိုင်ဆိုင်စေမှာပါ
နေလောင်ပြီး အသားအရည်တွေညိုတာ ဒူးမဲ ချိုင်းမဲတာတွေအတွက်
ရှားစောင်းလက်ပတ်၊ မုန့်ဖုတ်ဆိုဒါအနည်းငယ်နဲ့ သကြားညိုတို့ကို သမအောင်မွှေပြီး လိမ်းပေးမယ်ဆိုရင် ဆဲလ်သေတွေကို သဘာဝအလျောက်ကွာကျစေပြီး အသားအရည် ကြည်လင်လာစေမှာပါ
ချိုင်းချွေးနံ့ မနံအောင်
ရှားစောင်းလက်ပတ်ကို ချိုင်းပေါ်မှာလိမ်းပြီး ၅မိနစ်လောက်ထားပါ။ ၅မိနစ်လောက်ထားပြီး ရေနဲ့ပြောင်စင်အောင် ရေဆေးကြောပါ။ တလလောက်ပုံမှန်လုပ်ပေးပါက အနံ့အသက်ကင်းစင်လာမှာ ဖြစ်ပါတယ်
#Chelmo#ChelmoTeam#AloeVera