၅မိနစ်အတွင်း တရားဝင်ကွာရှင်းခဲ့တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို
ဇူလိုင်၂၂ရက်နေ့ မနက်၁၀နာရီခန့်က ဆိုးလ်မြို့နယ်တရားရုံးမှာ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကိုတို့ နှစ်ဦးသဘောတူ တရားဝင်ကွာရှင်းရန်အတွက် အစဉ်အလာအတိုင်း တံခါးပိတ်သီးသန့်ကြားနာမှု လုပ်ခဲ့တယ်လို့သိရပါတယ်။
၅မိနစ်အတွင်းမှာပဲ ကြားနာမှုပြီးခဲ့ပြီး တရားဝင်ကွာရှင်းခဲ့ပါတယ်။ ဆောင်းဟေကိုကဆောင်းဂျွန်ကီဆီက ဇနီးမယားစရိတ် လုံးဝမယူခဲ့တဲ့အပြင် နှစ်ဦးပိုင်ပစ္စည်းတွေခွဲဝေယူခြင်းလည်းမရှိခဲ့ပါဘူး။
လွန်ခဲ့တဲ့ ဇွန်၂၆ ရက်နေ့က ဆောင်းဂျွန်ကီဘက် ကွာရှင်းဖို့ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး တစ်လကျော် အတွင်းမှာပဲအခုလို မြန်မြန်ကွာရှင်းဖြစ်ခဲ့တာပါ။ သူတို့နှစ်ယောက်ဟာ အိမ်ထောင်သက် ၁နှစ်နဲ့၈လ လက်တွဲခဲ့ကြပါတယ်။
အဲ့ဒီနောက်မှာတော့ ဆောင်းဂျွန်ကီက သူရဲ့မိသားစုနဲ့ အတူတူပြန်လည်နေထိုင်ခဲ့ပြီး ဆောင်းဟေကို ကတော့ ကိုရီးယားနိုင်ငံက လူချမ်းသာတွေနေထိုင်တဲ့ UN Village က သူမပိုင်တဲ့ အပန်းဖြေအိမ်မှာ ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။
နောက်ထပ်သတင်းတစ်ခုကတော့ ဆောင်းဟေကိုက သူမရဲ့ Instagram မှာတင်ခဲ့တဲ့ ဆောင်းဂျွန်ကီ ဓာတ်ပုံနှစ်ပုံကို ဖျက်ခဲ့ပါတယ်။ တစ်ပုံကတော့ သူတို့နှစ်ယောက် မင်္ဂလာဆောင်မှာ ရိုက်ခဲ့တာဖြစ်ပြီး နောက်တစ်ပုံကတော့ ဆောင်းဂျွန်ကီ fan meeting ပွဲမျာရိုက်ခဲ့တာပါ။
ပရိသတ်တွေကတော့ သူတို့နှစ်ယောက် အရင်လိုတက်တက်ကြွကြွနဲ့ အနုပညာအလုပ်တွေ
ဆက်လက်လုပ်ကိုင်ဖို့ မျှော်လင့်နေကြပါတယ်။