ပထမဆုံးသားဦးလေးကို အောင်မြင်စွာမွေးဖွားခဲ့တဲ့ Park Shin Hye နဲ့ Choi Tae Joon တို့ ဇနီးမောင်နှံ
မတ်မတ် Park Shin Hye ကတော့ မေမေဖြစ်သွားပါပြီနော်။ May 31 Park Shin Hye ရဲ့ Agency က ကြေငြာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ကြေငြာချက်ထဲမှာတော့ ” Hello, Salt Entertainment ဖြစ်ပါတယ်။ ကျွန်တော်တို့ပြောပြပေးချင်တဲ့သတင်းကတော့ မင်းသမီး Park Shin Hye ဟာ သားဦးလေးကို Seoul မှာရှိတဲ့ဆေးရုံတစ်ခုမှာ အောင်မြင်စွာမွေးဖွားခဲ့ပါတယ်။ Park Shin Hye နဲ့ သူမရဲ့သားလေးဟာ ကျန်းမာစွာရှိနေပြီး အခုလက်ရှိမှာတော့ သူမရဲ့ခင်ပွန်းဖြစ်သူ Choi Tae Joon အပြင် ချစ်ခင်ရသူတွေနဲ့အတူရှိနေပြီး အနားယူနေပါတယ်။ ဆုတောင်းစာတွေပေးပို့ပေးခဲ့ကြတဲ့သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပြီး ရှေ့လျှောက်လည်း Park Shin Hye နဲ့ Choi Tae Joon တို့ ဇနီးမောင်နှံကို နွေးထွေးတဲ့ဘဝလေးပိုင်ဆိုင်နိုင်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်” လို့ ကြေငြာချက်တစ်ရပ်ကို ထုတ်ပြန်ထားခဲ့ပါတယ်။ အခုဆိုရင်တော့ အားလုံးရဲ့အချစ်တော်ဖြစ်တဲ့ မင်းသမီး Park Shin Hye ကတော့ ချစ်ရတဲ့ခင်ပွန်းအပြင် သားသားလေးပါ ထပ်မံပိုင်ဆိုင်သွားပြီမလို့ အေးချမ်းသာယာတဲ့မိသားစုဘဝလေးပိုင်ဆိုင်နိုင်ပါစေလို့ မင်မင်က ဆုတောင်းပေးလိုက်ပါတယ်ရှင်။