ဓာတ်ပုံရိုက်ရင် ဘာဝတ်ရမှန်း မသိတဲ့ ပျိုမေတွေ အတွက် နည်းလမ်းကောင်းများ
အခုဆို လသာ တရုတ်တန်းမှာ တရုတ်နှစ်သစ်ကူး အတွက် မီးပုံးလေးတွေလည်း ဆင်ထားတာဆိုတော့ ဓာတ်ပုံရိုက်ဖို့ အတော်ပဲနော်။ ဒါကြောင့် ဘယ်လိုလှလှလေး ရိုက်မလဲဆိုတာ အဆုံးထိ ဆက်ကြည့်ကြရအောင်နော်…
White Shirt
အဖြူရောင်က လူတိုင်းနဲ့လိုက်ဖက်ပြီး ဘာနဲ့တွဲဝတ်ဝတ် အဆင်ပြေပါတယ်။ ညဘက် ဓာတ်ပုံရိုက်တဲ့အခါမျိုးမှာလည်း ထင်းနေစေပါတယ်။ အခုဆို ကိုရီးယား Style လေးတွေက လူငယ်တွေကြားမှာလည်း ပိုပြီးခေတ်စားလာတဲ့ အတွက် Skirt လေးတွေနဲ့ တွဲဝတ်ပြီး ချစ်စရာကောင်းတဲ့ ဓာတ်ပုံလေးတွေရိုက်လို့ရပါတယ်။ မိန်းကလေး အရမ်း မဆန်ချင်တဲ့ ပျိုမေတို့ အတွက် Jean နဲ့တွဲဝတ်လို့ရတဲ့ Style လေးတွေပါ ဖော်ပြပေးလိုက်ပါတယ်။
Oversized Dress
Nightout ထွက်ရင် ဒီလို အင်္ကျီ အပွလေးတွေကို လန်းလန်းလေးဝတ်လို့ ရပါတယ်နော်။ ပုပုလေးနဲ့ ကောင်မလေးတွေလည်း ချစ်စရာကောင်းတဲ့ ပုံစံလေး ရစေဖို့ ဒီလိုမျိုး တွဲဝတ်သင့်ပါတယ်။ ကဲ အင်္ကျီပွပွလေးနဲ့ လန်းနေတဲ့ကောင်မလေးတွေ ပိုပြီး မိမိုက်သွားအောင် Pose ပေးနည်းလေးပါ မှတ်ထားလိုက်ရအောင်နော်…
90s Fashion
အခုနောက်ပိုင်း 1990 ဝန်းကျင် Fashion တွေက လူငယ်တွေကြား ပိုပြီး ခေတ်စားလာတာကို တွေ့ရပါတယ်။ အများအားဖြင့် Bell pants ခေါ် ခေါင်းလောင်းဘောင်းဘီကို ပိုဝတ်လာကြတယ်။ Photo ရိုက်ရင်လည်း ပိုအထာကျပြီး မိမိုက်နေမှာနော်။ ဒါ့အပြင် Bell pants တွေက ရုံးသွား ဝတ်ဖို့လည်း Smartကျစေပါတယ်။
Skirt
စကတ်လေးတွေက ချစ်ဖို့ကောင်းတဲ့ ပုံစံ ဖြစ်စေပြီး အရပ်ရှည်တဲ့ သူတွေဝတ်လည်း လှနေမှာနော်။ ကိုရီးယားဆန်ဆန် ဝတ်ချင်တဲ့ ပျိုမေလေးတွေလည်း စကတ်အတိုလေးတွေဝတ်ရင် ချစ်ဖို့ကောင်း နေမှာပါနော်…
Jeans
ဂျင်းဘောင်းဘီ ဆိုတာ ဘယ်တော့မှမရိုးသွားတဲ့ Style တစ်မျိုးပါနော်။ ဘယ်အချိန်ကြည့်ကြည့် စတိုင်လ်ကျနေပြီး Street Style ဝတ်ရတာကြိုက်တဲ့ ကောင်မလေးတွေအတွက်လည်း ဓာတ်ပုံရိုက်တဲ့အခါ အထာကျပြီး ဆွဲဆောင်မှုရှိစေမှာပါ..
ကဲ အခုဆို ဓာတ်ပုံရိုက်တဲ့အခါ လက်ကို ဘယ်နားထားရမလဲ မသိတဲ့ မတ်မတ်တွေ ကိုယ့်ရဲ့ Poseဘယ်လိုဖြစ်နေမလည်း ဆိုပြီး စိတ်ပူစရာမလိုတော့ဘူးနော်…