Chelmo News Portal

Top Menu

  • About Us
  • Contact Us

Main Menu

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • About Us
  • Contact Us

logo

Chelmo News Portal

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • ၅မိနစ်အတွင်း တရားဝင်ကွာရှင်းခဲ့တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို

Knowledge
Home›Knowledge›Kpop Idol တွေ ဂရုစိုက်ရမဲ့ စံနှုန်းတွေကို လစ်လျူရှုထားနိုင်တဲ့ Jessi

Kpop Idol တွေ ဂရုစိုက်ရမဲ့ စံနှုန်းတွေကို လစ်လျူရှုထားနိုင်တဲ့ Jessi

By Zue Zue
May 11, 2022
2674
0
Share:

“လူတိုင်းက သူတို့ကြိုက်တဲ့သူနဲ့ ဒိတ်နိုင်တာပဲလေ အိုကေ။ မင်းက idol တစ်ယောက်ဖြစ်နေတယ်ဆိုရင်တောင် ကိစ္စမရှိဘူး” ဒါကတော့ Jessi က သူ့စိတ်ထဲမှာရှိတာကို ပွင့်ပွင့်လင်းလင်းပြောခဲ့တဲ့စကားတွေထဲက တစ်ခုပါ။ သူမစိတ်ထဲမှာရှိတာကို ပွင့်ပွင့်လင်းလင်းပြောတတ်ပြီး စံနှုန်းတွေကို ဂရုမစိုက်ပဲ လုပ်ချင်တာတွေကို စိတ်ထဲရှိတဲ့အတိုင်း ‌ပြောတတ်တာကြောင့် စံနှုန်းတွေကို ဂရုစိုက်တတ်ကြတဲ့ ကိုရီးယားနိုင်ငံမှာတော့ ပွင့်လင်းလွန်းတယ်ဆိုပြီး အဝေဖန်ခံရတာတွေလည်း ရှိခဲ့ပါတယ်။ ဘယ်သူတွေ ဘယ်လိုပြောပြော Jessi က‌တော့ သူ့စိတ်ထဲမှာရှိတဲ့အတိုင်း ပြောတတ် နေတတ်တာကြောင့် သူမရဲ့ပုံစံကို bold ဖြစ်တယ်ဆိုပြီး သဘောကျနှစ်သက်ကျတဲ့သူတွေလည်း များပြားနေဆဲပါပဲ။ ဒီနေ့မှာတော့ Jessi က ဘာကိုမှဂရုမစိုက်ပဲ သူမပုံစံအတိုင်း ပွင့်ပွင့်လင်းလင်းပြောခဲ့တာတွေက အချက်တစ်ချို့ကို ပြောပြပေးချင်ပါတယ်။

1. Plastic Surgery လုပ်ထားတာကို ပွင့်ပွင့်လင်းလင်းချပြခြင်း
ကိုရီးယားအနုပညာလောကမှာတော့ Plastic Surgery လုပ်တာဟာ ရေပန်းအစားဆုံးကိစ္စတစ်ခုပါ။ ကိုရီးယားအနုပညာရှင်တော်တော်များများက လုပ်ထားတယ်ဆိုတာကို ချပြလေ့မရှိပေမဲ့ Jessi ကတော့ သူမ Plastic Surgery လုပ်ထားတယ်ဆိုတာကို ပရိတ်သတ်တွေကို ပွင့်ပွင့်လင်းလင်းပဲ ချပြခဲ့ပါတယ်။ သူမပြောခဲ့တာကတော့ “အခုလက်ရှိ ငါ ဘယ်လိုပုံစံမျိုးဆိုတာကို ငါ သဘောကျတယ် ဘာလို့လဲဆိုတော့ ငါလုပ်ချင်တဲ့အရာတွေကို လုပ်ဖို့ကြိုးစားပြီး အခုလက်ရှိ ငါ့ပုံစံကို ငါ သဘောကျတယ်၊ ငါက အရာရာတိုင်း မပြီးပြည့်စုံနိုင်ဘူးဆိုတာကိုလည်း ငါ သိနေတာပဲလေ” ဆိုတာမျိုးနဲ့ သူမရဲ့ Plastic Surgery လုပ်ရတဲ့ အကြောင်းရင်းကို ပွင့်ပွင့်လင်းလင်းပဲ ချပြသွားခဲ့ပါတယ်။

2. သူမရဲ့ cup size ကို တစ်ကမ္ဘာလုံးသိအောင် ချပြရဲတဲ့သူ
Mnet ရဲ့ အစီစဉ်တစ်ခုဖြစ်တဲ့ TMI show မှာ ရဲရဲဝင့်ဝင့်နဲ့ “ငါ တကယ်ကို ဒီဟာကို ပြောချင်နေခဲ့တာ ငါ့ size က large B-cup ဆိုတာကိုလေ” ဆိုပြီး ပွင့်ပွင့်လင်းလင်းပြောရုံသာမက Mijoo ကိုပါ သူမရဲ့ Cup Size ကို ပြသခဲ့ပါတယ်။
Jessi – နင်ထင်သလောက် မကြီးဘူးမလား ဟုတ်တယ်မလား။ ဒါက G-cup မဟုတ်ဘူးလေ
Mijoo – အဲ့တာက small C-cup လည်း ဖြစ်နိုင်တာပဲ
Jessi – ဟုတ်တယ် ဖြစ်နိုင်ပေမဲ့ လူတွေက ဒီဟာကို ဖရဲသီးလောက်ကြီးတယ်လို့ထင်တာ ဒါပေမဲ့ အဲ့တာက အဲ့လောက်ကြီးတာတော့ မဟုတ်ဘူးလေ
Mijoo – သူတို့တွေက သခွားမွှေးသီးလောက်ဖြစ်မလာ မဟုတ်ဘူး သစ်တော်သီးအကြီးလောက်တော့ ဖြစ်နိုင်မယ်ထင်တယ်
Jessi – ဒါမှမဟုတ် ပန်းသီးအကြီးလောက်ဖြစ်မလားပဲ

3. သူမရဲ့ ဆွဲဆောင်မှုရှိတဲ့သဘောတရားအတွက် မတောင်းပန်တတ်ခြင်း
သူမရဲ့ “Down” MV အတွက် Jessi က ဘီကနီဝတ်ဆင်ခဲ့ပြီး ကကွက်တွေအတွက်ပါ ကြည့်ရှုသူတွေဆီကနေ ဝေဖန်မှုအမျိုးမျိုးတွေရခဲ့ပေမဲ့ သူမကတော့ အဲ့တာတွေအတွက် တုန်လှုပ်မှု မရှိခဲ့ပါဘူး။ သူမက “ဒါမျိုးကို ကိုရီးယားမှာ အားမပေးဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ ဝေဖန်မှုတွေကိုလက်ခံဖို့လည်း အဆင်သင့်ပါပဲ။ မိန်းကလေးတစ်ယောက်အတွက် သူမရဲ့ခန္ဓာကိုယ်ကို ယုံကြည်မှုရှိဖို့လိုအပ်တယ်လို့ ငါက ယူဆတယ်။ တကယ်လို့ မင်းက ယုံကြည်မှုရှိတယ်ဆိုရင် ပွင့်ပွင့်လင်းလင်းပဲ ချပြလိုက်ပါ။ ငါကတော့ မိန်းကလေးတိုင်းက သူတို့လုပ်ချင်တာတွေ လုပ်နိုင်စေချင်တယ်။” ဆိုပြီး ပြောသွားခဲ့ပါတယ်။

4. သူမရဲ့သူဌေးကို ကိုယ့်ကိစ္စကိုပဲ အာရုံစိုက်ပါလို့ ပြောရဲခြင်း
STUDIO WAFFLE ရဲ့ video တစ်ခုထဲမှာ အစီစဥ်တင်ဆက်သူက သူမရဲ့အေဂျင်စီပိုင်ရှင်ဖြစ်တဲ့ PSY က သူမရဲ့ ဝတ်ပုံစားပုံကို သဘောမကျဘူးဆိုတာကို ထောက်ပြခဲ့ပြီး Jessi ကတော့ ” ငါ အဲ့တာကို တကယ်ဂရုမစိုက်ဘူး” ဆိုပြီး တုံ့ပြန်သွားခဲ့တာပါ။

5. no pants” airport fashion
သူမလေဆိပ်ဆင်းတုန်းက ဘောင်းဘီဝတ်ထားလား မဝတ်ထားလားဆိုတာနဲ့ပတ်သတ်ပြီးလည်း အကြီးကျယ်ဝေဖန်ခံခဲ့ရဖူးပါတယ်။ အဲ့တုန်းက Jessi ဟာ legging shorts ကို ဝတ်ဆင်ထားတာဖြစ်ပြီး ပရိတ်သတ်တွေကို လက်ပြနှုတ်ဆက်ဖို့ လက်မြှောက်လိုက်တဲ့အခါ တီရှပ်က အပေါ်တက်သွားပြီး အတွင်းခံပုံစံမျိုးဖြစ်နေတဲ့ legging shorts ကို လှစ်ဟပြသလိုဖြစ်သွားတဲ့အတွက် ဝေဖန်မှုတွေ အများကြီးရရှိခဲ့ပါတယ်။ Jessi က အဲ့တာကို “သိလား ငါ ဘောင်းဘီဝတ်ထားတယ် အိုကေ၊ သူတို့ကို legging shorts လို့ခေါ်တယ်” ဆိုပြီး တောင်းပန်တာမျိုးမဟုတ်ပဲ ရှင်းပြထားတဲ့ video နဲ့ သူမ ဘောင်းဘီဝတ်ထားခဲ့တယ်ဆိုတာကို‌ ပြောသွားခဲ့ပါတယ်။

6. သူမရဲ့ dating history ကို ပွင့်ပွင့်လင်းလင်းချပြနိုင်သူ
tvN ရဲ့ ရသစုံအစီစဥ်တစ်ခုမှာ မေးခွန်းတစ်ခုအတွက် Yoo Jae Suk က Jeon So Min ကို ရွေးခဲ့ပြီး Jeon So Min နဲ့ Oh Na Ra က Jessi ကို ရွေးချယ်ခဲ့ပါတယ်။ အဲ့မေးခွန်းနဲ့ပတ်သက်ပြီး Jessi က နေပါဦး အရင်က ငါဒိတ်ခဲ့ဖူးတဲ့ရည်းစားက ငါးယောက်လား ငါ နားလည်မှုလွဲတာတွေတော့ မဖြစ်စေချင်ဘူး” ဆိုပြီး သူမရဲ့ ရည်းစားဟောင်းအရေတွက်ကို ပွင့်ပွင့်လင်းလင်းချပြသွားခဲ့တာလည်း ဖြစ်ပါတယ်။

7. HyunA and DAWN တို့ကို ကာကွယ်ပေးခဲ့ခြင်း
Idol တွေအတွက်ကတော့ ရည်းစားထားတယ်ဆိုတာ သူတို့ရဲ့အလုပ်ကို တစ်စိတ်တစ်ပိုင်းတော့ ထိခိုက်စေတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ HyunA and DAWN ကတော့ ဒီအကျိုးဆက်တွေကို ရဲရဲကြီးခံယူပြီး သူတို့ရဲ့ပတ်သက်မှုကို ပရိတ်သတ်တွေဆီ ချပြခဲ့တာလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ပတ်သက်မှုကို ချပြပြီးတဲ့အခါမှာ Jessi က သူတို့ကိုကာကွယ်ပြီးပြောပေးခဲ့တဲ့ ပထမဆုံးသူတစ်ယောက်လည်း ဖြစ်ပါတယ်။ Jessi က “လူတိုင်းက သူတို့စိတ်ကြိုက်သူနဲ့ တွဲနိုင်တာပဲလေ အိုကေ။ ငါတို့တွေက က‌လေးလေးတွေလည်း မဟုတ်တော့ဘူး။ မင်းတို့က idol ဖြစ်နေရင်တောင် ကိစ္စမရှိဘူး။ သူတို့မှာ သူတို့ရဲ့ပုံရိပ်ဆိုတာမျိုးရှိပေမဲ့ သူမလည်း သူမကြိုက်တဲ့သူနဲ့ တွဲနိုင်တာပဲလေ။ ငါပြောချင်တာကတော့ သူမ ဘယ်သူနဲ့ပဲ တွဲနေတယ်လို့ပြောပြော သူမကို သူနဲ့ အေးဆေးပေးတွဲလိုက်ကြစမ်းပါ။” ဆိုပြီး ကာကွယ်ပြီးပြောသွားပေးတာလည်း ဖြစ်ပါတယ်။

ဒါတွေကတော့ အမြဲတမ်း ပွင့်ပွင့်လင်းလင်းနဲ့ ပျော်ပျော်နေတတ်ပြီး စိတ်ထဲရှိတဲ့အတိုင်း ဟန်ဆောင်တာမျိုးတွေမဟုတ်ပဲ အရှိကိုအရှိအတိုင်းပြောချ လုပ်ချတတ်တဲ့ Jessi ရဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ လုပ်ချင်ရာလုပ်ချတတ်တဲ့အကြောင်းရာတွေထဲက တစ်ချို့ပါ။ မင်မင်ကတော့ စိတ်ထဲရှိတာတွေ လုပ်တတ် ပြောတတ်ဖို့ Jessi ဆီက အများကြီးသင်ယူခဲ့ရလို့ Fan အနေနဲ့မဟုတ်ပဲ ကိုယ့်အစ်မတစ်ယောက်လိုမျိုး ခံစားရတယ်။ ပရိတ်သတ်ကြီးတို့ရော Jessi ကို သဘောကျရတဲ့အကြောင်းရင်းလေးတွေရှိရင် cmt မှာ ဝေမျှသွားခဲ့ပါဦးနော်။

Tags#Chelmo #ChelmoTeam#Jessi
Previous Article

TXT’s New “Good Boy Gone Bad” MV ...

Next Article

BTS Suga ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ That That ...

Share:

Related articles More from author

  • Exclusive

    Debut Date ထွက်လာပြီဖြစ်တဲ့ Boy Planet အဖွဲ့ဝင်တွေ ပါဝင်တဲ့ အဖွဲ့အသစ် One Pact

    November 1, 2023
    By Kyaw Hein
  • Exclusive

    New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

    January 5, 2024
    By Kyaw Hein
  • Exclusive

    ပွဲဦးထွက်အဖွဲ့အမည်ကိုပါ ကြေညာခဲ့တဲ့ ‘Boys Planet’ ပြိုင်ပွဲဝင်ဟောင်း 7 ဦးဖြင့် ဖွဲ့စည်းထားသော byproduct group

    August 3, 2023
    By Kyaw Hein
  • Exclusive

    “Baby Monster” ရဲ့ Debut Postpone လုပ်ခဲ့ရတဲ့ အကြောင်းကို ဖြေရှင်းလာခဲ့တဲ့ YG

    October 11, 2023
    By Kyaw Hein
  • Exclusive

    စက်တင်ဘာ ၁၄ ရက်နေ့တွင် မဂ်လာပွဲကျင်းပခဲ့ကြတဲ့ Mark Prin နဲ့ Kimmy Kimberley

    September 15, 2023
    By Kyaw Hein
  • ExclusiveGamesHot

    ကိုရီးယားနာမည်ကြီး Action မင်းသားကြီး Ma Dong Suk အသံသရုပ်ဆောင်အဖြစ်ပါဝင်မည့် webtoon series ‘Hive’

    August 12, 2022
    By Zue Zue

YOU MIGHT BE INTERESTED

  • Hot

    BTS အဖွဲ့ဝင် Jungkookပိုင်ဆိုင်ခဲ့တဲ့ Mercedes-Benz G-Class SUV (G-Wagon) ကားကို Online လေလံတင်ပြီးနောက် အမြင့်မားဆုံးသောစျေးနှုန်းဖြင့်ခေါ်ယူရောင်းချနိုင်ခဲ့

  • ExclusiveHot

    ပရိတ်သတ်တွေ မျှော်နေကြတဲ့ Park Seo Joon နဲ့ IU တို့ရဲ့ Drama ဇာတ်လမ်းတွဲအသစ် ” Dream” ရဲ့ Teaser ထွက်ပါပြီ

  • Hot

    အမိုက်စား ရိုက်ချက်တွေနဲ့ 1st Mini Album Teaser  ကိုချပြလိုက်တဲ့ GOT7’s Youngjae

Exclusive

Exclusive

Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

  • Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

    By Kyaw Hein
    February 2, 2024
  • TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

    By Kyaw Hein
    January 15, 2024
  • New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

    By Kyaw Hein
    January 5, 2024
  • 2024 မှာ ကြည့်ရမယ့် Park Shin Hye နဲ့ Park Hyun Sik တို့ရဲ့ ရုပ်ရှင်ကားအသစ် “Doctor Slump”

    By Kyaw Hein
    December 29, 2023

Love

HotLove

သွေးကစကားပြောတဲ့ မိန်းကလေးတွေရဲ့ အချစ်အသက်က ….

  • သူငယ်ချင်းကို ချစ်သူတော်ထားရင် ဘယ်လိုတွေရှိတတ်လဲ?

    By Kyaw Hein
    July 7, 2020
  • Crushဆီက Attention ရအောင်ဘယ်လိုလုပ်မလဲ?

    By Kyaw Hein
    April 28, 2020
  • အိမ်မက်ထဲမှာ Crush လေးနဲ့တွေ့နေရပြီဆိုရင် ဘယ်လိုအဓိပ္ပာယ်ကောက်မလဲ

    By Kyaw Hein
    April 14, 2020
  • ဒီလို ချစ်သူမျိုး ရှိနေပြီဆို ဂရုစိုက်ဖို့ မမေ့ပါနဲ့

    By Kyaw Hein
    March 11, 2020
logo

Chelmo ကုမ္ပဏီ၏ စီးပွားရေး ကဏ္ဍတစ်ခု အနေဖြင့် Chelmo သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။

Chelmo မှ စာဖတ်သူပရိသတ်များအတွက် တန်ဖိုးလည်းရှိပြီး အကျိုးရှိစေမည့် သတင်းမှစ၍ အထောက်အကူပြု ဆောင်းပါးများ၊ ပျော်စရာသတင်းလေးများကို နေ့စဉ်မပြတ် တင်ပြလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်
  • Recent

  • Popular

  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

    By Kyaw Hein
    February 2, 2024
  • TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

    By Kyaw Hein
    January 15, 2024
  • New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

    By Kyaw Hein
    January 5, 2024
  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • ချစ်သူနဲ့ အမြဲစကားများရန်ဖြစ်နေပေမဲ့ အချစ်မပြယ်စေဖို့

    By Kyaw Hein
    October 21, 2019
  • အိပ်နေတဲ့အချိန် ဟောက်တာကို သက်သာစေမယ့်နည်းလမ်းများ

    By Kyaw Hein
    October 21, 2019
  • Celebrity တွေရဲ့အမိုက်စား ဝိတ်ချနည်းများ

    By Kyaw Hein
    October 21, 2019

Follow us

Reach us

  • No.23, Room No. 1_08, Sky suites, Yanshin Rd, Yankin Tsp, Yangon.
  • +95-9-9543 55430
  • [email protected]
Copyright © 2019-2022 Chelmo.tips. All rights reserved.