“Alchemy Of Souls” အပိုင်း 2 မှာ အသည်းကွဲနေတဲ့ Monster အနေနဲ့ ပြန်လည်ပါဝင်လာတော့မဲ့ Lee Jae Wook
Lee Jae Wook ဟာ လာမဲ့ “Alchemy of Souls” ဇာတ်လမ်းတွဲအတွက် ပရိသတ်တွေရှေ့ကိုဆွဲဆောင်မှုအပြည့်နဲ့ ပြန်လည်ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်၊Hong Sisters လို့ လူသိများတဲ့ နာမည်ကြီး ဇာတ်ညွှန်းရေးဆရာ နှစ်ယောက်က ရေးသားထားတဲ့ “Alchemy of Souls” ဟာ သမိုင်း မြေပုံပေါ်တွင် မရှိတဲ့ နိုင်ငံဖြစ်တဲ့Daeho အတွင်း စိတ်ကူးယဉ် အချစ်ဒရာမာဇာတ်လမ်းတစ်ပုဒ်အနေနဲ့ဖြစ်လာတဲ့ ဒရာမာဇာတ်ကားပဲဖြစ်ပါတယ်အပိုင်း 1 ကို ယခုနွေရာသီတွင် ထုတ်လွှင့်ပြီးနောက်အပိုင်း 1 ထုတ်လွှင့်အပြီး သုံးနှစ်အကြာ “Alchemy of Souls” အပိုင်း 2 ကို လာမည့်လတွင် ထုတ်လွှင့်ဖို့အတွက် စီစဉ်ထားပါတယ်။အပိုင်း 1 မှာ Mu Deok အဖြစ် သရုပ်ဆောင်ထားတဲ့ Jung So Min အစား အပိုင်း 2 မှာ Mu Deok ရဲ့ ခန္ဓာကိုယ်ကို ယခင်က နေထိုင်ခဲ့တဲ့ Nak Soo အဖြစ် Go Yoon Jung ကသရုပ်ဆောင်မှာပဲဖြစ်ပါတယ်။ မင်းသားLee Jae Wook ဟာ အပိုင်း 1ရဲ့အဆုံးမှာ သေခြင်းတရားသို့ တွန်းပို့ခံရပြီးနောက် အသက်ရှင်ကျန်ရစ်တဲ့ Jang Wook အဖြစ် ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက်သုံးနှစ်အကြာမှာတော့ Jang Wook ဟာ ” Monster တွေကို အမဲလိုက်တဲ့ monster ” ဖြစ်လာခဲ့ပါတယ်၊ “Alchemy Of Souls”
Part 2 ကိုတော့ လာမည့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ထုတ်လွှင့်ပြသသွားမယ်လို့ သိရှိရပါတယ်ရှင်
teaser –