2023 Golden Globe Awards အတွက် Nominated ဝင်ခဲ့တဲ့ ” Decision To Leave”
“ Decision To Leave” ဒရာမာဇာတ်လမ်းတွဲဟာဆိုရင် နှစ် ၈၀ ပြည့် နှစ်ပတ်လည် Golden Globe Awards အတွက် Nominated ဝင်ခဲ့ကြောင်းဒီဇင်ဘာ ၁၂ ရက် ဟောလိဝုဒ် နိုင်ငံခြားစာနယ်ဇင်းအဖွဲ့ကနေ ဆန်ခါတင်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။Golden Globe Awards ဟာဆိုရင် film နဲ့ television နှစ်ခုစလုံးမှာ အောင်မြင်ထူးချွန်တဲ့ ဒရာမာဇာတ်လမ်းတွဲတွေကို အကယ်ဒမီဆုပေးအပ်တဲ့ ဆုပေးပွဲတွေအကြခားဒုတိယအကျော်ကြားဆုံး ရုပ်ရှင်ဆုပေးခြင်းအဖြစ် အမေရိကန်က သတ်မှတ်ထားတဲ့ ဆုပေးပွဲပဲဖြစ်ပါတယ်။ Park Chan Wook ဆုရဇာတ်ကား “Decision to Leave” ဇာတ်ကားကိုတော့ Best picture (Non-English Language) ဆု , Best Motion (Foreign Language)အတွက်ဆုအတွက်စာရင်းဝင်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ 2020 ခုနှစ်မှာတော့ “Parasite” ဒရာမာဇာတ်လမ်းတွဲဟာ Golden Globe မှာဆုရရှိခဲ့တဲ့ ပထမဆုံးကိုရီးယားဇာတ်လမ်းတွဲဖြစ်ခဲ့ပြီး နောက်ထပ်တစ်နှစ်မှာတော့“Minari” က ဆုရရှိခဲ့ပါတယ်။ “Decision To Leave” နဲ့အတူအပြိုင် noimnee ထဲ ဝင်နေကြတဲ့ဇာတ်ကားတွေကတော့ “All Quiet on the Western Front” (Germany) ၊ “Argentina, 1985” (Argentina)၊Close” (Belgium/France/Netherlands) နဲ့ “RRR” (India) တို့ပဲဖြစ်ပါတယ်။ယခုနှစ်အစောပိုင်းမှာ ကတည်းကCannes ရုပ်ရှင်ပွဲတော်မှာ ဒါရိုက်တာ Park Chan Wook ဟာ “Decision to Leave,”နဲ့ အကောင်းဆုံးဒါရိုက်တာဆုရရှိခဲ့ပြီးဒီနှစ်ထဲမှာပဲ Blue Dragon Film ဆုပေးပွဲမှာ အကောင်းဆုံးရုပ်ပုံဆုအပါအဝင် ဆုခြောက်ဆုကိုလည်း ရရှိခဲ့သေးတယ်နော် ။ နိုင်ငံတကာက ပရိတ်သတ်တွေအထိပါ နာမည်ကြီးခဲ့ရတဲ့ဇာတ်လမ်းတွဲလေးမို့ ဆုတွေအများကြီးသိမ်းပိုက်ရတာနဲ့အရမ်းကို ထိုက်တန်ပါတယ်နော်