BTS အဖွဲ့ဝင် Jungkookပိုင်ဆိုင်ခဲ့တဲ့ Mercedes-Benz G-Class SUV (G-Wagon) ကားကို Online လေလံတင်ပြီးနောက် အမြင့်မားဆုံးသောစျေးနှုန်းဖြင့်ခေါ်ယူရောင်းချနိုင်ခဲ့
Mercedes-Benz G-Wagon AMG G63 Edition ရဲ့ အွန်လိုင်းလေလံတင်ရောင်းချပွဲကို Seoul Auction’s ‘Black Lot,’က host လုပ်ကျင်းပခဲ့ပြီး ဒီဇင်ဘာ၁၃ ရက်နေ့မှာလေလံပွဲကို အဆုံးသတ်ခဲ့ပါတယ်။ ဒီကားဟာ ကမ္ဘာကျော် နာမည်ကြီး celebrityရဲ့ ကားတစ်စီးဖြစ်ပြီး ကျော်ကြားသူရဲ့ အထောက်အထားကို ထုတ်ဖော်ပြောကြားခြင်းတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီကားကို BTS အဖွဲ့ဝင် Jungkook က ပိုင်ဆိုင်ကြောင်း ထုတ်ဖော်ခဲ့ပြီးနောက်မှာတော့ လေလံပွဲက အာရုံစိုက်မှုများစွာရရှိခဲ့ပါတယ်လို့ Black Lot ကရှင်းပြခဲ့ပါတယ်။ပြီးခဲ့သောလကတည်းက စတင်ခဲ့တဲ့ လေလံပွဲဟာဆိုရင် လေလံသမိုင်းမှာ အမည်မသိနိုင်ငံခြားသား လေလံဆွဲသူအများအပြားရဲ့လေလံဆွဲမှုအောင်မြင်ခဲ့တာကြောင့် လေလံပွဲမပိတ်မီ နှစ်နာရီအတွင်းမှာ ရုတ်တရက် ရပ်နားခဲ့ရပါတယ်။ဆိုင်းငံ့ထားချိန်မှာ အမြင့်ဆုံးလေလံ KRW 420 million (325,720 USD) ရရှိခဲ့ပြီးhoster ဖြစ်တဲ့ Black Lot ဟာဆိုရင် ဒီလေလံပွဲမှာ အရွယ်မရောက်သေးသူတွေနဲ့ နိုင်ငံခြားသားတွေ လေလံဆွဲခြင်းမပြုဖို့ရန် တားမြစ်ခဲ့ရပြီးလူတစ်ဦးဟာ လေလံဝက်ဘ်ဆိုဒ်ကို KRW 5 သန်း (3,882 USD) deposit ပေးသွင်းပြီးမှသာ လေလံကို ပြန်လည်စတင်ခွင့်ပြုခဲ့ပါတယ်။စတင်လေလံဈေးဟာဆိုရင် KRW 150 million (116,320 USD) ဖြစ်ပြီး နောက်ဆုံးမှာတော့ KRW 1.2 billion (930,559 USD) ဖြင့် ရောင်းချနိုင်ခဲ့ပါတယ်။
Jungkook ဟာ Mercedes-Benz G-Wagon ကို 2019 ခုနှစ်မှာ ဝယ်ယူခဲ့ပြီး collector ထံ မလွှဲပြောင်းမီ နှစ်နှစ်ကျော် ပိုင်ဆိုင်ခဲ့ကြောင်းလည်းသိရှိရပါတယ်Mercedes-Benz G-Wagon AMG G63 Edition အသစ်၏လက်ရှိစျေးနှုန်းအရဆိုရင် KRW 230 million (178,357 USD) ခန့်ဖြစ်ပြီး လက်ရှိ စျေးနှုန်းထက်ကိုလေလံပမာဏအများကြီးနဲ့ ရောင်းချသွားနိုင်ခဲ့ရတာပါနော်