တစ်ရက်အတွင်း Album အသစ်နဲ့ နိုင်ငံပေါင်း နှစ်ဆယ့်တစ်နိုင်ငံရဲ့ iTunes ဇယားကို လွှမ်းမိုးလိုက်တဲ့ Super Junior
Super Junior ရဲ့ 11 ခုမြောက် စတူဒီယို album ဖြစ်တဲ့ Vol.2 “The Road : Celebration” ဆိုတဲ့ အမိုက်စား သီချင်းခေါင်းစဉ်နဲ့music video album ကို ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ထုတ်လွှင့်ခဲ့ပြီး တစ်ရက်တည်းနဲ့တင် iTunes chart မှာ အကြီးမားဆုံး အောင်မြင်မှုကို ရရှိခဲ့ပါတယ်။ “The Road : Celebration” Album ဟာဆိုရင် ဘရာဇီး၊ အိန္ဒိယ၊ မလေးရှား၊ ဆော်ဒီအာရေဗီးယား၊ စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်း၊ ဟောင်ကောင်၊အင်ဒိုနီးရှား၊ မက္ကဆီကို၊ ပါရာဂွေး၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကာတာ၊ ဂျပန်အပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှာရှိတဲ့ iTunes ရဲ့Album ဇယား နံပါတ် ၁ နေရာကို အရယူထားခဲ့ပါတယ်။ဒါ့အပြင် နိုင်ငံပေါင်း၂၉ နိုင်ငံရဲ့ iTunes Top Albums ထဲမှာ နံပါတ် ၅ နေရာ ၊ နိုင်ငံပေါင်း ၃၁ နိုင်ငံရဲ့ နံပါတ် ၁၀နေရာ ရရှိပြီး နိုင်ငံပေါင်း ၁၁ နိုင်ငံအတွင်း Apple Music Chart ရဲ့ Top Chart ကို ရောက်ရှိခဲ့ပါတယ်။Album ခေါင်းစဉ်သီချင်းဖြစ်တဲ့ “Celebrate” ဟာဆိုရင် ပါရာဂွေး၊ ပီရူးနဲ့ ဆော်ဒီအာရေးဗီးယား နိုင်ငံတို့ရဲ့ ထိပ်တန်းသီချင်းဇယားမှာ နံပါတ် ၁ နေရာကိုရရှိနေပြီး Album မှာပါဝင်တဲ့ “If only you” နဲ့ B-side သီချင်း “White Love” တို့ဟာဆိုရင် ထိပ်တန်းသီချင်းဇယားထဲကိုလည်း ဝင်ခဲ့ပါသေးတယ်နော်။ အရမ်းတော်တဲ့ ကိုယ့် Oppaတွေ အတွက် ဂုဏ်ယူမိပါတယ်ရှင် ….။