Comeback အတွက်ပြင်ဆင်နေပြီဆိုတဲ့ LOONA
BlockBerryCreative ဟာ LOONA ရဲ့ Comaback ပြင်ဆင်နေပြီဆိုတဲ့အကြောင်းကိုမနေ့က ဒီဇင်ဘာ ၇ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်…
BlockBerryCreative က Chuu ကို အဖွဲ့မှ ဖယ်ရှားလိုက်ကြောင်း ကြေညာပြီးနောက်မှာတော့ပထမဆုံး အဖွဲ့ဝင် 11 ဦး ပါဝင်တဲ့ LOONA အဖွဲ့ ဟာ ဇန်နဝါရီ 3 ရက်နေ့မှာ comeback ပြုလုပ်သွားမှာပဲဖြစ်ပါတယ်
BlockBerryCreative ရဲ့ ကိုယ်စားလှယ်တစ်ဦးက “LOONA ဟာ Comeback အတွက်ပြင်ဆင်နေပေမဲ့ အချိန်ကိုတော့ မသတ်မှတ်ရသေးပါဘူး။” “အချိန်ကို အတည်ပြုပြီးသွားရင်လည်း ထုတ်ပြန်ပါမည်။”လို့ပြောကြားခဲ့ပါတယ်။
BlockBerryCreative ကနေ Chuu’s ကို LOONA အဖွဲ့ထဲကနေဖယ်ရှားပစ်ဖို့အတွက် ကြေငြာခဲ့ပြီးနောက်မှာတော့ Chuu ဟာသူမရဲ့Instagram အကောင့်ကနေ ” သေချာတာတစ်ခုကတော့ ပရိတ်သတ်တွေကြားထဲ အရှက်ရမျက်နှာပျက်စေလောက်တောမျိုး ငါ ဘာမှမလုပ်ခဲ့ဘူးလို့ “ပထမဉီးဆုံးထုတ်ဖော်ပြောဆိုခဲ့ပါတယ်၊ Chuu ထုတ်ခံရပြီး နောက်မှာပဲ အဖွဲ့ဝင်ကိုးဦးဖြစ်တဲ့ (HeeJin၊ HaSeul၊ YeoJin၊ Kim Lip၊ JinSoul၊ Choerry၊ Yves၊ Go Won နှင့် Olivia Hye) တို့ဟာ BlockBerryCreative ကိုအေဂျင်စီနဲ့ သူမတို့ကြားကချုပ်ဆိုထားတဲ့ သီးသန့်စာချုပ် ကိုတရားဝင်ဆိုင်းငံ့ထားဖို့ တားမြစ်တောင်းဆိုခဲ့သော်လည်း အေဂျင်ဆီက ငြင်းဆိုခဲ့တာပဲဖြစ်ပါတယ်။