ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ပစ္စည်းသစ်ထုတ်ဝေတော့မဲ့ Big Bang အဖွဲ့ဝင် Top
June 13 ရက်နေ့က Top က သူရဲ့ IG မှာ သူရဲ့ brand logo ပါဝင်တဲ့ Wine ပုလင်းပုံကို တင်ခဲ့ပါတယ်။ ပုံရဲ့ caption ကိုတော့ ‘T’SPOT ပါ၊ ကျနော့်ရဲ့ဝါသနာဖြစ်တဲ့ဝိုင်အကြောင်းကို လူအများကြီးနဲ့မျှဝေခွင့်ရဖို့ မျှော်လင့်ပါတယ်’ လို့ ရေးသားထားခဲ့ပြီး သူရဲ့ brand နာမည်နဲ့ထွက်ရှိလာမဲ့ wine ပုလင်းတံဆိပ်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။
#winter2022 ဆိုတဲ့ hashtag ကြောင့် ထွက်ရှိလာမဲ့အချိန်ဟာ ဆောင်းတွင်းဘက်ဖြစ်လောက်မယ်လို့လည်း ခန့်မှန်းရပါတယ်။
T.O.P ဟာ ဒီနှစ် ဖေဖော်ဝါရီလမှာ ပွဲဦးထွက် entertainment ဖြစ်တဲ့ YG Entertainment နဲ့ စာချုပ်ထပ်မချုပ်ပဲ လမ်းခွဲခဲ့တာလည်း ဖြစ်ပါတယ်။ TOP ဟာ တစ်ကိုယ်တော်အနုပညာရှင်အဖြစ် ပွဲဦးထွက်လာနိုင်တယ်လို့လည်း ခန့်မှန်းနေကြပြီး လုပ်ခဲ့တဲ့သီချင်းတွေနဲ့အတူ တစ်ကိုယ်တော်အဖြစ် ပွဲဦးထွက်လာလိမ့်မယ်လို့လည်း ခန့်မှန်းနေကြတာပါ။