ကြည့်ရှုသူနှုန်းအပြိုင်ဆိုင်နဲ့ ဇာတ်ရှိန်တက်လာပြီဖြစ်တဲ့ A Business Proposal And Military Prosecutor Doberman Series
A Business Proposal ကတော့ တနလ်ာနေ့မှာထုတ်လွှင့်တဲ့ဒရာမာတွေကြားမှာ ကြည့်ရှုသူနှုန်းအမြင့်ဆုံးနဲ့ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ မတ်လ ၁၄ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့အပိုင်းသစ်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်ရှုသူ 8.1% ရှိခဲ့ပြီး အရင်အပိုင်းတွေက 8.7% ရှိခဲ့တာကြောင့် အနည်းငယ်ကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။ TVN’s Drama တစ်ခုဖြစ်တဲ့ Military Prosecutor Doberman ကတော့ ကြည့်ရှုသူနှုန်း 79% ရှိခဲ့တာကြောင့် rating တက်လာတယ်လို့ ပြောရမှာပါ။ ဇာတ်လမ်း ၂ ခုလုံးက ဇာတ်လမ်း ဇာတ်ကွက်ကောင်းမွန်ပြီး မင်းသား မင်းသမီးတွေကလည်း ကျရာဇာတ်ရုပ်မှာ အကောင်းဆုံးသရုပ်ဆောင်ထားကြတာကြောင့် လက်မလွှတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားတွေလည်းဖြစ်ပါတယ်နော်။ မနက်ဖြန်ပိတ်ရက်မှာ ဘာကြည့်ရမလဲ စဉ်းစားနေရင်တော့ ဒီဇာတ်လမ်းလေးတွေကြည့်ဖို့ မင်မင်က recommend လုပ်ပါတယ်နော်။