Hiatus လို့ ကြေငြာခဲ့တဲ့ BTS အဖွဲ့
ပျိုတိုင်းကြိုက်ဖြစ်တဲ့ BTS အဖွဲ့ကတော့ June 14 ရက်နေ့မှာ အဖွဲ့ရဲ့ Debut လုပ်ခဲ့တဲ့ရက်မှာ ကျင်းပမြဲဖြစ်တဲ့ 2022 BTS Festa မှာ ဒီသတင်းကို ပြောပြပေးသွားတာ ဖြစ်ပါတယ်။ ပရိတ်သတ်တွေကတော့ ကြားကြားချင်းမှာ အံ့ဩခဲ့ကြပေမဲ့ ကိုယ်ပိုင် activity တွေနဲ့မြင်တွေ့ရဦးမဲ့အဖွဲ့ဝင်တွေကိုမြင်ရဖို့ကိုလည်း စိတ်လှုပ်ရှားခဲ့ကြပါတယ်။
အရင်တစ်ပတ်က ပရိတ်သတ်တွေအတွက် “Yet to Come (The Most Beautiful Moment).” နဲ့ comeback အပြီးမှာ Hiatus ယူမယ်ဆိုတဲ့သတင်းကို ပရိတ်သတ်တွေဆီ ကိုယ်တိုင်ပြောပြခဲ့ကြတာပါ။ အဖွဲ့အနေနဲ့ထက် ကိုယ်ပိုင်လှုပ်ရှားမှုတွေနဲ့ အရည်သွေးတွေချပြချင်ကြပုံရတဲ့ကောင်လေးတွေကတော့ သူတို့ကိုယ်ပိုင် solo တွေနဲ့ ပရိတ်သတ်ကို ချပြချင်ကြတဲ့ဆန္ဒရှိကြပုံရပါတယ်။ Disband ဖြစ်သွားမလားလို့ စိုးရိမ်နေတဲ့ပရိတ်သတ်တွေကိုလည်း ‘Group Activity တွေနည်းသွားပြီး ကိုယ်ပိုင် solo activity တွေနဲ့ ပိုမိုမြင်တွေ့ကြရမှာပါ’ လို့ ပြောထားတာကြောင့် ပရိတ်သတ်တွေစိုးရိမ်နေသလို အဖွဲ့လှုပ်ရှားမှုတွေက လုံးဝမရှိတော့မှာလည်း မဟုတ်ပါဘူးနော်။ ကိုယ်ပိုင်အချိန်တွေကို ကိုယ့်အရည်ချင်းတွေကို ထုတ်ပြဖို့ အသုံးချချင်ကြတဲ့ကောင်လေးတွေရဲ့ဆန္ဒတွေကိုလည်း ကိုယ်တွေက နားလည်လက်ခံပေးရမှာပါပဲ။
ဒီအချိန်က ရောက်လာမယ်ဆိုတာကို သိပေမဲ့လည်း စောလွန်းနေတယ်လို့ ကိုယ်တွေကထင်ပေမဲ့ သူတို့ကတော့ ကိုယ်တွေမျက်စိအောက်မှာတင် အရွယ်ရောက်လာကြပြီး ရင့်ကျက်သင့်သလောက် ရင့်ကျက်လာကြပြီဖြစ်လို့ သူတို့ရဲ့လုပ်နိုင်စွမ်းကိုထုတ်ပြချင်ပါတယ်ဆိုတော့လည်း ကိုယ်တွေက ဝမ်းသာဝမ်းနည်းနဲ့ ကြိုဆိုပေးရဦးမှာပါ။ ဘယ်လို Activity မျိုးနဲ့ပဲဖြစ်ဖြစ် အလင်းလက်ဆုံးတောက်ပနေကြဦးမဲ့ကောင်လေးတွေကို Support ပေးကြဖို့ အဆင်သင့်ပဲလား ပရိတ်သတ်ကြီးရေ။