Chelmo News Portal

Top Menu

  • About Us
  • Contact Us

Main Menu

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • About Us
  • Contact Us

logo

Chelmo News Portal

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • ၅မိနစ်အတွင်း တရားဝင်ကွာရှင်းခဲ့တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို

KnowledgeLifestyle
Home›Knowledge›ပျော်ချင်ရင် လုပ်ကြည့်သင့်တဲ့အချက်လေးများ

ပျော်ချင်ရင် လုပ်ကြည့်သင့်တဲ့အချက်လေးများ

By Kyaw Hein
May 25, 2020
2561
0
Share:

 

(၁) အိပ််ရာကနေ ပုံမှန်ထက် ၃၀မိနစ်စောပြီးထပါ။ လေကောင်းလေ သန့်ရှူရှိုက်ပါ။ဒါကသိပ်အကျိုးထိရောက်မှာမဟုတ်ဘူးလို့သင်ထင်ကောင်း
ထင်နိုင်ပါတယ်။ဒါပေမယ့်တကယ်တော့ ဒီအချက်ကအများကြီးကို အကျိုးရှိပါတယ်။ သင်စောစောထခြင်းဖြင့် အလောတကြီး ဘယ်အရာကိုမှလုပ်စရာမလိုတော့ပါဘူး။ အလောတကြီးမလုပ်တဲ့အတွက် မေ့ကျန်ခြင်း၊ခလုတ်တိုက်ခြင်း စတဲ့စိတ်အနှောက်အယှက်ဖြစ်စရာတွေမတွေ့နိုင်တော့ပါဘူး။ အကျိုးဆက်ကတော့ သင်တစ်နေ့လုံး အလုပ်လုပ်လို့ကောင်းနေမှာ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ မနက်ခင်းတစ်ခုက နေ့တစ်နေ့ရဲ့ပြည့်စံုခြင်းကို ဖန်တီးနိုင်ပါတယ်။

(၂) မနက်မိုးလင်းလို့ မျက်လုံးဖွင့်ပြီးတာနဲ့ ဒီနေ့ဟာ သင့်အတွက်ကောင်းမွန်တဲ့နေ့တစ်နေ့ဖြစ်လာလိမ့်မယ် လို့သင့်ကိုယ်သင်ပြောပါ။နည်းနည်းတော့ရူးကြောင်ကြောင် နိုင်တယ်လို့ သင်ထင်ကောင်းထင်နိုင်ပါတယ်။ဒါပေမယ့် ဒီအချက်ကလည်း သင့်ရဲ့နေ့သစ်တစ်ရက်အတွက် အရမ်းအရေးကြီးပါတယ်။

(၃) အိပ်ရာကနိုးတာနဲ့ သင့်ရည်မှန်းချက်အကြောင်းစဥ်းစားပါ။ သင့်ရည်မှန်းချက်နဲ့ခြေတစ်လှမ်းနီးအောင်ပိုကြိုးစားမယ်လို့
ဆုံးဖြတ်ပြီး နေ့သစ်တစ်နေ့ကို စတင်လိုက်ပါ။

(၄) နေ့တစ်နေ့မှာလုပ်ဖို့ရှိတဲ့အရာတွေကိုစနစ်တကျစီစဉ်ပါ။ လုပ်ဖို့ရှိတဲ့အရာတွေကို စာအုပ်လေးတစ်အုပ်နဲ့ရေးထားတာဟာ အတော်ကိုကောင်းမွန်တဲ့အကျင့်ပါ။ သင့်ရဲ့တစ်နေ့တာလုပ်ငန်းတွေ
ကိုလည်း အစီအစဥ်တကျမှတ်မိနေစေပါတယ်။

(၅) မနက်စာစားပါ။ မနက်စာဟာ နေ့တစ်နေ့ရဲ့အစပြုခြင်းမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေပါ၀င်နေပါတယ်။ သင့်ရဲ့စွမ်းအင်ကိုပြည့်၀စေပါတယ်။ မနက်စာစားခြင်း
အားဖြင့်အလုပ်မှာ ဗိုက်ဆာပြီး အာရံုစူးစိုက်မှု မရနိုင်တာမျိုး မဖြစ်နိုင်တော့ပါဘူး။

(၆) အိမ်ကမထွက်ခင်မှန်တစ်ခါကြည့်ပြီး “ကြည့်လို့ကောင်းလိုက်တဲ့ငါပါလား”လို့ပြောပါ။ နည်းနည်းတော့
ရူးကြောင်ကြောင်နိုင်တယ်လို့ သင်ထင်ကောင်းထင်နိုင်ပါတယ်။
ဒါပေမယ့် သင့်ကိုယ်သင်ယုံကြည်မှုကို မြင့်တက်စေပါတယ်။

(၇) တွေ့သမျှလူအကုန်ပြုံးပြပါ။ ဒါကလည်းနည်းနည်းတော့ခက်ခဲပါတယ်။ ဒါပေမယ့် ပြုံးပြတယ်ဆိုတာ အခြားသူကိုလည်းပျော်ရွှင်စေပါတယ်။ အရမ်းကြီးစိမ်းတဲ့သူကလွဲလို့ ကျန်တဲ့တွေ့နေမြင်နေကျသူတွေကို ပြုံးပြပါ။

(၈) ဘာမှမမျှော်လင့်ပဲနဲ့အနည်းဆုံးလူ(၃)ယောက်ကိုကူညီပါ။ အနည်းဆုံး(၃)ယောက်လောက်ကူညီကြည့်ပါ။ သူများကိုကူညီရတာ ပျော်ဖို့လည်းကောင်းပါတယ်။ ဒါပေမယ့်တစ်ခုခုတော့ပြန်လည်မမျှော်လင့်ပါနဲ့။

(၉) အနည်းဆုံး(၃)ယောက်လောက်ကို ရိုးရိုးသားသားချီးကျူးပါ။ သင့်အလုပ်မှာပဲဖြစ်ဖြစ်၊ကျောင်းမှာပဲဖြစ်ဖြစ် သူငယ်ချင်းတစ်ယောက်ကို “နင်ဒီနေ့အရမ်းကိုကြည့်ကောင်းနေပါလား” စသဖြင့် ချိီးကျူးလို့ရပါတယ်။
ဒါပေမယ့် ရိုးသားစွာချီးကျူးပါ။

(၁၀) သင်လုပ်နေတဲ့အရာတစ်ခုပဲအာရုံစိုက်ပါ။
တစ်ချို့တွေက အလုပ်(၂)ခု၊ (၃)ခုကို တစ်ပြိုင်တည်းလုပ်လေ့ရှိပါတယ်။ တစ်ခါတစ်လေစိတ်ဖိစီးမှုများတဲ့ အပြင်အမှားလည်းများတတ်ပါတယ်။ သင့်လုပ်နေတဲ့အရာတစ်ခုပဲ အပြည့်အ၀အာရုံစူးစိုက်သင့်ပါတယ်။

(၁၁) အလုပ်ရယ်၊မိသားစုရယ်၊သင့်အတွက်ရယ် အချိန်ကိုခွဲခြားထားပါ။ အလုပ်အတွက်ကြီးပဲ အာရုံမစိုက်ပါနဲ့။ သင့်အတွက်ကိုယ်ပိုင် အချိန်လည်းထားပါ။ မိသားစုအတွက် အချိန်လည်းထားပါ။

(၁၂) သီချင်းနားထောင်ပါ။ စာအုပ်ဖတ်ပါ။ သီချင်းနားထောင်ရတာ ၀ါသနာမပါသေးရင်လည်း စမ်းပြီးနားထောင်ကြည့်ပါ။ ဂီတဆိုတာ လူသားအားလုံနားလည်တဲ့ ဘာသာစကားတစ်မျိုးပါ။
ဂီတကိုအကြောင်းပြုပြီး မိတ်ဆွေတွေလည်းပွားများလာနိုင်တယ်။ စာအုပ်ဖတ်ခြင်းဖြင့်လည်း ဗဟုသုတများပြီး ပျော်ရွှင်နိုင်ပါတယ်။

(၁၃) ဒီနေ့ဘာအမှားလုပ်ခဲ့လဲ သင့်ကိုယ်သင်ပြန်မေးပါ။
အမှားကိုပြန်စဥ်းစားပါ။ ဒါပေမယ့်အကြာကြီးမစဥ်းစားပါနဲ့။ နောက်တစ်ခါ မမှားအောင်လုပ်ဖို့ပဲ စဥ်းစားပါ။ နောက်တစ်ခါဘယ်လိုမှန် အောင်လုပ််မလဲ စဥ်းစားပါ။

(၁၄)သင်ချစ်သောသူတွေအတွက်အချိန်ပေးပါ။သင်ချစ်တဲ့
သူငယ်ချင်းတွေ၊ ဆွေမျိုးတွေနဲ့အတူ ပျော်သင့်တဲ့ အချိန်မှာပျော်ပါ။

(၁၅) စိတ်ကြည်နူးစရာအဖြစ်အပျက်တွေကိုပြန်တွေးပါ။
တစ်နေ့လုံးဖြစ်ပျက်ခဲ့သမျှထဲက စိတ်ကြည်နူးစရာအဖြစ်အပျက်တွေကို ပြန်တွေးပါ။ နောက်နေ့အတွက် မစိုးရိမ်ပါနဲ့။ ထိုစိတ်ချမ်းသာမှုတွေနဲ့အိပ်စက်ပါ။

Crd Source

#Chelmo#ChelmoTeam

Tags#Chelmo#ChelmoTeam
Previous Article

Lock Down ကြောင့်ကွဲကွာသွားတဲ့ မြည်းလေး နဲ့ ပိုင်ရှင်ဖြစ်သူ

Next Article

လီမင်ဟိုရဲ့ လူကြိုက်များပြီး အရမ်းအောင်မြင်ခဲ့တဲ့ Drama(၅)ခု

Share:

Related articles More from author

  • Exclusive

    ချစ်သူရည်းစားနဲ့တစ်ခါမှမဒိတ်ဖူးသေးတဲ့ နာမည်ကြီးအနုပညာရှင် ၇ ဉီး

    September 30, 2022
    By Kyaw Hein
  • Hot

    Super Junior’s Yesung ရဲ့ ” Floral Sense” Comeback album မှာ Feature သီဆိုသွားမဲ့ Aespa’s Winter

    February 13, 2023
    By Kyaw Hein
  • ExclusiveHot

    ပရိတ်သတ်တွေ မျှော်နေကြတဲ့ Park Seo Joon နဲ့ IU တို့ရဲ့ Drama ဇာတ်လမ်းတွဲအသစ် ” Dream” ရဲ့ Teaser ထွက်ပါပြီ

    March 15, 2023
    By Kyaw Hein
  • KnowledgeLifestyle

    လူတစ်ယောက် ကို အဓိက ကျရူံးစေတဲ့ အကြောင်းတရား

    May 18, 2020
    By Kyaw Hein
  • ExclusiveHot

    Comeback အသစ်နဲ့ ပရိတ်သတ်တွေရှေ့ ပြန်လည်ရောက်ရှိလာတော့မဲ့ Big Bang အဖွဲ့

    March 16, 2022
    By Zue Zue
  • Hot

    Solo Track MV အတွက် ပြည်ပမှာ ရိုက်ကူးရေး ပြုလုပ်နေတဲ့ BLACKPINK’s Jisoo

    February 21, 2023
    By Kyaw Hein

YOU MIGHT BE INTERESTED

  • HotUncategorized

    Bigbang’s G-Dragon နဲ့ Blackpink’s Jennie တို့ ထပ်မံချိန်းတွေ့ခဲ့တယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်လာ

  • Exclusive

    “Dynamite” သီချင်းနဲ့ 2021 GRAMMY Awards မှာ ဆန်ခါတင်စာရင်းဝင်ခဲ့တဲ့ BTS

  • Hot

    BTS အဖွဲ့ဝင် Jimin ရဲ့ ယနေ့ထုတ်လွှင့်တဲ့ တစ်ကိုယ်တော် Album မှာပါဝင်မဲ့ “Face Off”ဟာ KBS ထုတ်လွှင့်မှုအတွက် မသင့်လျော်ဘူးလို့ ယူဆခဲ့တဲ့အကြောင်းအရင်း

Timeline

  • February 20, 2024

    Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

  • February 2, 2024

    Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

  • January 15, 2024

    TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

  • January 5, 2024

    New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

  • December 29, 2023

    2024 မှာ ကြည့်ရမယ့် Park Shin Hye နဲ့ Park Hyun Sik တို့ရဲ့ ရုပ်ရှင်ကားအသစ် “Doctor Slump”

Find us on Facebook

logo

Chelmo ကုမ္ပဏီ၏ စီးပွားရေး ကဏ္ဍတစ်ခု အနေဖြင့် Chelmo သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။

Chelmo မှ စာဖတ်သူပရိသတ်များအတွက် တန်ဖိုးလည်းရှိပြီး အကျိုးရှိစေမည့် သတင်းမှစ၍ အထောက်အကူပြု ဆောင်းပါးများ၊ ပျော်စရာသတင်းလေးများကို နေ့စဉ်မပြတ် တင်ပြလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်
  • Recent

  • Popular

  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

    By Kyaw Hein
    February 2, 2024
  • TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

    By Kyaw Hein
    January 15, 2024
  • New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

    By Kyaw Hein
    January 5, 2024
  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • ချစ်သူနဲ့ အမြဲစကားများရန်ဖြစ်နေပေမဲ့ အချစ်မပြယ်စေဖို့

    By Kyaw Hein
    October 21, 2019
  • အိပ်နေတဲ့အချိန် ဟောက်တာကို သက်သာစေမယ့်နည်းလမ်းများ

    By Kyaw Hein
    October 21, 2019
  • Celebrity တွေရဲ့အမိုက်စား ဝိတ်ချနည်းများ

    By Kyaw Hein
    October 21, 2019

Follow us

Reach us

  • No.23, Room No. 1_08, Sky suites, Yanshin Rd, Yankin Tsp, Yangon.
  • +95-9-9543 55430
  • [email protected]
Copyright © 2019-2022 Chelmo.tips. All rights reserved.