စစ်မှုထမ်းမည့် ကာလကို အတည်ပြုကြေညာလိုက်တဲ့ Kang Tae Oh’s Agency
ပရိတ်သတ်တွေရဲ့ မင်းသားချောလေး Kang Tae Oh ရဲ့ စစ်မှူထမ်းမဲ့အချိန်ကာလကို Man of Creation Agency ကနေ September 15 ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပြီပဲဖြစ်ပါတယ် ၊
“Kang Tae Oh ဟာ စက်တင်ဘာလ 20 ရက်နေ့မှာ North Chungcheong ပြည်နယ်ရှိ Jeungpyeong ကောင်တီရဲ့ 37th ဌာနခွဲလူသစ်စုဆောင်းရေးစင်တာကို စစ်မှူထမ်းဖို့အတွက် ဝင်ရောက်ပါလိမ့်မယ်”
” စက်တင်ဘာလ 20 ရက်နေ့မတိုင်ခင်းကတည်းက သူ့ရဲ့ကျန်ရှိတဲ့ လှုပ်ရှားမှုအားလုံးကို လုပ်ဆောင်မှာဖြစ်ပြီးသူတာဝန်ထမ်းဆောင်ပြီးတဲ့နောက်မှာလည်း နွေးနွေးထွေးထွေးနဲ့ ပြန်လည်ကြိုဆိုထောက်ခံအားပေးကြပါ”လို့ပြောကြားခဲ့ပါတယ်။
Kang Tae Oh ဟာ လေးပတ်ကြာ အခြေခံလေ့ကျင့်မှုသင်တန်းကို တတ်ရောက်မှာဖြစ်ပြီး ၁၈ လကြာ စစ်မှုထမ်း တာဝန်ထမ်းဆောင်မှာပဲဖြစ်ပါတယ် စစ်မှုထမ်း ထွက်ခွာမည့်ရက်ကတော့ မတ်လ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်ဖြစ်ပါတယ်၊ လုံခြုံစိတ်ချပြီးဘေးကင်းစွာနဲ့ တာဝန်းထမ်းဆောင်နိုင်ပါစေ အိုပါးရေ