Chelmo News Portal

Top Menu

  • About Us
  • Contact Us

Main Menu

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • About Us
  • Contact Us

logo

Chelmo News Portal

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • ၅မိနစ်အတွင်း တရားဝင်ကွာရှင်းခဲ့တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို

Knowledge
Home›Knowledge›ရေသောက်ခြင်း၏ အကျိုးများ

ရေသောက်ခြင်း၏ အကျိုးများ

By Kyaw Hein
June 15, 2020
3548
0
Share:

ရေသည် လူတို့၏ အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ထို့ကြောင့်လည်း ရေအသက် တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်။ သောက်သင့်သည့်အချိန်တွင် သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံး အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။

ရေသောက်သုံးသင့်သော အချိန်များ
နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။
ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ သွေးပေါင်ချိန်ကျစေပါသည်။
မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။

ရေအကျိုး ဆယ်ပါး
ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအား တားဆီးနိုင်ပါသည်။ ကျောက်ကပ်တွင်ကျောက်တည်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်တွင် ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါသည်။ရေသောက်များပါကဆီးတွင် အနယ်ထိုင်နှုန်း နည်းသွားသည်။ ထို့ကြောင့် ကျောက်ကပ်တွင် ကျောက်တည်ဝေဒနာသည်များပါမက ရောဂါ မဖြစ်ပွားလိုသူများပါ တစ်နေ့ကို ရေ ၁၂ ဖန်ခွက်လောက် အနည်းဆုံးသောက်သင့်ပါသည်။ရေသည် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသပေးနိုင်ပါသည်။

ရေများများသောက်လေလေ ဆီးများများသွာလေလေဖြစ်ပါသည်။ ဆီးခဏခဏသွားနေပါက ဆီအိမ်အတွင်းရှိ bacteria ပိုးများ ဆီးနှင့်အတူပါသွားသောကြောင့် မြန်မြန်သက်သာနိုင်ပါသည်။

ရေသည် ဝမ်းလျောသည့်အခါတွင် ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရာတွင် အထောက်အကူပြုပါသည်။ သို့သော် ရိုးရိုးရေထက် ဓာတ်ဆားရည်က ပိုမိုထိရောက်ပါသည်။

ရေသည် အဖျားကို လျော့ချရာတွင် အထောက်အကူပြုပါသည်။ ကိုယ်အပူချိန်တက်လျင် ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ ရေများများသောက်ပါက ကိုယ်အပူချိန်ကျသည့်အပြင် ဆီးများများသွားသောကြောင့်လည်း ကိုယ်ပူကျ ပိုမြန်ပါသည်။

ရေများများသောက်ပါက တုတ်ကွေးမိသောအခါ သို့မဟုတ် နှာစေးချောင်းဆိုးဖြစ်သောအခါ အထောက်အကူပြုပါသည်။ ရေဓာတ်များပါက လည်ခေါင်းအတွင်းရှိ သလိပ်များ ပိုမိုကျဲသွားပြီး ဟတ်ထုတ်ရာတွင် လွယ်ကူစေပါသည်။ ထို့အတူ နှာခေါင်းပိတ်ခြင်းကိုလည်း သက်သာစေပါသည်။

ရေသည် အစာစားနောက်ကျသောကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်း (acid ကြောင့် ဗိုက်အောင့်ခြင်း) ကိုသက်သာစေပါသည်။ ရေ ၂ ခွက်နှင့် ငှက်ပျောသီး တစ်လုံးသည် Antacid တစ်လုံးကဲ့သို့ စွမ်းဆောင်နိုင်ပါသည်။

ရေများများသောက်ပါက ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ရေသောက်နည်းပါက မစင်တုံးများသည် ပိုမိုမာကျောသွားပြီး ဝမ်းချုပ်စေပါသည်။ ထို့ကြောင့် ဝမ်းချုပ်၍ မရသည့် လိပ်ခေါင်းနှင့် စအိုဝကွဲနာ ဝေဒနာသည်များအတွက် ရေသည် ဆေးတစ်ခွက်ပင် ဖြစ်ပါသည်။
ရေသည် လူကို လန်းဆန်းတက်ကြွ စေပါသည်။ ရေဓာတ်နည်းပါးလာပါက သွေးသည် အလိုလို စေးပျစ်လာတတ်သည်။ ထိုအခါ ဦးနှောက်သို့ သွေးစီးနှုန်း နည်းသွားပြီး ခေါင်းနောက်ခြင်းနှင့် ပင်ပန်းခြင်းတို့ကို ခံစားရနိုင်ပါသည်။

အစာမစားမီ ရေသောက်လေ့ရှိပါက ဗိုက်ပိုတင်းပြီး အစာသိပ်မစားဖြစ်တော့ချေ။ ထို့ကြောင့် ကိုယ်အလေးချိန်လျှော့ရာတွင် ရေသည် အရေးကြီးပါသည်။ရေသည် အရေပြားနှင့် အသားအရေကို စိုစွတ်အေးမြစေပါသည်။ အသားအရေကိုလည်း လှပစေပါသည်။

ရေသောက်ရာတွင် လိုက်နာသင့်သည် အချက် ဆယ်ချက္
အိပ်ယာနိုးနိုးချင်း ရေသောက်ပါ။တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ ခွက်မှ ၁၂ ခွက် အထိသောက်ပါ။
ရေကို နည်းနည်း ဖြင့် ခဏခဏ သောက်ခြင်းက တစ်ခါတည်း အများကြီးသောက်ခြင်းထက် ပိုမို အကျိုးရှိပါသည်။
ရေငတ်မှ ရေသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် အသက်ကြီးသူများတွင် ခန္ဓာကိုယ်အတွက် ရေဓာတ်နည်းပါးနေသည်ကို အာရုံခံစွမ်းအား နည်းသွားပါသည်။
ရေသောက်ရာတွင် ရိုးရိုးရေကိုသာသောက်ပါ။ အအေး၊ ကော်ဖီ၊ ဘီယာ နှင့် အရက်သောက်ခြင်းများ ရှောင်ကြဉ်ပါ။
အဆိုပါ အရေများသောက်ပါက ရေဓာတ်ဆုံးရှုံးမှု ပိုမို များပြားသွားပါလိမ့်မည်။

ကလေးများကို ရေများများသောက်ရန် ကျင့်ပေးပါ။ မိမိကိုယ်တိုင် စံပြအဖြစ်လုပ်ပြပါ။ ကစားပြီး လေ့ကျင့်ခန်းများလုပ်ပြီးပါက ရေပိုသောက်ပါ။ ဖျားနာပြီး ကိုယ်ပူနေပါက ရေပိုသောက်ပါ။ ရေဓာတ်ဆုံးရှုံးမှု များသောကြောင့် ဖြစ်ပါသည်။

ကိုယ်ဝန်ဆောင်သည်များအနေဖြင့် ရေပိုသောက်ပါ။ ပုံမှန်သောက်နေကျထက် ၃-၄ ခွက်ခန့် ပိုသောက်သင့်သည်။ လောကကြီးမှာ ဘာအရေးကြီးဆုံးလဲလို့ မေးရင် ကျန်းမာရေးဟာ အရေးကြီးဆုံးပဲလို့ ဖြေကြမှာပါ။

Crd Source

#Chelmo#ChelmoTeam

Tags#Chelmo #ChelmoTeam
Previous Article

ကျန်းမာတဲ့ခန္ဓာကိုယ်လေးရဖို့ လုပ်သင့်တဲ့အချက်များ

Next Article

Stay Cool Stay Fresh Challenge TikTok ပြိုင်ပွဲ

Share:

Related articles More from author

  • Exclusive

    Bachelorette party ကို ပျော်ရွှင်စွာ ကျင်းပခဲ့တဲ့ ထိုင်းမင်းသမီး Kimmy Kimberley

    August 14, 2023
    By Kyaw Hein
  • Exclusive

    SBS’s hit variety show “Running man” မှာ ပါဝင်လာမယ့် BTS “V”

    August 30, 2023
    By Kyaw Hein
  • Exclusive

    record တွေကတော့ တစ်ခုပြီးတစ်ခုပဲနော်

    March 8, 2022
    By Zue Zue
  • Exclusive

    သူ့ရဲ့ ပထမဆုံး Fan Concert ကို Soul မှာ ရှိတဲ့ Gocheok Sky Dome မှာ ပြုလုပ်မည့်အကြောင်း ကြေညာခဲ့တဲ့ ZEROBASEONE

    July 18, 2023
    By Kyaw Hein
  • Exclusive

    Poster အသစ် ထွက်ရှိလာတဲ့ Sweet Home 2

    November 8, 2023
    By Kyaw Hein
  • Knowledge

    BLACKPINK အဖွဲ့ရဲ့ ပထမဆုံး Full Album ဖြစ်တဲ့ “THE ALBUM” Teaser Poster ထွက်ရှိ

    September 23, 2020
    By Kyaw Hein

YOU MIGHT BE INTERESTED

  • Exclusive

    ဖေဖေနဲ့တူတဲ့ အမျိုးသားက Ideal Type ပါလို့ပြောခဲ့ဖူးတဲ့ Son YeJin နဲ့သူမဖခင်လိုတည်ကြည်ခန့်ညားတဲ့အမျိုးသားလေး Hyun Bin

  • Exclusive

    ဒီနှစ်အတွင်းမှာပဲ ထိုင်းမင်းသားချော လေးယောက်နဲ့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးခဲ့ရတဲ့ မင်းသမီးချောလေး Baifern Pimchanok

  • Hot

    ‘Travel Around The World On EXO’s Ladder’ season 3 နဲ့ ပရိတ်သတ်တွေရှေ့မှောက်ကို ပြန်လည်ပေါ်ထွက်လာတော့မဲ့ EXO

Timeline

  • February 20, 2024

    Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

  • February 2, 2024

    Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

  • January 15, 2024

    TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

  • January 5, 2024

    New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

  • December 29, 2023

    2024 မှာ ကြည့်ရမယ့် Park Shin Hye နဲ့ Park Hyun Sik တို့ရဲ့ ရုပ်ရှင်ကားအသစ် “Doctor Slump”

Find us on Facebook

logo

Chelmo ကုမ္ပဏီ၏ စီးပွားရေး ကဏ္ဍတစ်ခု အနေဖြင့် Chelmo သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။

Chelmo မှ စာဖတ်သူပရိသတ်များအတွက် တန်ဖိုးလည်းရှိပြီး အကျိုးရှိစေမည့် သတင်းမှစ၍ အထောက်အကူပြု ဆောင်းပါးများ၊ ပျော်စရာသတင်းလေးများကို နေ့စဉ်မပြတ် တင်ပြလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်
  • Recent

  • Popular

  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

    By Kyaw Hein
    February 2, 2024
  • TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

    By Kyaw Hein
    January 15, 2024
  • New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

    By Kyaw Hein
    January 5, 2024
  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • ချစ်သူနဲ့ အမြဲစကားများရန်ဖြစ်နေပေမဲ့ အချစ်မပြယ်စေဖို့

    By Kyaw Hein
    October 21, 2019
  • အိပ်နေတဲ့အချိန် ဟောက်တာကို သက်သာစေမယ့်နည်းလမ်းများ

    By Kyaw Hein
    October 21, 2019
  • Celebrity တွေရဲ့အမိုက်စား ဝိတ်ချနည်းများ

    By Kyaw Hein
    October 21, 2019

Follow us

Reach us

  • No.23, Room No. 1_08, Sky suites, Yanshin Rd, Yankin Tsp, Yangon.
  • +95-9-9543 55430
  • [email protected]
Copyright © 2019-2022 Chelmo.tips. All rights reserved.