M.A.C cosmestic ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ Brand Ambassador ဖြစ်လာတဲ့ Got 7က Jackson Wang
တောင်ကိုရီးယားနိုင်ငံ၏ နာမည်ကြီးကေပေါ့ပ်အဖွဲ့ Got 7 ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Jackson Wang ဟာ ကမ္ဘာ့နာမည်ကြီး cosmestic အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ M.A.C
cosmestic ၏ တစ်ကမ္ဘာလုံးဆိုင်ရာ တရားဝင် Brand Ambassador အဖြစ်ခန့်အပ်ခဲ့ပြီဖြစ်ပါတယ်။
Jackson Wang က M.A.C product နှင့်ရိုက်ကူးထားသောဓာတ်ပုံကို M.A.C cosmestic ကထုတ်ဖော်ပြသခဲ့ပါတယ်။ 2020 ခုနှစ်တုန်းကလည်း M.A.C ရဲ့တစ်ကမ္ဘာလုံး
ဆိုင်ရာ Brand Ambassador အဖြစ် BLACKPINK အဖွဲ့မှ Lisa ကိုလည်းခန့်အပ်ခဲ့ပါသေးတယ်။
Jackson Wang ကသူရဲ့ ပထမဆုံးအယ်လ်ဘမ်ဖြစ်တဲ့ ‘MAGIC MAN’ ကိုစက်တင်ဘာလ ၉ ရက်နေ့မှာဖြန့်ချိဖို့ စီစဉ်ထားပါတယ်။