2NE1 အဖွဲ့ရဲ့ ပြန်လည်ပေါင်းစည်းမှုအပေါ် မတူညီတဲ့ခံစားချက်တွေကို ဝေမျှခဲ့တဲ့ Minzy
ဒီနှစ်ရဲ့ Coachella မှာ 2NE1 အဖွဲ့ရဲ့ ဖျော်ဖြေမှုအပေါ် ပရိတ်သတ်တွေက အရမ်းကို ပျော်နေခဲ့ကြတာပါ။ Apr 16 ရက်နေ့က California မှာကျင်းပခဲ့တဲ့ ဂီတပွဲတော်တစ်ခုဖြစ်တဲ့ Coachella မှာ လေးယောက်လုံးအတူတူ ဖျော်ဖြေသွားခဲ့ကြတာပါ။ ဒါဟာ ‘Mnet Asian Music Awards’ 2015 မှာ အဖွဲ့လိုက်ဖျော်ဖြေမှုအပြီး ၆ နှစ်နဲ့ ၄ လ အကြာမှ အဖွဲ့ဝင်တွေအတူတူ စုံစုံလင်လင်ဖျော်ဖြေခဲ့ကြတာလည်း ဖြစ်ပါတယ်။ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Minzy ကတော့ Apr 18 ရက်နေ့မှာ StarNews နဲ့ လုပ်ခဲ့တဲ့အင်တာဗျုးမှာတော့ သူမရဲ့ခံစားချက်တွေကို ဝေမျှပေးခဲ့ပါတယ်။ ဒီပွဲမှာ အဖွဲ့ဝင်တွေနဲ့အတူ ဖျော်ဖြေနေတုန်း ပရိတ်သတ်တွေရဲ့ မျက်နှာအမူရာအမျိုးမျိုးကိုမြင်ရတာ ကျွန်မအတွက် အရမ်းကို စိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်။ ကျွန်မအတွက်တော့ ခံစားမှုမျိုးစုံ ခံစားမိခဲ့တဲ့ အခိုက်တန့်လေးပါပဲ။ ဒီနှစ်ရဲ့ Coachella မှာ 2NE1 အဖွဲ့က I AM THE BEST နဲ့ ဖျော်ဖြေသွားခဲ့တာဖြစ်ပြီး အဖွဲ့ဝင်လေးယောက်လုံးကို တစုတစည်းတည်းပြန်မြင်ရတဲ့အပေါ် ပရိတ်သတ်တွေက အရမ်းကို ပျော်ရွှင်နေခဲ့ကြတာပါ။ စင်ပေါ်မှာ မာန်ပါပါနဲ့ ပရိတ်သတ်တွေနဲ့ တစ်သားတည်းဖျော်ဖြေသွားခဲ့ပြီး အပျိုကြီးမမ Dara ဆိုရင် ဖိနပ်ပါကျွတ်သွားတဲ့အထိ အားပါပါနဲ့ ဖျော်ဖြေခဲ့တာလည်း ဖြစ်ပါတယ်။ နှစ်တွေဘယ်လောက်ကြာကြာ ဖျော်ဖြေမှုကတော့ မာန်ပါပါနဲ့ ပရိတ်သတ်တွေကို ဖမ်းစားနိုင်ဆဲပါပဲ။