Forbes Asia ရဲ့ 100 Digital Stars စာရင်းမှာ ပါဝင်ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင် နဲ့ ဝတ်မှုန်ရွှေရည်
ဒီစာရင်းမှာဆိုရင် အာရှပစိဖိတ်ဒေသရဲ့ Social Media မှာ လွှမ်းမိုးမှုအရှိဆုံး အနုပညာကြယ်ပွင့်တွေဖြစ်တဲ့ အဆိုတော်တွေ၊ တီးဝိုင်းတွေ၊ ရုပ်ရှင်သရုပ်ဆောင်နဲ့ တီဗီကြယ်ပွင့်တွေပါဝင်ပါတယ်။လက်ရှိနယ်ပယ်အသီးသီးမှာ နံမည်ကြီးနေကြတဲ့ Kpop အဖွဲ့တွေဖြစ်တဲ့ BTS, EXO, Seventeen, BLACKPINK,TWICE, Red Velvet, GOT7’s Jackson Wang, HyunA, Sunmi တို့အပြင် ကိုရီးယားနံမည်ကြီးသရုပ်ဆောင်အများစုပါဝင်ခဲ့ကြပြီး ဘောလိဝုဒ်၊ တရုတ်၊ ဩစတြေးလျ၊ စင်ကာပူ၊ သီရိလင်္ကာ၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းအစရှိတဲ့ နိုင်ငံအသီးသီးက အနုပညာရှင်တွေလည်း ပါဝင်ခဲ့ကြပါတယ်။ဒီစာရင်းထဲမှာတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်တွေဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင် နဲ့ ဝတ်မှုန်ရွှေရည် တို့ပါဝင်ခဲ့ကြပါတယ်။
စိုင်းစိုင်းကတော့ Facebook မှာ follower ၉ သန်းကျော်ရရှိထားပြီး မြန်မာနိုင်ငံမှာ follower အများဆုံးအနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ဒါ့အပြင် (၂၀၂၀)ခုနှစ်အတွင်းမှာ စိုင်းစိုင်းဟာ UAB ဘဏ်နဲ့ပူးပေါင်းပြီး Sai Sai Pay app ကိုအသုံးပြုပြီး အဲ့ဒီကရရှိလာတဲ့ အကျိုးအမြတ်တွေကို Covid-19 ကုသစောင့်ရှောက်ရေးနဲ့ ပြည်တွင်းရုပ်ရှင်နဲ့ဂီတနယ်ပယ်မှာ အထောက်အပံ့တွေပေးခဲ့ပါတယ်။
၀တ်မှုန်ရွှေရည်ကတော့ ပြီးခဲ့တဲ့နှစ်က လိပ်ပြာစံအိမ်ဆိုတဲ့ ဇာတ်ကားမှာပါဝင်ခဲ့ပြီး ဒီဇာတ်ကားနဲ့ပဲ Singapore’s Asian Academy Creative Awards 2019 မှာ ဆန်ခါတင်စာရင်းဝင်ခဲ့ပါသေးတယ်။ဝတ်မှုန်ရွှေရည်ကတော့ Facebook မှာ follower ၆.၃ သန်းကျော်ရရှိထားပြီး မြန်မာနိုင်ငံမှာ follower အများဆုံးအမျိုးသမီးအနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
နိုင်ငံအသီးသီးက အနုပညာရှင်တွေနဲ့အတူ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ရွေးချယ်ခံရတဲ့အတွက် အရမ်းကိုဝမ်းမြောက်ဂုဏ်ယူရပါတယ်။နောက်ထပ်လည်း ဒီ့ထက်အောင်မြင်မှုတွေပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်နော်။