Hollywood ရဲ့ နာမည်ကြီး ဒိတ်ဒိတ်ကြဲ မင်းသားတွေရရှိနေကျ The 100 Most Handsome Men 2020 Winner ကိုအာရှကမင်းသားတစ်ယောက်အနေနဲ့ ပထမဆုံးသိမ်းပိုက်နိုင်ခဲ့တဲ့ Xiao Zhan
အမေရိကန်ပြည်ထောင်စုရဲ့ ” TOP BEAUTY WORLD” ကနေလက်ခံကျင်းပတဲ့ The 100 Most Handsome Men 2020ကို Xiao Zhan ဟာအာရှမှာပထမဆုံးအနေနဲ့ ရရှိခဲ့ပါတယ်။ဒီတစ်ခါရရှိခဲ့တဲ့ဆုကတော့ တခြားဆုတွေနဲ့မတူတာက ပရိသတ်တွေရဲ့ Vote ကို၃၀% (3000points )ပဲ ထည့်စဉ်းစားပြီး အဓိကဖြစ်တဲ့ ၅၀%( 5000points) ကိုတော့ပလတ်စတစ်ဆာဂျရီ ခွဲစိတ်ဆရာဝန်တွေ ကိုယ်တိုင်အမှတ်ပေးအကဲဖြတ်တာကြောင့်ဖြစ်ပါတယ်။
မျက်နှာခွဲစိပ်ပြု ပြင်ထားခြင်းရှိမရှိကို ရွေးချယ်အကဲဖြတ်ဖို့အတွက် LOS ANGELES COSMETIC SURGERY CLINIC ကပလတ်စတစ်ခွဲစိတ်ဆရာဝန် သုံးဦးကတာဝန်ယူထားပြီးကျန်တဲ့ ၂၀ရာခိုင်နှုန်း( 2000points) ကိုတော့ ကမ္ဘာလုံးဆိုင်ရာ အလှအပစံချိန်စံညွှန်းတွေအရ အကဲဖြတ်တာဖြစ်ပါတယ်။အဲ့ဒီ ၂၀%မှာ ကိုယ်ခန္ဓာ အချိုးအစား၊ သြဇာတိက္ကမ ၊ လူသားချင်းစာနာမှုလုပ်ငန်းများအပေါ်သဘောထား တစ်နှစ်အတွင်း ကမ္ဘာ့ စံနှုန်းသတ်မှတ်ချက် စတာတွေလည်းပါဝင်တာကြောင့်စိတ်ထားဖြူစင်ပြီး သူများကိုကူညီတတ်တဲ့ Xiao Zhan ဆိုတဲ့ နတ်သားလေး အတွက် ဒီဆုဟာ ထိုက်တန်တာအမှန်ပါပဲ။ ပေးမှတ်10000 points မှာလည်း ကိုယ်တို့ရဲ့ အကြည်ဓာတ်ကလေးက 9965 pointတောင် ရရှိခဲ့တာဆိုတော့ အားလုံးအတွက်ရုပ်ချောပေးနေတဲ့ တရုတ်ပြည်ကကောင်လေးအတွက် ဂုဏ်ယူလို့ရပါပြီနော်။
၂၀၁၅ကနေ ၂၀၂၀ အထိရရှိခဲ့တဲ့သူတွေကတော့
2 0 1 5 – ROBERT PATTINSON
2 0 1 6 – LEONARDO DICAPRIO
2 0 1 7 – TOM CRUISE
2 0 1 8 – TOM CRUISE
2 0 1 9 – CHRIS HEMSWORTH
2 0 2 0 – XIAO ZHAN
၂၀၂၀ မှာ Zhan Ge နဲ့အတူ ဒုတိယနေရာမှာ ကိုရီးယားကြယ်ပွင့် Kim Tae-Hyung၊ တတိယနေရာမှာ အိန္ဒိယသရုပ်ဆောင် Shah Rukh Khan ၊ Hollywood မင်းသား Chris Hemsworth, Johnny Depp, Leonardo Dicaprio တို့ရရှိခဲ့တာဖြစ်ပါတယ်။