Ahn Hyo Seop ကသူရဲ့ ဗီတာမင်လေးလို့ ပြောခဲ့တဲ့ GOT7 Jackson Wang နဲ့ သူတို့နှစ်ယောက်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းဆက်ဆံရေး
၂၀၁၆ တုန်းကလွှင့်ခဲ့တဲ့ MBC ရဲ့ Celebrity Bromance ဆိုတဲ့ အစီအစဉ်မှာ Jackson Wang က“ကိုရီးယားမှာ ကျွန်တော့်ကိုအနားလည်ပေးနိုင်ဆုံး သူငယ်ချင်းက Ahn Hyo Seop ပါ။ကျွန်တော်က ကိုရီးယားကို ရောက်တဲ့အချိန်တုန်းက ကိုရီးယားလို ကောင်းကောင်းမပြောတတ်သေးပါဘူး။ အဲ့အချိန်မှာ ကျွန်တော်နဲ့စကားပြောရင် အင်္ဂလိပ်လိုပြောပေးတဲ့ သူငယ်ချင်းက Ahn Hyo Seop ပါ။ အဲ့ဒါကြောင့် သူနဲ့ ဆက်သွယ်ရတာအဆင်ပြေပြီးတစ်ယောက်နဲ့ တစ်ယောက် ပိုနားလည်တယ်လို့ခံစားရတယ်။ အခုထိလည်း ကိုရီးယားလိုကောင်းကောင်းမပြောတတ်သေးပေမယ့် အဲ့ဒီတုန်းကတော့ တကယ့်ကိုဆိုးဆိုးရွားရွားမပြောတတ်တာမို့ပါ။ အဲ့ဒီအချိန်အချိန်ကစပြီး ကျွန်တော်တို့နှစ်ယောက်အရမ်းရင်းနှီးခဲ့တာပါ။”
“ကျွန်တော့်ရဲ့အခက်ခဲဆုံးအခြေအနေတွေမှာဆို သူကကျွန်တော့်အတွက် ဗီတာမင်လေးပါပဲ’’ လို့ Jackson Wang ကပြောခဲ့ပါတယ်။ အဲ့ဒီ အစီအစဉ် မှာ သူတို့နှစ်ယောက်လုံးဂျပန်ကိုရောက်နေစဉ်မှာ တစ်ယောက်နဲ့ တစ်ယောက်ပြန်ဆုံတွေ့ဖို့ အရမ်းစိတ်လှုပ်ရှားနေကြတာကို ရိုက်ကူးပြထားပြီး Ahn Hyo Seop ဟာ Jackson Wang ကိုတွေ့တာနဲ့ အဆင်ပြေရဲ့လားလို့မေးပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့တုန်းက Jackson Wang က အသေးစားကားမတော်တဆမှုဖြစ်ထားခဲ့လို့ပါ။ Jackson Wang ကတော့ Ahn Hyo Seop ကို သူ့အတွက် စိတ်ပူနေမှာစိုးတာနဲ့ ကောင်းတဲ့ကိစ္စတွေကိုပဲ ပြောရအောင်လို့ပြောခဲ့ပါတယ်။Jackson Wang က သူ့ညီလေး Ahn Hyo Seop ကိုသူ့ရဲ့အင်္ဂလိပ်နာမည်ဖြစ်တဲ့ Paul လို့ခေါ်တတ်ပြီး“ငါက အမြဲတမ်း မင်းရဲ့ အစ်ကိုပဲ’’ လို့အမြဲပြောပါတယ်။“တူတူနေရတုန်းကမင်းရဲ့အနံ့ကိုမှတ်မိနေတုန်းပဲ မင်းစောင်ကရတဲ့အနံ့လေ ဘာလို့ဆို မင်းက စောင်ကိုတစ်နှစ်နေမှတစ်ခါလျှော်တာ” လို့ သူ့ညီလေး ရယ်မောအောင်စနောက်ခဲ့ပါသေးတယ်။
Ahn Hyo Seop ကပြောပြခဲ့တာက သူ ကနေဒါ မှာ ငါးနှစ်လောက်သွားနေပြီး ကိုရီးယားကိုပြန်ရောက်တဲ့ အခါ Jackson Wang ကိုပထမဆုံးစတွေ့ခဲ့တာဖြစ်ပြီး သူတို့နှစ်ယောက်လုံးဟာ JYP Entertainment မှာ Training တူတူဆင်းရတာဖြစ်ပါတယ်တဲ့။စစတွေ့ချင်းတုန်းက Jackson Wang ဟာတစ်ခေါင်းလုံးကို လိမ္မော်ရောင်ဆိုးထားပြီး အမြဲ တီရှပ်လက်တိုတွေပဲဝတ်ပြီး လျှောက်သွားနေတတ်တာကြောင့် ကနေဒါကပြန်လာတဲ့ Ahn Hyo Seop က Jackson Wang ကို ဂိုဏ်းစတားလို့ထင်သွားခဲ့တာပါ။“ကျွန်တော်တို့နှစ်ယောက်ဟာ တစ်ခန်းတူတူနေရတာလည်းဖြစ်လို့ အရမ်းရင်းနှီးသွားကြတာအစ်ကိုက ကျွန်တော်တွေ့ဖူးသမျှထဲမှာ ဟာသဉာဏ် အရှိဆုံးပါပဲ အစ်ကိုနဲ့အတူရှိနေရင်အမြဲရယ်နေရတယ်။အစ်ကို့ရဲ့ဟာသဉာဏ်ကို မနာလိုဖြစ်မိတယ်။ကျွန်တော့်ရဲ့ ကိုရီးယားမှာရှိတဲ့အမှတ်တရအားလုံး အစ်ကိုနဲ့ ပါပဲ”
သူတို့နှစ်ယောက်ဟာ အားလုံးထဲမှာ အရင်းအနှီးဆုံးဖြစ်ပြီး အိမ်ကိုမပြောပြနိုင်တဲ့ ခက်ခဲတဲ့ကာလတွေမှာ ခေါင်မိုးထပ်မှာ တူတူငိုခဲ့ကြဖူးပါတယ်။နှစ်ယောက်လုံးဟာ ကိုရီးယားကမဟုတ်တဲ့ နိုင်ငံရပ်ခြားကနေ သူတို့ရဲ့ အိမ်မက်တွေကို ရှာဖွေဖို့ကြိုးစားနေကြတဲ့ လူငယ်လေးနှစ်ယောက်ဖြစ်လို့စိတ်ချင်းနီးစပ်ကြတာလည်းဖြစ်မှာပါတကယ်လို့သာ အစကရည်ရွယ်ထားတဲ့ အတိုင်း Ahn Hyo Seop သာ တဲ့ GOT7 မှာအဖွဲ့ဝင်တစ်ဦးအနေနဲ့ ပွဲဦးထွက်ဖြစ်ခဲ့ရင်ချစ်ဖို့ကောင်းတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့moment တွေကိုမြင်ရဦးမှာဖြစ်ပြီး Jackson Wang အနေနဲ့လည်း သူ့ညီလေးကို အနားမှာခေါ်ထားပြီး အရင်လိုစနောက်နေဦးမှာပါ။ဘာပဲဖြစ်ဖြစ်ဘဝမှာ ကိုယ်ခက်ခဲတဲ့အချိန်တိုင်း စိတ်လွတ်ကိုယ်လွတ် ငိုချလိုက်လို့ရမယ့် သူငယ်ချင်းမျိုးရှိတာတကယ့်ကို ကံကောင်းမှုပါပဲ။