BTS အဖွဲ့ဝင် V ရဲ့ မွေးနေ့ဗီဒီယိုလေးကို အာကာသမှာရှိတဲ့ ကမ္ဘာကိုလှည့်ပတ်နေတဲ့ ဂြိုလ်တုရဲ့ Screen မှာ ထည့်ပြီး ဂုဏ်ပြုခံရ
ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ကျရောက်မယ့် BTS အဖွဲ့ဝင် V ရဲ့ မွေးနေ့အတွက် နိုင်ငံအသီးသီးက သူ့ရဲ့ fans တွေကတော့ မွေးနေ့မရောက်ခင်တည်းက မတူညီတဲ့ ပုံစံအမျိုးမျိုးနဲ့ ဂုဏ်ပြုပေးနေကြပါတယ်။
အဲ့ဒီထဲကမှ အမိုက်စားတစ်ခုကတော့ သူ့ရဲ့ Fansite တစ်ခုဖြစ်တဲ့ V_Poiter ဆိုတဲ့ Fansite ကနေ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ‘A Space Odyssey’ လို့ခေါ်တဲ့ အာကာသခရီးရှည်ဆိုတဲ့ Birthday Project ပဲဖြစ်ပါတယ်။ BTS အဖွဲ့ဝင် V ရဲ့ Birthday AD ပါဝင်မယ့် Ladybird-1 ဟာ ၂၀၁၈ ခုနှစ်မှာ စတင်ထုတ်လွှင့်ခဲ့ပြီး ဒေါ်လာ ၁၆ သန်းတန်ကြေးရှိတဲ့ Satellite လည်းဖြစ်ပါတယ်။ ဒါ့အပြင် Ladybird-1 မှာ ပါဝင်တဲ့ ကင်မရာနဲ့လည်း ကမ္ဘာကိုပတ်တဲ့အခါ မှတ်တမ်းတင်ပေးသွားဦးမှာဖြစ်ပါတယ်။
နောက်ထပ်အမိုက်စား Birthday Project တွေကတော့ Glass-free 3D video project ကို Seoul မြို့မှာရှိတဲ့ Samsung Screen နဲ့ New York Time Square မှာရှိတဲ့ Marriott Marquis Broadway Facade တို့မှာ ပြသသွားမှာဖြစ်ပြီး BTS အဖွဲ့ဝင် V က ဒီလိုနေရာတွေမှာ ဂုဏ်ပြုခံရတဲ့ ပထမဆုံးသော Idol တစ်ယောက်လည်းဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦးဖြစ်တဲ့ Burj Khalifa မှာလည်း V ရဲ့ Birthday AD ကို ပြသသွားမှာဖြစ်ပြီး ဒီအဆောက်အဦးမှာ ဂုဏ်ပြုခံရတဲ့ ဒုတိယမြောက် Idol တစ်ယောက်အဖြစ်လည်း မှတ်တမ်းတင်သွားပါပြီ။ ဒီ Birthday Project တွေကိုတော့ V ရဲ့ Fanbase ဖြစ်တဲ့ China Baidu Vbar ကနေ million နဲ့ချီပြီး အကုန်ကျခံပြီးလုပ်ပေးထားတာပဲဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ BTS အဖွဲ့ဝင် V ရဲ့ Fans တွေကလည်း ဆေးရုံ၊ မိဘမဲ့ဂေဟာနဲ့ Quarantine Center တွေမှာ လိုအပ်နေတဲ့အရာတွေကို သွားရောက်လှူဒါန်းခဲ့တဲ့အပြင် Myanmar Plaza နဲ့ Time City တို့မှာလည်း V ရဲ့ Birthday LED Board လေးတွေကိုပြသသွားမှာဖြစ်ပါတယ်။
အားလုံးရဲ့အချစ်တွေနဲ့ လည်း တကယ်ကိုထိုက်တန်တဲ့ ကောင်လေးပါပဲ။