“True Beauty’’ထဲက Cool Guyလေး Hwang In Yeop
Hwang In Yeopဟာ အသက် ၂၉ နှစ်ရှိပါပြီ။
Hwang In Yeop ကို ဇန်နဝါရီ ၁၉ ရက်နေ့ ၁၉၉၁ မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး High School drama တွေထဲအမြဲပါတဲ့ သူ့ကို ဘယ်သူကမှ ၂၉နှစ်လို့မထင်ကြပါဘူး။
သူဟာ စစ်မှုထမ်းပြီးပါပြီ။သတင်းတွေအရ ဟာ တောင်ကိုရီးယားနိုင်ငံသားတိုင်း ထမ်းဆောင်ရတဲ့ စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်ပြီးသားပါတဲ့။အဲ့ဒါကြောင့်ကိုကြီးကို ချစ်တဲ့ ပရိသတ်တွေ စစ်ထဲဝင်တဲ့ ၂ နှစ်စာအတွက် ငိုစရာမလိုတော့ဘူးပေါ့။
သူဟာမော်ဒယ်လောကကို၂၀၁၇မှာစဝင်လာခဲ့တာပါ။
သေစေလောက်အောင်ဆွဲဆောင်မှုရှိတဲ့ ပုံစံနဲ့185cm ခြောက်ပေရှိတဲ့ အရပ်အရှည်ကြီးကြောင့် Hwang In Yeopဆိုတဲ့ ကိုကြီး ဟာ မော်ဒယ်ဖြစ်ဖို့မွေးဖွားလာတယ်လို့တောင်ထင်ရပါတယ်။
Hwang In Yeop မှာညီလေးတစ်ယောက်ရှိပါတယ်။
သူအကြိုက်ဆုံးအစားအစာက Pasta ဖြစ်ပြီး သူအကြိုက်ဆုံးအရောင်ကတော့ အနက်ရောင်ပါတဲ့။
ဝါသနာကတော့ Magazines တွေဖတ်ရတာနဲ့သီချင်းနားထောင်ရတာပါ။
ကိုကြီးသဘောအကျဆုံး သရုပ်ဆောင်တွေကတော့Lee Byung Hun, Jo In Sung, Joo Ji Hoon တို့ပါ။
သူဟာ ၂၀၁၈ မှာနာမည်ကြီး Web Drama တစ်ခုဖြစ်တဲ့ WHY မှာပါဝင်ခဲ့ဖူးပြီး 2019 မှာတော့ Freshman မှာပါဝင်ခဲ့ပါတယ်။ KBS ရဲ့ ဒရမ်မာတစ်ခုဖြစ်တဲ့ The Tale Of Nokdu မှာလည်းပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်
သူရဲ့ 18 Again ထဲက ဇာတ်ကောင်လိုပဲ Hwang In Yeop ဟာ အပြင်မှာလည်း Basketball ဆော့ရတာ အရမ်းကြိုက်ပါတယ်တဲ့။ အားကစားလည်းတော်တဲ့ ကိုကြီးပါပဲ။
သူဟာ နာမည်ကြီးမင်းသားချော Lee Jon Gi နဲ့တော်တော်လေး ရုပ်ဆင်ပါတယ်။ပရိသတ်တွေက သူတို့ချစ်တဲ့မင်းသားနှစ်ယောက်ရုပ်ချင်းဆင်တာကို သတိထားမိပြီး Father and son ဆိုပြီးတောင် ချစ်စနိုးစနောက်နေကြပါတယ်။