စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးတစ်ဦးရဲ့ သတင်းအမှားပေးတိုင်ကြားမှုကြောင့် ရဲတွေစစ်ဆေးတာခံခဲ့ရတဲ့ Wang Yibo
ဒီဇင်ဘာ ၂၆ရက်နေ့မှာ Wang Yibo ရိုက်ကူးရေးပြုလုပ်ပြီး အနားယူနေစဉ် အမည်မသိ လူတစ်ယောက်ဟာ ရဲတွေကိုတိုင်ကြားခဲ့တာကြောင့် ရဲတွေက ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ တာဝန်အရ စစ်ဆေးမှုကို Yibo က ပူးပေါင်းဆောင်ရွက်ခဲ့ပြီးတဲ့အခါ ရဲတွေကိုယ်တိုင်ကWang Yibo မှာ အပြစ်မရှိကြောင်းပြောခဲ့ပြီး သတင်းအမှား ပေးပြီး ချောက်ချတိုင်ကြားသူကို တရားဥပဒေနဲ့ အညီ အရေးယူမယ်လို့ပြောခဲ့ပါတယ်။ရိုက်ကူးရေးလုပ်နေတုန်း ရဲတွေရုတ်တရက် ဝင်လာပြီး စစ်ဆေးတာကြောင့် Yibo ကတော့လန့်ပြီး စိတ်အနှောက်အယှက်ဖြစ်သွားမှာ သေချာပါတယ်။သူကအခုတလော ရိုက်ကူးရေးတွေကြောင့် အိပ်ရေးပျက်ပြီး နေမကောင်းဖြစ်ထားတာလည်း မကြာသေးပါဘူး။အဲ့ဒါကြောင့် ဒီဇင်ဘာ ၂၇ရက်နေ့ သူ့ရဲ့ Weibo account မှာ “ကောင်းမှုသည် မကောင်းမှုကို လွှမ်းမိုးနိုင်သည်။ ကောင်းမှုသည် မကောင်းမှုကို လွှမ်းမိုးနိုင်သည်။ ကောင်းမှုသည် မကောင်းမှုကို လွှမ်းမိုးနိုင်သည်။ကျွနု်ပ်ကို ချစ်သည်ဖြစ်စေ မုန်းသည်ဖြစ်စေ တရားဥပဒေကို လိုက်နာရမည်။တရားဥပဒေကို လိုက်နာရမည်။ တရားဥပဒေကို လိုက်နာရမည်။” ဆိုပြီးတင်ခဲ့ပါတယ်။ Wang Yibo ဟာအမြဲတမ်းဥပဒေကိုလိုက်နာတဲ့သူဖြစ်ပြီး နိုင်ငံသားကောင်းတစ်ယောက်ပါ။
ဒီအပြုအမူဟာ သူ့ရဲ့ လူမှုရေး ဂုဏ်သိက္ခာကိုလည်းထိခိုက်စေတာကြောင့် တရားဥပဒေအရစစ်ဆေးပြီး သတင်းထုတ်ပြန်သွားမယ်လို့Yuehua က Statement ထုတ်ခဲ့ပါတယ်။တရုတ်နိုင်ငံကရဲဋ္ဌာနတွေ တရားရုံးနဲ့ မီးသပ်တပ်ဖွဲ့တွေကလည်း “သတင်းအမှား ပေးတိုင်ကြားမှုသည် ပြစ်မှုမြောက်သည်” ဆိုပြီး Wang Yibo ကို Tag တွဲ ပြီး Yibo ဘက်ကနေ ကာကွယ်ပေးခဲ့ကြပါတယ်။Wang Yibo ကိုယ်တိုင်ကလည်း Hunan Highway Police ရဲ့Promotion Ambassador တစ်ဦးဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၇ မှာရဲတွေဟာ Wang Yibo ကို တိုင်ကြားတဲ့အမျိုးသမီးကို ဖမ်းမိခဲ့ပါတယ်။ အသက် ၃၁နှစ်အရွယ်ရှိတဲ့အမျိုးသမီးတစ်ဦးဖြစ်ပြီး ပြစ်မှုကျူးလွန်သူရဲ့နောက်ကြောင်းကို စုံစမ်းကြည့်တဲ့အခါစိတ်ကျန်းမာရေးနဲ့ဆိုင်တဲ့ ပြသနာတွေရှိနေကြောင်းလည်း တွေ့ရှိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရုတ်နိုင်ငံရဲ့ ဥပဒေတွေအတိုင်း အရေးယူသွားမယ်လို့ ရဲဋ္ဌာနက ပြန်ကြားထားပါတယ်။