Chelmo News Portal

Top Menu

  • About Us
  • Contact Us

Main Menu

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • About Us
  • Contact Us

logo

Chelmo News Portal

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • ၅မိနစ်အတွင်း တရားဝင်ကွာရှင်းခဲ့တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို

KnowledgeLove
Home›Knowledge›FA လေးတွေ Valentine’s Day ကိုဘယ်လို ကုန်ဆုံးသင့်လဲ?

FA လေးတွေ Valentine’s Day ကိုဘယ်လို ကုန်ဆုံးသင့်လဲ?

By Kyaw Hein
February 6, 2020
3437
0
Share:

Single ဖြစ်နေလို့ Valentine’s Day ဆိုတာ အပိုဘဲ ဆိုတဲ့ အမြင်တွေကို ဖယ်သင့်နေပါပြီနော်။ ကိုယ်ကSingle ဖြစ်လေ ကိုယ့်ရဲ့ အချိန်တွေကို ပိုပြီး အကျိုးရှိအောင် အသုံးချနိုင်လေဘဲလေ။ ဒီအချိန်တွေမှာ ကိုယ့်ကိုယ်ကို ပိုချစ်ပေးပြီး လွတ်လွတ်လပ်လပ် ပျော်ပေးပါ။ အဲ့ အချိန်အတွင်းမှာ သင့်အတွက် သင့်တော်တဲ့ လူတစ်ယောက်က သင့်ဆီရောက်လာနိုင်ပါတယ်။ အဲ့လိုလူ မရောက်လာခင် Single Life နဲ့ V-day ကို ဘယ်လို ဖြတ်သန်းရမလဲ ဆိုတာ ပြောပြပေးလိုက်ပါတယ်။

(၁) သူငယ်ချင်းတွေကို ခေါ်ထုတ်ပါ

Valentine’s Day က Romantic ဆန်မဲ့ ချစ်သူတွေအတွက်ဘဲ မဟုတ်ပါဘူး Romantic မဆန်တဲ့ သူငယ်ချင်းတွေနဲ့လည်း သက်ဆိုင်ပါတယ်နော်။ အခင်ဆုံး သူငယ်ချင်းအတွက် Postcard ပေးတာပဲဖြစ်ဖြစ် V-day ကို သူတို့နဲ့ အတူကုန်ဆုံးတာပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ Valentine’s Day ကို ပျော်ရွှင်စွာ ကုန်ဆုံးလိုက်ပါ။

(၂) ပြီးဆုံးသွားခဲ့တဲ့ Relationship တွေကို ပြန်သုံးသပ်ပါ

ဒီလိုရက်မျိုးဆို တစ်ခါတစ်လေ အရင်ကအကြောင်းတွေကို စဉ်းစားမိတတ်ကြပါတယ်။ အဲ့လိုအခါမျိုးမှာ ကိုယ့်ကိုယ်ကို အပြစ်မတင်မိပါစေနဲ့ ဒီလိုလက်လွှတ်ခဲ့ရလို့ ကိုယ့်ကိုယ်ကိုပြန်ရှာတွေ့ခဲ့တာမဟုတ်လား။ မပျော်ရွှင်တဲ့ Relationship တစ်ခုကနေ ရုန်းထွက်နိုင်ခဲ့တဲ့ ကိုယ့်သတ္တိကို အရင်ဆုံး ချီးကျူးလိုက်ပါ။ Relationship တိုင်းကနေ သင့်ကို ပိုကောင်းတဲ့လူဖြစ်အောင် လုပ်ပေးနေတာပဲ ဖြစ်ပါတယ်။

(၃) V-Day ကို ကိုယ်ချစ်တဲ့ သူတွေနဲ့ ကုန်ဆုံးပါ

ဒီလို ရက်မျိုးမှာ မိသားစုနဲ့ ဖြတ်သန်းတာကလည်း သင့်အတွက် တန်ဖိုးရှိတဲ့ အချိန်လေးတွေကို ရနိုင်မှာပါ။ ကိုယ်ချစ်တဲ့သူတွေ ကိုယ့်ကိုချစ်တဲ့သူတွေ နဲ့ V-Day မှ မဟုတ်ပါဘူး နေ့ရက်တိုင်းကို အတူရှိနေပေးသင့်ပါတယ်။

(၄) အလှဆုံးဖြစ်အောင်ပြင်ပါ

အထီးကျန်တဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ် စိတ်မကြည်တဲ့ အချိန်မျိုးတွေမှာပဲ ဖြစ်စေ အလှမပြင်ချင်ပဲ ဖြစ်သလို အပြင်ထွက်တတ်ကြပါတယ်။ အမှန်တော့ အဲ့လို အချိန်မျိုးဆို ကိုယ့်စိတ်ကို ပိုကြည်အောင် လှလှလေးပြင်ဆင်သင့်ပါတယ်။ အထူးသဖြင့် ဒီလို V-Day မျိုးမှာဆို ကိုယ့်ရှေ့မှာ Ro နေတဲ့ အတွဲတွေ မြင်ပြီး အလိုလို အာရုံနောက်လာပါလိမ့်မယ်။ အဲ့လို အချိန်မျိုးဆို Single ဖြစ်နေလို့ Ro စရာမရှိပေမဲ့ တခြားနေ့တွေထက် ပိုလှအောင်ပြင်ဆင်ပြီး ရည်းစားမရှိလည်း လှကြောင်း နေပြလိုက်ပါ။ အခန့်မသင့်ရင် ကိုယ့်ကို ကြိုက်တဲ့လူတွေတောင် ပိုများလာပါလိမ့်မယ်။

(၅) ကိုယ်လုပ်ချင်တာ လုပ်ပါ

V-Day ဆိုတာလည်း နေ့တွေထဲက တစ်နေ့ပဲ မလား။ ဒီလိုရက်က ဘာမှလည်း ထူးခြားနေတာမဟုတ်လို့ ကိုယ်လုပ်နေကြ အရာတွေပဲ ဆက်လုပ်ရုံပဲလေ ဒါပေမယ့် ကိုယ်တွေ Single တွေက ပိုပြီးတော့တောင် အချိန်ပိုရနေတာဆိုတော့ ကိုယ့်ရဲ့ အချိန်တွေကို အလကားမဖြစ်အောင် လုပ်ချင်တာတွေလုပ်ပစ်ပါ။ V-Day ဆိုတာလည်း ကိုယ်ပိုင်တဲ့ ရက်တွေထဲက တစ်ရက်ဆိုတော့ ကိုယ့်နေ့ပဲလေ။ ကိုယ့်နေ့မှာ ကိုယ်စားချင်တာ စားလိုက်ပါ။ ဝယ်မယ်လုပ်ထားပြီး မဝယ်ဖြစ်တာတွေရှိရင်လည်း ဝယ်လိုက်ပါ။

(၆) ကိုယ့်ကိုကိုယ် အကောင်းဆုံးဆက်ဆံပါ

ကိုယ့်ကို တကယ်ချစ်တဲ့သူ ရောက်လာရင်တော့ လိုချင်တာရှိရင် ဖြည့်စည်းပေးမှာပဲ ဆိုတဲ့ အတွေးတွေကို ထုတ်ပစ်လိုက်ပါ။ အဲ့လို ဖြည့်စည်းပေးတာကို စောင့်မနေဘဲ ကိုယ်ကိုယ်တိုင် ကိုယ်လိုအပ်တာတွေ ဖြည့်စည်းပါ။ ခရီးထွက်တာမျိုး ဖြစ်ဖြစ် ကိုယ်လိုချင်တာကို ဝယ်တာပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို Special အနေနဲ့ ဖြည့်စည်းလိုက်ပါ။

(၇) အမည်မဖော်ပဲ လက်ဆောင်လေးတွေ ပေးပါ

V-Day ဆိုတာ ချစ်သူရှိမှ လက်ဆောင်ပေးရတာမျိုး မဟုတ်ပါဘူး။ ကိုယ်ချစ်တဲ့သူတွေ မိသားစု၊ သူငယ်ချင်းတွေကိုလည်း ချောကလက် ဒါမှမဟုတ် အမှတ်တရ ဖြစ်စေမယ့် လက်ဆောင်လေးတွေပေးပါ။ တခါတည်း ဒီလိုရက်မျိုးမှာ ကိုယ့်Crushလေးကိုလည်း လက်ဆောင် ပေးလို့ရပါတယ်နော်။

Previous Article

ကောင်လေးတွေ ဝိုင်းဝိုင်းလည်နေသူ မိန်းကလေး တစ်ယောက်အကြောင်း

Next Article

ဂျပန်ကို ပထမအဆုံးအကြိမ်သွားရင် ကြုံတွေ့ရမယ့်အချက်များ

Share:

Related articles More from author

  • ExclusiveKnowledge

    BTS’s RM ရဲ့ မျက်နှာသွင်ပြင်ကိုကြည့်ပြီး စိတ်နေစိတ်ထားကိုခန့်မှန်းခဲ့တဲ့ သြစတေးလျ လူမျိူး Alan Stevens

    March 4, 2022
    By Kyaw Hein
  • ExclusiveKnowledge

    မိန်းကလေးများကြား ဖြစ်တတ်သော ပြသာနာများ

    February 24, 2020
    By Kyaw Hein
  • HotKnowledge

    မောင်နှမတွေ လို့ထင်ရလောက်အောင် ရုပ်ချင်းဆင်တဲ့ Kpop Idol များ

    August 4, 2021
    By Kyaw Hein
  • Knowledge

    ယခုလက်ရှိ Rating အများဆုံးဖြစ်နေတဲ့ Thai TV Series တွေက ဘယ်ဇာတ်လမ်းတွဲတွေဖြစ်မလဲ

    September 16, 2020
    By Kyaw Hein
  • HotKnowledge

    Fake Love သီချင်းမှာ  billion ချီတဲ့ ကြည့်ရှူသူအများဆုံးနဲ့ ထိပ်တန်းရောက်နေတဲ့ BTS

    September 10, 2021
    By Kyaw Hein
  • Love

    ချစ်သူနဲ့ အမြဲစကားများရန်ဖြစ်နေပေမဲ့ အချစ်မပြယ်စေဖို့

    October 21, 2019
    By Kyaw Hein

YOU MIGHT BE INTERESTED

  • ExclusiveHot

    Comeback သီချင်းသစ်တစ်ပုဒ်နဲ့ပရိသတ်တွေရှေ့တစ်ကျော့ပြန်လာဉီးမယ့် Jay Park

  • Exclusive

    ဖေဖေနဲ့တူတဲ့ အမျိုးသားက Ideal Type ပါလို့ပြောခဲ့ဖူးတဲ့ Son YeJin နဲ့သူမဖခင်လိုတည်ကြည်ခန့်ညားတဲ့အမျိုးသားလေး Hyun Bin

  • Exclusive

    စစ်ထဲကပြန်လာပြီးနောက် တစ်ခါမှမထားဖူးတဲ့ဆံပင်ပုံစံနဲ့ ပရိတ်သတ်ရှေ့ကိုပြန်လည်ရောက်ရှိလာတဲ့ Lee Jong Suk

Timeline

  • February 20, 2024

    Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

  • February 2, 2024

    Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

  • January 15, 2024

    TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

  • January 5, 2024

    New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

  • December 29, 2023

    2024 မှာ ကြည့်ရမယ့် Park Shin Hye နဲ့ Park Hyun Sik တို့ရဲ့ ရုပ်ရှင်ကားအသစ် “Doctor Slump”

Find us on Facebook

logo

Chelmo ကုမ္ပဏီ၏ စီးပွားရေး ကဏ္ဍတစ်ခု အနေဖြင့် Chelmo သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။

Chelmo မှ စာဖတ်သူပရိသတ်များအတွက် တန်ဖိုးလည်းရှိပြီး အကျိုးရှိစေမည့် သတင်းမှစ၍ အထောက်အကူပြု ဆောင်းပါးများ၊ ပျော်စရာသတင်းလေးများကို နေ့စဉ်မပြတ် တင်ပြလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်
  • Recent

  • Popular

  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

    By Kyaw Hein
    February 2, 2024
  • TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

    By Kyaw Hein
    January 15, 2024
  • New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

    By Kyaw Hein
    January 5, 2024
  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • ချစ်သူနဲ့ အမြဲစကားများရန်ဖြစ်နေပေမဲ့ အချစ်မပြယ်စေဖို့

    By Kyaw Hein
    October 21, 2019
  • အိပ်နေတဲ့အချိန် ဟောက်တာကို သက်သာစေမယ့်နည်းလမ်းများ

    By Kyaw Hein
    October 21, 2019
  • Celebrity တွေရဲ့အမိုက်စား ဝိတ်ချနည်းများ

    By Kyaw Hein
    October 21, 2019

Follow us

Reach us

  • No.23, Room No. 1_08, Sky suites, Yanshin Rd, Yankin Tsp, Yangon.
  • +95-9-9543 55430
  • [email protected]
Copyright © 2019-2022 Chelmo.tips. All rights reserved.