လက်မထပ်တဲ့ ယောင်္ကျားတွေရဲ့ တူညီချက်(၅)ချက်
ရုပ်ချောနေပင်မယ့်လည်း ဘာဖြစ်လို့ လက်မထပ်တာလဲလို့ မေးကြည့်ချင်တယ်မဟုတ်လား။ အသက် ၃၀၊၄၀ ဖြစ်နေပင်မယ့်လည်း အေးဆေးပဲ၊ ဘာကြောင့်လဲ။
၀၁. လုပ်ချင်တာလေးတွေရှိသေးတယ်
ရည်မှန်းချက်ကြီးတဲ့ယောင်္ကျား
၀၂. အိမ်မက်တွေက အကောင်အထည်မပေါ်သေးဘူး
သူ့မှာ အိမ်မက်တွေရှိနေတယ်။ ဒီအိမ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် အိမ်ထောင်ရေးထက်၊ ကိုယ့်အတွက်ကို ဦးစားပေးချင်တယ်။ တကယ်ဆိုရင် ကိုယ့်ရဲ့ဘေးမှာ၊ အိမ်ထောင်ရှင်မိန်းမ ရှိတာက ပိုလို့တောင် အောင်မြင်မှုအတွက် အကူအညီတွေရနိုင်ပါသေးတယ်။
၀၃. မိန်းမတွေကို စိတ်ကိုမဝင်စားတာ
လက်မထပ်ချင်တာ မိန်းကလေးတွေကို စိတ်မဝင်စားဘူးဆိုတာကတော့၊ နည်းနည်းပိုပြီး ခက်ခဲတဲ့ပြသာနာဖြစ်မယ်ထင်တယ်။ သူ့ရဲ့စိတ်ထဲမှာ မိန်းကလေးဆိုတာကိုက မရှိဘူးဆိုရင်တော့ မိန်းကလေးတွေနဲ့ ပေါင်းသင်း ဆက်ဆံရေး ကနေ စရမယ်ထင်တယ်။ သူတို့က မိန်းကလေးတွေကို ကြောက်တတ်တာလည်း ဖြစ်တတ်ပါတယ်။
၀၄. ကိုယ့်ဟာကိုယ် အရမ်းချစ်တယ်
သူတို့တွေက လက်ထပ်လည်း အဆင်ပြေမယ်လို့ မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဟာကိုယ် အရမ်းကို ချစ်တာ၊ လွယ်လွယ်ပြောရရင် တကိုယ်ကောင်းဆန်တယ်လို့ ပြောလို့ရတယ်။ ကိုယ့်ရဲ့အချိန်တွေကို ဘယ်သူနဲ့မှ ဝေမျှချင်ဘူး။
၀၅. လွတ်လွတ်လပ်လပ်ပဲနေချင်တယ်
လူလွတ်ဘဝက ပိုပြီးပျော်ဖို့ကောင်းပါတယ်။ အေးဆေးပဲနေရရင်တော်ပြီ၊ သူ့လိုလူမျိုးက လက်ထပ်ရင်လည်း ကွာရှင်းပြတ်စဲကြမှာပါ။
ကဲ ဘယ်လိုထင်ကြပါသလဲ။ မိန်းကလေးတွေကတော့ အိမ်ထောင်ရေးကို စိတ်ဝင်စားပင်မယ့်လည်း ယောင်္ကျားလေးတွေမှာတော့ ဒါကိုကြိုတွေးတတ်တဲ့သူက တော်တော်ကိုရှားပါတယ်။ အတင်းအကြပ် လက်ထပ်မယ်ဆိုရင်လည်း အဆင်ပြေမှာ မဟုတ်ဘူးလေ။ သူအိမ်ထောင်ရေးကို ကောင်းကောင်း လက်ခံ စဉ်းစားလာတဲ့နေ့ကို စောင့်ကြည့်စေချင်တယ်။
#ChelmoTeam