အိမ်မက်ထဲမှာ Crush လေးနဲ့တွေ့နေရပြီဆိုရင် ဘယ်လိုအဓိပ္ပာယ်ကောက်မလဲ
အိမ်မက်ထဲမှာ ချစ်ရတဲ့သူနဲ့အတူတူရှိနေတယ်ဆိုတာ တကယ်ကိုပျော်စရာကောင်းမှာပါ။ ကြည်နူးစရာကောင်းတဲ့ အိမ်မက်တွေကိုပဲမက်နေတယ်ဆိုရင် ကိုယ့်ရဲ့ဆန္ဒတွေကြောင့်လည်း ဖြစ်ပါလိမ့်မယ်။
ကဲ ဘယ်လိုအိမ်မက်က ဘာအဓိပ္ပာယ်လဲဆိုတာကို စစ်ကြည့်လိုက်ရအောင်။
၀၁. Crush ကကိုယ့်အနားကို ရောက်လာတဲ့အိမ်မက်
Crush က ကိုယ့်အနားကို ရောက်လာတယ်ဆိုတာ ကံကောင်းမယ်ဆိုတဲ့ နိမိတ်ပါ။ ယုံကြည်မှုရှိရှိနဲ့ တွေးထားတဲ့ဟာလေးတွေကို လုပ်မယ်ဆိုရင် Crush ကနေ ချစ်သူတွေ ဖြစ်သွားနိုင်တယ်နော်။
၀၂. Crush နဲ့ ဖုန်းပြောတဲ့ အိမ်မက်
Crush ကနေ ကိုယ့်ဆီကို ဖုန်းဆက်လာတယ်ဆိုတာ သူက တခုခုကို ပြောချင်နေပုံရပါတယ်။ သူနဲ့ဖုန်းပြောဖြစ်တယ်ဆိုရင် ချစ်သူတွေ ဖြစ်နိုင်တယ်နော်။ ပြောနေယင်းနဲ့ ဖုန်းကျသွားတယ်ဆိုတာကတော့ နှစ်ယောက်ကြားမှာ နားလည်မှုတွေ လွဲှနေတတ်တယ်။
၀၃. Crush နဲ့ ထမင်းစားတဲ့ အိမ်မက်
Crush နဲ့အတူတူ အရမ်းကို စားလို့ကောင်းထမင်းပွဲမှာရှိနေနဲ့ အိမ်မက်ကတော့ သူနဲ့ ပိုပြီးရင်းနှီးလာနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ပါ။ ထမင်းပဲအတူတူစားနေတယ်ဆိုရင်တော့ ကိုယ်ဖြစ်ချင်နေတဲ့ ကိစ္စပါ။
၀၄. Crush နဲ့ ယာဉ်တခုခုကို အတူတူစီးနေတဲ့ အိမ်မက်
Crush နဲ့ ယာဉ်တခုခုကို အတူတူစီးနေတယ်ဆိုရင်တော့ နှစ်ယောက်စလုံးက ရည်မှန်းချက်တခုအတွက် ရည်ရွယ်ချက်ရှိရှိ ဦးတည်နေတယ်ဆိုတာပါ။ ချစ်သူဘဝကနေ အိမ်ထောင်ကျမယ့်အဆင့်အထိ ရောက်လာမှာပါ။
၀၅. Crush ကနေ လက်ဆောင်ရတဲ့ အိမ်မက်
Crush ကနေ လက်ဆောင်ရတယ်ဆိုတာ Crush အနေနဲ့လည်း ကိုယ့်အပေါ်မှာ စိတ်ဝင်စားမှုရှိတယ်ဆိုတာကို သိထားရမှာပါ။ ဒါကြောင့် ကိုယ်လုပ်သင့်တာ ဘာဆိုတာလဲဆိုတာကို စဉ်းစားလိုက်ပါတော့။
၀၆. Crush နဲ့ ရန်ဖြစ်တဲ့ အိမ်မက်
Crush နဲ့ ရန်ဖြစ်တယ်ဆိုတာ … အိမ်မက်ထဲမှာတောင်မဖြစ်ချင်ဘူးမဟုတ်လား။ တကယ်တော့ ဒီအိမ်မက်က နှစ်ယောက်ရဲ့ပေါင်းသင်းဆက်ဆံရေးက ယခင်ကထက်ပိုကောင်းလာမယ့် သဘောပါ။
၀၇. Crush နဲ့ လျှောက်လည်တဲ့ အိမ်မက်
ကိုယ့်အနေနဲ့ Crush နဲ့အတူတူရှိနေချင်လို့ အိမ်မက်ထဲမှာတောင် Crush ကရောက်လာတာပါ။ အိမ်မက်အရတော့ ကောက်လို့မရပါ။
၀၈. Crush ကို ချစ်တယ်လို့ ပြောလိုက်တဲ့ အိမ်မက်
Crush ကို အရမ်းကို ချစ်နေပြီး ရင်ထဲမှာ မွန်းကြပ်နေတဲ့ အဓိပ္ပာယ်ပါ။ တယောက်တည်း တွေးပြီး စိတ်ညစ်နေပြီဆိုရင် Crush ကို မပြောခင်မှာ သူငယ်ချင်းတွေနဲ့ တိုင်ပင်သင့်ပါတယ်။
၀၉. Crush နဲ့ ချစ်သူတွေ ဖြစ်သွားတဲ့ အိမ်မက်
Crush နဲ့ ချစ်သူတွေဖြစ်သွားတယ်ဆိုတာ တကယ်လက်တွေ့အချိန်မှာ မဖြစ်သေးလို့ပါ။ ကိုယ့်ကိုကိုယ် အားမလို အားမရဖြစ်နေတာပါ။ သူ့အကြောင်းတွေချည်းပဲ စဉ်းစားမနေပဲ သူငယ်ချင်းတွေနဲ့ လျှောက်လည်လိုက်ပါ။
၁၀. Crush ကို မွှေးမွှေးပေးလိုက်တဲ့ အိမ်မက်
Crush ကို မွှေးမွေးပေးတာပဲဖြစ်ဖြစ်၊ ကိုယ်က Crush ကို မွှေးမွှေးပေးလိုက်တာပဲ ဖြစ်ဖြစ်၊ နှစ်ယောက်ကြား အချစ်ရေးမှာ ပြသာနာတွေ ရှိနေတယ်ဆိုတဲ့သဘောပါ။
၁၁.Crush နဲ့ လက်ထပ်ခွင့်ရတဲ့ အိမ်မက်
Crush ကို ချစ်လွန်းအားကြီးလို့ အိမ်မက်ထဲမှာ လက်ထပ်တဲ့အဆင့်ကို ရောက်သွားတာပါ။ တယောက်တည်း တွေးပြီး ပူနေတဲ့အချိန်ပါ။ ထိန်းထိန်းသိမ်းသိမ်း စဉ်းစားပြီးမှာ နောက်အဆင့်ကို လှမ်းစေချင်ပါတယ်။
အပေါ်က အိမ်မက်တွေမက်ပြီဆိုရင် ချက်ချင်းချရေးထားသင့်တယ်နော်။ Crush နဲ့တွေ့တဲ့နေရာ၊ သူနဲ့ပြောတဲ့စကားတွေ Crush အပြင် ဘယ်သူတွေပါသေးသလဲဆိုတာကို အသေးစိတ်ရေးမှတ်ထားသင့်တယ်နော်။
နောက်ပြီး အိမ်မက်ကောင်းတယ်ဆိုရင် ချက်ချင်း လုပ်သင့်ပါတယ်။ အိမ်မက်မကောင်းဘူးဆိုရင် လက်ရှိအခြေအနေကို ပြန်လည် သုံးသပ်သင့်တယ်။ Crush ရဲ့ဓါတ်ပုံကို ခေါင်းဦးအောက်မှာ ထည့်ထားသင့်တယ်။ မအိပ်ခင် သူ့အကြောင်းကို တွေးပြီးမှာ အိပ်. . . Crush ကကြိုက်တဲ့ ရေမွှေးကို စွပ်သင့်တယ်။
အိမ်မက်အတွက် အကြံလေးတွေတော့ ပေးပြီးပြီနော်။
ကောင်းသော အိမ်မက်တွေ မက်ပါစေ…
#Chelmo Team