A သွေးအမျိုးတွေ STAY HOME ဖြစ်ရင် ဘာတွေ လုပ်တတ်သလဲ။
Stay Home ဆိုနေတော့ A သွေးအမျိုးတွေ အိမ်မှာဘာတွေလုပ်နေကြသလဲဆိုတာကို ကြည့်လိုက်ရအောင်လား။
၀၁. တအိမ်လုံး သန့်ရှင်းရေး။
ပုံမှန်ဆိုရင် ကိုယ်နဲ့ဆိုင်တဲ့နေရာတွေကိုပဲ သန့်ရှင်းရေးလုပ်ပင်မယ့်လည်း အိမ်မှာနေရတဲ့အချိန်တွေများလာတော့ တအိမ်လုံးကို သန့်ရှင်းရေးလုပ်တော့တာပါပဲ။
၀၂. ပိုပြီးကပ်စေးနဲလာသည်။
A သွေးအမျိုးတွေက ပိုက်ဆံကိုလည်း တိတိကျကျသုံးတတ်သူပါ။ ဒီလိုအချိန်မှာ ဘယ်လို ပိုက်ဆံကို ချွေတာသုံးရမလဲဆိုတာကို ပိုပြီးစဉ်းစားတော့ ပိုပြီးကပ်စေးနဲလာတာပေါ့။
၀၃. အိမ်ကနေ အလုပ်ကိုလည်း စနစ်တကျလုပ်။
အလုပ်တွေ Work from Home ဖြစ်လာတော့ Video Call တွေကိုလည်း သူများတွေ မရောက်ခင်ကတည်းက အစောကြီး Online ကိုရောက်နေတတ်သူပါ။ အချိန်လေးစားသူ နံပါတ် ၁ပါ။
၀၄. ကာကွယ်ရေးမှာလည်း နံပါတ် ၁။
ကာကွယ်ရေးမှာလည်း သူက နံပါတ် ၁ ပါ။ သူများတွေ မလုပ်ခင်ကတည်းက ဝယ်စရာရှိတာတွေကို ဝယ်၊ စုစရာရှိတာလေးကိုလည်း စုထားလိုက်တယ်။ တကယ်ဖြစ်လာချိန်မှာတော့ အေးအေးဆေးဆေးပေါ့။
၀၅. လိုင်းပေါ်က ချစ်ရတာကို သိပ်မကျွမ်းပါ။
အရင်ကတည်းက အချစ်ရေးမှာ သိပ်မကျွမ်းကျင်တော့၊ ဒီလိုအချိန်မျိုးမှာ လိုင်းပေါ်ကနေ ချစ်ရမယ်ဆိုတော့ ပိုဆိုးတော့တာပေါ့။ စကားတွေပြောရတာလည်း အကြာကြီးပြောရင် စိတ်ကုန်တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ တယောက်တည်းနေရတာကို ကြိုက်တာကိုး။
၀၆. လက်လုပ်ပစ္စည်းလေးတွေကို လုပ်ဖြစ်လာတယ်။
သူက တခုခုကို ရေရှည်လုပ်နိုင်သူပါ။ ကိုယ်ကြိုက်တဲ့ ပန်းထိုးတာပဲဖြစ်ဖြစ်၊ စိတ်ဝင်စားတဲ့ လက်လုပ်ပစ္စည်းလေးကို လုပ်တာလာပြီ။
၀၇. ဘယ်လိုအချိန်ပဲဖြစ်ပါစေ၊ Skin Care ကတော့ အချိန်ပြည့်ပါ။
အိမ်မှာနေရလို့ ပျင်းပြီး အလှအပကိစ္စလေးကို မေ့မနေပါ။ ကိုယ့်ရဲ့Skin အခြေအနေကို အမြဲစစ်နေပြီး မိတ်ကပ်ကလည်း အပြည့်ပါ။
#Chelmo #ChelmoTeam