Lock Down ကြောင့်ကွဲကွာသွားတဲ့ မြည်းလေး နဲ့ ပိုင်ရှင်ဖြစ်သူ
ဒီလိုအချိန်မှာ ကမ္ဘာတဝှမ်းမှာ ဝမ်းနည်းစရာအကြောင်းလေးတွေ တွေ့ကြုံနေရပါတယ်။ ယခုအကြောင်းလေးကလည်း Lock Down နဲ့ပတ်သက်နေတာပါ။
နေရာကတော့ စပိန်နိုင်ငံ၊ တောင်ဘက်ပိုင်းမှာရှိတဲ့ မြို့လေးတမြို့မှာနေထိုင်တဲ့ Ismael Fernandez ဆိုသော အမျိုးသာနဲ့ သူ့မွေးထာတဲ့ မြည်းလေး ပါ။ သူတို့နှစ်ယောက်က Lock Down ကြောင့် သူ့ခြံထဲကို မသွားနိုင်ဖြစ်သွားတော့ Ismael Fernandez က သူခြံထဲက မြည်းလေးကို စိတ်အရမ်းကို ပူနေရတာပါ။
သူနေထိုင်ရမြို့လေးက Lock Down လုပ်ပြီး မေလ ၁၈ ရက်နေ့မှာ ကန့်သတ်ချက်တွေကို လျော့ချချိန်မှာတော့ သူခြံကို အပြေးအလွှားသွားခဲ့ပါတယ်။ အသေးစိတ်ကိုတော့ ဗီဒီယိုလေးကို ကြည့်လိုက်ပါနော်။
https://www.facebook.com/100004988945748/videos/1601332453376371/
ဗီဒီယိုလေးထဲမှာ သူ့မြည်းလေးရဲ့ နာမည်ကို ခေါ်နေတာကို ကြားရမှာပါ။ သူ့ရဲ့အသံတွေကလည်း တုန်နေပြီး ငိုသံတွေပါနေတာပါ။ အဲဒီအချိန်မှာ မြည်းလေးကလည်း သူ့သခင်ဖြစ်သူ ကို ပြန်တွေ့ရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာစွာဖြင့် ပြန်လည် တုံ့ပြန်နေတာကို တွေ့ရမှာပါ။
တိရစ္ဆာန်ဖြစ်သောကြောင့် စကားမပြောနိုင်ပင်မယ့်လည်း သခင်ဖြစ်သူနဲ့ သံယောဇဉ်ကြီးမားတာကို ပြသနေတာပါ။ သူရဲ့ instagram ကိုလည်း Follow လုပ်နိုင်ပါတယ်။
#Chelmo #ChelmoTeam