Instagram မှာGOT7 အဖွဲ့ဝင်သုံးဦးကို unfollow လုပ်ခဲ့တဲ့ J.Y.Park
GOT7 အဖွဲ့ဟာ JYP Entertainment နဲ့ စာချုပ်သက်တမ်းပြည့်သွားပြီဖြစ်တာကြောင့် အားလုံးက စာချုပ်ထပ်ချုပ်မလားဆိုပြီး စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။ အဖွဲ့ဝင်တွေဟာ အခြားအေဂျင်စီတွေနဲ့စာချုပ်ချုပ်ဆိုမယ်ဆိုတဲ့ ကောလဟာလတွေထွက်နေပြီး J.Y.Park ကလည်း BamBam,Jinyoung နဲ့ Mark တို့ကို Instagram မှာ unfollow လုပ်ခဲ့ပါတယ်။
Youngjae ကလည်း JYP ကို unfollow လုပ်ခဲ့ပါတယ်။ ဒါ့အပြင် JYP ရဲ့ cover video ကိုဖျက်ခဲ့ပြီး JYP နဲ့အဖွဲ့ဝင်တွေအတူရိုက်ထားတဲ့ပုံကိုလည်း ဖျက်ခဲ့ကြပါတယ်။ BamBam ကလည်း JYP နဲ့ပက်သက်တဲ့ Tweets တွေကိုဖျက်ပစ်ခဲ့ပါတယ်။ BH Entertainment ရဲ့ CEO ကလည်း Jinyoung ကို follow လုပ်ခဲ့ပြီး ဒါဟာ သူတို့အေဂျင်စီနဲ့ Jinyoung တို့ စာချုပ်ချုပ်ထားကြောင်းကို အရိပ်အမြွက်ပေးတာလည်းဖြစ်နိုင်ပါတယ်။ Fan တစ်ယောက်ရဲ့ Tweet မှာတော့ BamBam ဟာ ပုံပါအတိုင်း reply ခဲ့ပါတယ်။ ကိုယ်တွေရဲ့ BamBam ကတော့ ခပ်ချေချေပါပဲနော်။
ဘာတွေပဲဖြစ်ဖြစ် GOT7 ဆိုတဲ့နံမည်နဲ့အတူ ဒီကောင်လေး ၇ယောက်ကလည်းမပြောင်းလဲပဲ အမြဲတမ်းအတူရှိနေမယ်လို့ယုံကြည့်ပါတယ်။