“True Beauty” ဇာတ်ကားထဲက Lee Suho ရဲ့ ဖက်ရှင်စတိုင်နဲ့ပက်သက်ပြီး ပရိတ်သတ်တွေရဲ့အမြင်
အချို့ပရိတ်သတ်တွေကတော့ Cha Eunwoo ရဲ့ stylist ဟာ Cha Eunwoo နဲ့ ပိုလိုက်ဖက်တဲ့အဝတ်အစားတွေကို ဆင်ပေးသင့်ကြောင်းဝေဖန်နေကြပါတယ်။ မကြာသေးမီက Lee Suho (Cha Eunwoo’s character in “True Beauty”) ရဲ့ဖက်ရှင်နဲ့ပက်သက်ပြီး social media မှာတင်ခဲ့တဲ့ Post တစ်ခုဟာ ပရိတ်သတ်တွေရဲ့အာရုံစိုက်မှုကိုအတော်လေးရရှိခဲ့ပါတယ်။
ဒီဒရာမာထဲမှာ Cha Eunwoo ဟာ luxury brands တွေဖြစ်တဲ့ Louis Vuitton, Ralph Lauren, Maison Margiela, Thom Browne တွေကိုသာဝတ်ဆင်ခဲ့ပေမယ့် အရောင်တွဲစပ်မှုတွေကအနည်းငယ်မလိုက်ဖက်သလိုဖြစ်တာကြောင့် ပရိတ်သတ်တွေကတော့ Cha Eunwoo ရဲ့ visual ကိုတောင်မှေးမှိန်သွားစေတယ်လို့ ထင်ရတယ်ဆိုပြီးယူဆနေကြပါတယ်။ အချို့ကတော့ comments တွေမှာ “ အဝတ်အစားတွေက ဒေါ်လာထောင်နဲ့ချီကုန်ကျခဲ့ပေမယ့် ငါသာဆိုရင် ဝတ်မှာမဟုတ်ဘူး။ ကံကောင်းစွာပဲ Cha Eunwoo ဖြစ်နေလို့တော်သေးတာပေါ့” ဆိုပြီးရေးထားကြပါသေးတယ်။
Lee Suho ရဲ့ ဖက်ရှင်စတိုင်နဲ့ပက်သက်ပြီး Chelmo ရဲ့ ပရိတ်သတ်တွေအမြင်မှာရော ဘယ်လိုထင်ကြလဲ?