Fan တွေရဲ့ JYPE အပေါ်ပြောဆိုမှုကို GOT7’s Mark ရဲ့ဖခင်ကပြန်လည်တုံ့ပြန်ခဲ့
GOT7 အဖွဲ့ဟာ JYP Entertainment နဲ့စာချုပ်ဆက်ပြီးမချုပ်တော့တဲ့သတင်းတွေတက်လာအပြီးမှာတော့ JYPE ဘက်က GOT7 အဖွဲ့ဝင်တွေအပေါ်ကိုကောင်းမွန်စွာမဆက်ဆံခဲ့တဲ့သတင်းတွေဟာလည်း Twitter မှာပျံ့နှံ့လို့နေခဲ့ပါတယ်။ ဇန်နဝါရီလ ၁၁ ရက်နေ့မှာတော့ Papa Tuan ဆိုပြီးလူသိများတဲ့ GOT7’s Mark ရဲ့ဖခင်ဟာ GOT7 နဲ့ပက်သက်တဲ့ပရိသတ်တွေရဲ့ post ကိုတုံ့ပြန်ခဲ့ပါတယ်။ ပရိတ်သတ်က“ worldwide stars တွေဖြစ်တဲ့ GOT7 ကို JYP Entertainment ကဘယ်လိုဆက်ဆံခဲ့သလဲ ” လို့ရေးခဲ့ပါတယ်။
Mark ရဲ့ဖခင် Papa Tuan ဟာ ဒီ post ကိုတုံ့ပြန်လိမ့်လို့ ပရိသတ်တွေက မမျှော်လင့်ထားပေမယ့် သူက “အဲ့တာ အမှန်တရားပဲ……” လို့ရေးပြီးအတည်ပြုပေးခဲ့တဲ့အတွက် ပရိသတ်တွေကိုအံ့အားသင့်စေခဲ့ပါတယ်။ ဒါ့အပြင်လွန်ခဲ့တဲ့နှစ်တွေမှာလည်း JYP Entertainment ဟာသူ့ရဲ့သားနဲ့ GOT7 အဖွဲ့ဝင်တွေအပေါ်ကိုဆက်ဆံတာမကောင်းခဲ့ဘူးလို့ သူကယူဆခဲ့ပါတယ်။
GOT7 အဖွဲ့ဝင်တွေဟာလည်း JYP Entertainment နဲ့စာချုပ်သက်တမ်းမတိုးခဲ့ပေမယ့် အဖွဲ့ဝင်တွေဟာလက်ရှိမှာ အခြားအေဂျင်စီတွေနဲ့စာချုပ်ချုပ်ဖို့ဆွေးနွေးနေကြပါတယ်။