စစ်မှုထမ်းတာဝန်ပြီးဆုံးသွားပြီဖြစ်တဲ့ EXO အဖွဲ့ဝင် D.O
EXO အဖွဲ့ဝင် D.O ဟာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှာ စစ်လေ့ကျင့်ရေးစင်တာမှာ ငါးပတ်ကြာအခြေခံလေ့ကျင့်မှုတွေသင်ယူပြီးနောက် စစ်သားတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။စစ်ထဲမှာသူထမ်းဆောင်ခဲ့တဲ့တာဝန်ကတော့ စစ်တပ်စာဖိုမှူးဖြစ်ပါတယ်။
သူဝါသနာပါရာအလုပ်နဲ့တာဝန်ထမ်းဆောင်ပြီးနောက် ဒီနေ့မှာဆိုရင်တော့ EXO အဖွဲ့ဝင် D.O ဟာ စစ်မှုထမ်းတာဝန်ပြီးဆုံးလို့ တပ်ထဲကနေပြန်လာပြီပဲဖြစ်ပါတယ်။ Covid-19 ရောဂါဖြစ်ပွားမှုကြောင့် သူ့ကိုပြန်လည်ကြိုဆိုတဲ့ပွဲကိုတော့ လုပ်ဖြစ်မှာမဟုတ်ဘူးလို့သိရပါတယ်။ ယခုအချိန်မှာတော့ ပရိတ်သတ်တွေက သူ့ကို အဆိုတော်တစ်ယောက်အဖြစ်နဲ့တင်မဟုတ်ပဲ သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့ပါပြန်တွေ့ရဖို့ အားလုံးကမျှော်လင့်နေကြပါတယ်။
နိုင်ငံ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့တဲ့ ကိုယ်တွေရဲ့တပ်သားကြီးအတွက် အရမ်းကိုဂုဏ်ယူရပါတယ်။