Graphic Designer လုပ်ခဲ့ဖူးတဲ့ Xiao Zhan Ge Ge ရဲ့ Airport Fashion အမိုက်စားများ
Xiao Zhan ဟာ ငယ်ငယ်လေးထဲကပန်းချီဆွဲတာကို သင်ယူခဲ့ပြီး အနုပညာလောကထဲမဝင်ခင်တည်းက Graphic Designer အဖြစ်အလုပ်လုပ်ခဲ့ဖူးတာကြောင့် အလှအပကိုခံစားတတ်တဲ့အပြင် အရောင်တွေကိုနားလည်ပြီး အနုပညာအမြင်ရှိတဲ့ ကောင်လေးပါ။သူရဲ့ Airport Fashion တွေကိုကြည့်မယ်ဆို ဦးထုပ်လေးရယ် မျက်မှန်လေးရယ်ကမပါမဖြစ်ပါပဲ။ သူဟာအဖြူ အနက်နဲ့ အညိုဘက်သွားတဲ့အရောင်တွေကို ဝတ်ဆင်လေ့ရှိပြီး ဂျင်းအပွတွေရယ် တီရှပ်အပွတွေကိုလည်း ပေါ့ပေါ့ပါးပါးဝတ်ဆင်တတ်ပါတယ်။ တစ်ခါတစ်လေမှာတော့ အဝတ်တွေကို ဖက်ရှင် ကျအောင် တစ်ထပ်ပြီးတစ်ထပ် ထပ်ပြီးဝတ်တတ်ပါသေးတယ်။ သူရဲ့ခြေတံရှည်ကြီးကို ဘောင်းဘီအကျပ်ဝတ်တဲ့အခါပိုပြီးထင်ထင်ရှားရှားမြင်ရပြီး လည်တိုင်ရှည်ရှည်လေးတွေကတော့ လည်အပိတ်ဆွယ်တာတွေပဲ ဝတ်ဝတ် ရိုးရိုးတီရှပ်အဖြူလေးပဲဝတ်ဝတ်ကြည့်လို့ကောင်းနေတာ အမှန်ပါပဲ။တောက်ပနေတဲ့ အညိုရောင်မျက်လုံးဝိုင်းဝိုင်းလေးတွေရယ် မထူမပါးနှုတ်ခမ်းဖူးဖူးလေးတွေရယ် လေတိုက်တိုင်းဝဲနေတဲ့ မှိုလုံးပုံစံဆံပင်ပျော့လေးတွေက ဒီကောင်လေးကို ချစ်ဖို့ကောင်းစေပြီး ခြောက်ပေရှိတဲ့ အရပ်အရှည်ကြီးရယ် ခပ်သွယ်သွယ်ခန္ဓာကိုယ်ရယ် ယောကျာ်းပီသတဲ့ မေးရိုးချွန်ချွန်တွေက ဒီကောင်လေးကိုဆွဲဆောင်မှုရှိနေစေပါတယ်။ ချစ်စရာကောင်းမှုနဲ့ ဆွဲဆောင်မှုရှိမှုနှစ်ခုလုံးကို တစ်ယောက်တည်းသိမ်းပိုက်ထားနိုင်တဲ့ ယုန်ပေါက်လေးပါပဲ။