Penthouse Series Character သစ်ကြောင့် တောင်းပန်စကားဆိုခဲ့ရတဲ့ Park Eun Seak
နာမည်ကြီး K Drama Series တစ်ခုဖြစ်တဲ့ Penthouse ရဲ့ Season 3 နောက်ဆုံး episodeမှာတော့ Park Eun Seok ဟာ African American Vernacular English Accent နဲ့စကား ပြောတဲ့ လူမျိုးအဖြစ် နဲ့ ထူးခြားတဲ့ ဒီ ဇိုင်းပုံစံအသစ်နဲ့ ပရိသတ်များမြင်တွေ့ရတဲ့အချိန်မှာတော့ ဝေဖန်မှုတွေကို အများအပြား ရရှိခဲ့ရပါတယ်။ မူလ ဇာတ်ကောင် Logan Lee ရဲ့ အမွှာ Alex အဖြစ်ပါဝင်သရုပ်ဆောင်မဲ့ ဇာတ်ကောင်ဖြစ်တယ်လို့လည်း သိရှိရပါတယ်။
အဲ့ဒီ့ Character အသစ်နဲ့ ပတ်သတ်ပြီး ဝေဖန်နေကြသူများရဲ့ စကားသံတွေကတော့ …
“Park Eun Seak က ထုတ်လုပ်သူအသင်းနဲ့ ပြန်လည် တိုင်ပင် ထောက်ပြသင့်ကြောင်း ဒါဟာ လူမျိုးရေး ခွဲခြားမှုနဲ့ ယဉ်ကျေးမှုတွေကို အသုံးပြုပြီး မှားယွင်းစွာ ပုံဖော်ထားခြင်းဖြစ်ကြောင်း” ပြောဆိုကြပြီး အဆိုးဆုံးကတော့ American – Afreican လူမျိုးစု အချို့က
“ဒါဟာ ငါတို့ဆံပင်ပုံစံ ငါတို့ယဉ်ကျေးမှုနဲ့ ငါတို့ရဲ့ဘန်းစကားတွေကို အသုံးပြုပြီး ငါတို့ကို ကိုယ်စားပြုထားတာပဲ ငါတို့လူမျိုးစုကိုငါတို့ကာကွယ်သင့်တယ် Boycott Penthouse” ဆိုပြီး ဝေဖန်ပြစ်တင်တဲ့ စကားအချို့ကို တွေ့ရှိခဲ့ရပါတယ်။ ဒီလိုဝေဖန်မှုတွေနဲ့ ပတ်သတ်ပြီး Park Eun Seak က
“ သူ့အနေနဲ့ အမေရိကန် အာဖရိကန်လူမျိုးစုအပေါ် ရန်ပြု ပြီး ရှုတ်ချတာမျိုးမဟုတ်ကြောင်း ၊ မလေးမစားဆက်ဆံတဲ့ ရည်ရွယ်ချက် မျိုးမဟုတ်ကြောင်း အသိပေးလိုပါတယ် ၊ ဇာတ်ကောင် ရဲ့ ဖွံ့ဖြိုးမှုအတွက် ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ အရာတွေကို အသုံးပြုပြီး မှားယွင်းတဲ့ ကြိုးပမ်းမှုဖြစ်ကြောင်းကို ထောက်ပြပေးတဲ့ အတွက် ကျေးဇူးတင်ကြောင်း အမေရိကန် အာဖရိကန်လူမျိုးစုများကို လည်းတောင်းပန်ကြောင်း” ပြန်လည်ပြောကြားခဲ့ပါတယ်။
#ChelmoTeam