Site Caption Jimin နဲ့ V တို့ရဲ့အထက်တန်းကျောင်းသားဘဝ
Army တွေရဲ့ အချစ်တော် V နဲ့ Jimin တို့ရဲ့ ကျောင်းသားဘဝအမှတ်တရလေးတစ်ခုကို Army တို့အ တွက်မင်မင်က တင်ဆက်ပေးလိုက်ပါတယ်နော်
အထက်တန်းကျောင်းသားဘ၀မှာ V နဲ့အတူတူကျောင်းတတ်ဖို့ Jimin က ကျောင်းပြောင်းလာခဲ့ချိန်မှာ V က Jimin ကို အနိုင်ကျင့်ခံရတယ်လို့ ထင်ခဲ့ပါတယ်တဲ့ ..
အကြောင်းကတော့ V က Jimin ကို ကျောင်းသားအသစ်ဖြစ်လို့ ဆရာမတွေ သူ့ရဲ့ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးပေမဲ့ တစ်နေ့ V အတန်းထဲဝင်လာချိန်မှာ သူ့သူငယ်ချင်းတွေက Jimin ကို စကားမပြောဘဲ တစ်ယောက်တည်းဝိုင်းပြီး ပစ်ထားပြီး သူတို့အချင်းချင်း လှောင်နေကြတယ်လို့ ထင်ရတဲ့မြင်ကွင်းမျိုးကို မြင်ရလို့ V ကအရမ်းကိုဒေါသထွက်ခဲ့ပါတယ်
“Jimin ကိုဘာလို့စကားမ ပြောကြ မခေါ်ကြတာလဲ” ဆိုပြီး V ကမေးလိုက်ချိန်မှာ V သူငယ်ချင်းတစ်ယောက်က“ငါတို့စကားပြောဖို့ကြိုးစားပေမဲ့ Jimin က ရှက်ပြီးစကားအရမ်းနည်းတယ် ၊ မိနစ် နှစ်ဆယ်ကြာအောင် စကားပြောခဲ့ပေမဲ့ အဲ့ဒါက ငါက မေးခွန်းမေးမှသာ ပြန်ဖြေတာ စကားအပိုလိုမပြောဘူး ပြီးတော့ သူက အရမ်း တိတ်ဆိတ်သွားတယ် “ လို့ ပြန်ရှင်းပြခဲ့ရပါတယ်တဲ့
Jimin လေးရှက်တတ်ပြီးအနေအေးပုံနဲ့ သူ့သူငယ်ချင်းလေးကို အရမ်းကာကွယ်ပြီး စိတ်ပူနေတဲ့ V တို့ရဲ့ တကယ့်အမှတ်တရလေးပါပဲနော် သဲတို့ရော အဲ့လိုသူငယ်ချင်းမျိုးလေး ပိုင်ဆိုင်ထားကြပြီလား