ဇူလိုင်လထဲမှာ SOLO Album ပြုလုပ်တော့မဲ့ D.O
Exo အဖွဲ့ရဲ့ main vocalist တစ်ဉီးဖြစ်တဲ့ D.O ဟာဆိုရင်တော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ မှာ စစ်မှုထမ်းတာဝန်ပြီးစီးပြီး မကြာခင်မှာပဲ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်လျက် ရှိပါတယ် ။
D.O ဟာ “THE MOON” ရုပ်ရှင်ဇာတ်ကားကို မကြာသေးခင်က ရိုက်ကူးခဲ့ပြီး 2008 ခုနှစ်က ရိုက်ကူးခဲ့တဲ့Taiwanese Film တစ်ခုဖြစ်တဲ့ “Secret” ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးဖို့ ကိုလည်း confirm လိုက်ပါတယ်။
ယခုအခါမှာတော့ D.O ဟာသူ့ရဲ့ Solo Album အသစ်အတွက်ပြင်ဆင်နေပြီး ဇူလိုင်လ အကုန်လောက်ထဲမှာ ထုတ်လွှင့်မယ်လို့လည်း SM Entertainment မှ တစ်ဆင့် သိရှိရပါတယ်။
စစ်မှုထမ်းပြန်လာကတည်းက ကြာကြာမနားဘဲ အလုပ်အရမ်းကြိုးစားတဲ့ ဒီ အသည်းကျော်လေးရဲ့ Solo အတွက်လည်း ရင်ခုန်စွာနဲ့ စောင့်မျှော်ရဉီးမှာပေါ့နော်။