Social Media မသုံးတဲ့ Korea Celebrities
Social Media ကိုအနုပညာရှင်အတော်များများက သူတို့ရဲ့ ပရိတ်သတ်တွေနဲ့ ချိတ်ဆက်ရလွယ်အောင် အသုံးပြုကြပေမဲ့ အသုံးမပြုတဲ့ အနုပညာရှင်တွေလည်းရှိပါတယ် ဘာလို့အသုံးမပြုလဲဆိုရတာ ဖတ်ကြည့်ကြနော်
1. Gong Yoo
နာမည်ကြီး မင်းသားတစ်ယောက်ဖြစ်တဲ့ Gong Yoo ကတော့ သူ့ရဲ့ ကိုယ်ပိုင် ဘဝ ကို အွန်လိုင်းပေါ်မှာ ထုတ်ဖော်ပြသ ချင်စိတ် မရှိလို့ အသုံးမပြုတာပါတဲ့
2. Yoo Jae Suk
Running Man အဖွဲ့ဝင်တစ်ဉီးဖြစ်တဲ့ အစ်ကို ဂျယ်ဆော့ ကလည်း Social Media ကို စွဲလမ်းပြီး တခြားအလုပ်တွေကို အာရုံမစိုက်နိုင်မှာ စိုးလို့ မသုံးတာပါတဲ့
3. Song Joung Ki
Song Joung Ki ကတော့ နည်းပညာပိုင်းဆိုင်ရာတွေကို ကျွမ်းကျင်မှုမရှိတာကြောင့် အသုံးမပြုဘူးလို့ဆိုပါတယ်. အေဂျင်စီက ဖွင့်ပေးထားတဲ့ Instagram Account ရှိပေမဲ့ Personal Account တော့ မရှိပါဘူး
4. Park Bo Young
Park Bo Young ကတော့ သူမရဲ့ စိတ်ခံစားမှုက အရမ်းလွယ်တတ်တာကြောင့် အသုံးမပြုတာပါတဲ့ လက်ရှိ Instagram အကောင့်တစ်ခုဖွင့်ထားပေမဲ့ သူ့ရဲ့ဝန်ထမ်းတွေနဲ့ပဲ BH Entertainment မှာအသုံးပြုလုပ်ကိုင်နေပါတယ်
5. Kang Dong Won
မင်းသားချောလေး Kang Dong Won က တော့ သူ့ရဲ့ ဆိုရှယ်မီဒီယာအသုံးမပြုရခြင်း အကြောင်းပြချက် ကတော့ သူစိမ်းတွေနဲ့ စကားမပြောချင်လို့ သူ့ရဲ ့အကြောင်းတွေ တစ်ဖက်သားလူကို မမျှဝေချင်လို့ ဆက်သွယ်မှု အသိုင်းဝိုင်းတွေ မြင်တွေ့နေရတာကို မနှစ်သက်လို့လို့ ဆိုပါတယ်
6. Kim Hee Won
Kim Hee Won ဟာလည်း သူ့ရဲ ့ ကိုယ်ပိုင်ဘဝကို ဆိုရှယ်မီဒီယာနဲ့ မကုန်ဆုံးချင်လို့ပါတဲ့
7. Dong Ha
Dong Ha ကတော့ Social Media အသုံးပြုခြင်းနဲ့ပတ်သတ်ပြီး Social Media က ကောင်းတဲ့အချက်တွေအများကြီးရှိပါတယ် Fans တွေနဲ့လည်း ချိတ်ဆက်လို့ကောင်းတဲ့ Tool တစ်ခုဖြစ်တယ် ဒါပေမဲ့ လုံခြုံမှုရှိတဲ့အရာတစ်ခုဆိုတာတော့ မသေချာပါဘူးတဲ့
8. Ha Jung Woo
Ha Jung Woo ကတော့ သူဟာ သက် ၅၀ ကျော်အရွယ်ရောက်ပြီမို့အသုံးပြုစရာမလိုတော့ဘူးလို့ ဆိုပါတယ်