Blackpink’s Lisa နဲ့ GOT7’s BAMBAM တို့ရဲ့ ချစ်စရာ Friendship
ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး KPop အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ GOT7’s BamBam နဲ့ Blackpink’s Lisa တို့ရဲ့ ချစ်စရာကောင်းတဲ့ Friendship လေးအကြောင်းကို ပရိသတ်တွေတော်တော်များများ သိပြီးကြပြီလို့ထင်ပါတယ်။
BamBam နဲ့ Lisa ဟာ ငယ်စဉ်ကတည်းက တစ်ဉီးနဲ့တစ်ဉီး သိကြပြီး တော့ သူတို့ရဲ့ အိမ်မက်တွေ ဖြစ်လာဖို့အတွက် ထိုင်းကနေ ကိုရီးယားကို ပြောင်းလာတာချင်းလည်း အတူတူပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ တစ်ယောက်ကို တစ်ယောက် ပိုပြီးနားလည်ခင်မင်ကြတာပါ။
နှစ်ယောက်စလုံးက သက်တူ ရွယ်တူ ၁၉၉၇ ခုနှစ်ဖွားချင်းတူပေမဲ့ BamBam က Lisa ကို “အစ်မ” ( noona ) လို့ပဲခေါ်ပါတယ်။ အသက်ချင်းတူပေမဲ့ Lisa ဟာ ပညာရေးမှာရော အနုပညာရေးမှာပါ ကျွမ်းကျင်ဆရာကျလွန်းတာကြောင့် ပါတဲ့ ဒါပေမဲ့ ထိုင်းဘာသာ စကားနဲ့ပြောဆိုမှသာ “ အစ်မ” လို့ခေါ်တာဖြစ်ပြီး ကိုရီးယားလို ဆိုရင်တော့ အစ်မ လို့မခေါ်ပါဘူးတဲ့နော်။
BamBam ရဲ့ သီချင်း album တွေ မထုတ်သေးခင် အရင်ဆုံးနားထောင်ခွင့်ရတဲ့ သူဟာလည်း Lisa လေးပါပဲ။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တကယ့်ကို ချိုမြိန်လွန်းတဲ့ သူငယ်ချင်းလေးတွေပါပဲနော်။