စစ်ပြေးဒုက္ခသည် တစ်ဉီးဖြစ်ခဲ့ဖူးတဲ့ Girl Generation’s Sunny
နာမည်ကြီး ကိုရီးယား Kpop Girl Group ဖြစ်တဲ့ Girl Generation အဖွဲ့ဝင် Sunny ဟာ stage စင်ပေါ်က မီးရှူးမီးပန်းတွေဖောက်သံကို ကြားပြီးကြောက်ရွံ့နေတဲ့ ပုံစံကို သူမရဲ့ Performance တစ်ခုမှာမြင်တွေ့ခဲ့ရပါတယ်။
ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ Sunny ဟာ သူမရဲ့ငယ်စဉ်က ရခဲ့တဲ့ စိတ်ဒဏ်ရာတစ်ခုကြောင့်လို့ ဝန်ခံခဲ့ပါတယ်။
၁၉၉၁ ခုနှစ်လောက်ကဖြစ်ပွားခဲ့တဲ့ အမေရိကန်အပါအဝင် နယ်နမိတ် ၃၄ နိုင်ငံက မဟာမိတ်တပ်တွေနဲ့ အီရန်ကို တိုက်ခိုက်တဲ့ စစ်ပွဲ
Gulf War ဖြစ်ပွားခဲ့စဉ်တုန်းက သူမက အရမ်းကို ငယ်လွန်းပြီး သူမရဲ့မိသားစုနဲ့အတူတူ စစ်ဖြစ်ပွားရာနေရာဖြစ်တဲ့ Kuwait ကနေထွက်ပြေးလာရင်း လမ်းတစ်လျှောက် ကြားရတဲ့ ပစ်ခတ်သံတွေကြောင့် အခုထိကို မီးရှူးမီးပန်းအသံတွေကြားရင်တောင် ထိတ်လန့်နေရတဲ့ စိတ်ဒဏ်ရာကို ရရှိခဲ့တာပါ။
စိတ်ဒဏ်ရာတွေကြားက သူမကို member တွေက မီးရှူးမီးပန်းတွေဖောက်တဲ့အချိန်တိုင်း နားအုပ်ပေးထားကြတဲ့ ချစ်စရာအပြုမှုလေးကိုလည်းအောက်က video မှာရှူစားကြည့်ကြပါဉီးနော်။