ခန္ဓာကိုယ်ဝတယ်လို့ပြောရင် မကြိုက်တဲ့ Kpop Idol လေးယောက်
ကိုယ်အလေးချိန်နဲ့ပတ်သတ်ပြီး ပြောတာကို sensitive ဖြစ်တတ်တဲ့အထဲမှာ အခုမင်မင်ဖော်ပြပေးမဲ့ Kpop Idol လေးယောက်လည်း အပါအဝင်ပေါ့နော်
ပရိသတ်တွေရဲ့ အချစ်တော်ရော ပါမလား ကြည့်လိုက်ကြရအောင်
TXT ( Yeonjun & Soobin )
TXT အဖွဲ့ကတော့ ကိုယ်အလေးချိန်နဲ့ပတ်သတ်ပြီးပြောတာကို sensitive ဖြစ်တတ်တဲ့ထဲမှာပါပါတယ်နော် ပြီးခဲ့တဲ့ Livestream broadcast တစ်ခုမှာ Yeonjun က ပရိသတ်တစ်ယောက်ရဲ့ “ Yeonjun , you’re chubby “ ဆိုတဲ့Comment ကိုမြင်လိုက်ပါတယ် အဲ့ဒီ့မန့်ကို မြင်တဲ့အခါမှာတော့ Yeonjun က ငါက Chubby မဟုတ်ပါဘူးလို့ပြန်လည်တုန့်ပြန်ခဲ့ပါတယ်
Soobin ကလည်း “ ဝေဖန်မှုတွေလုပ်မဲ့အစား ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ပါ “ လို့လည်း ပြောခဲ့ပါတယ် တစ်ဖွဲ့လုံးကတော့ body shaming လုပ်တာကို မကြိုက်တဲ့အထဲပါပါတယ်
Youngjae ( GOT7)
GOT7 အဖွဲ့ဝင်တစ်ဉီးဖြစ်တဲ့ Youngjae ဟာဆိုရင်တော့ Live Broadcast တစ်ခုမှာ Fan တစ်ယောက်က ဝိတ်ချသင့်ပြီဆိုတဲ့ Comment ကိုရေးသားခဲ့ပါတယ် ဒီ မန့်ကို Youngjae က သတိထားမိတဲ့အချိန်မှာတော့ ငါဝိတ်ချဖို့ ကြိုးစားနေပါတယ် ဒါပေမဲ့ အဲ့ဒါက မင်းကိစ္စတော့ မဟုတ်ဘူးနော်လို့ ပြန်ချေပခဲ့ပါတယ် . Body weight နဲ့ပတ်သတ်လို့ ပြောတာကို Youngjae က မကြိုက်တာပါ
Ailee
Ailee ကတော့ သူမရဲ့ Instagram မှာ ညသန်းခေါင်ခေါက်ဆွဲပြုတ်စားနေတဲ့ ပုံကိုတင်လိုက်တဲ့အချိန်မှာ Netizen တွေက ညဘက်မှာ အစာစားတာ မင်းကိုပိုဝစေတယ်လို့ comment ရေးသားခဲ့ပါတယ်
သူမဟာ ဒီ မန့်ကို တွေ့လိုက်တဲ့အခါမှာတော့ မန့်ကို ချက်ချင်းပိတ်ပြီး ငါဝိတ်တတ်ခဲ့ရင်တောင် ဒါက ငါရဲ့ပျော်ရွှင်မှုပဲဆိုပြီး ပြန်လည်တုန့်ပြန်ခဲ့တာပါ
သူမကလည်း ကိုယ်အလေးချိန်နဲ့ပတ်သတ်လို့ပြောရင် မကြိုက်သူမကလည်း ပါဝင်နေပါတယ်