Jimin အကြိုက်ဆုံးအစားအသောက်တွေနဲ့ ဘိုးဘွားရိပ်သာမှာ မွေးနေ့အလှူအတန်းလုပ်ပေးခဲ့တဲ့ Canadian Fan
အောက်တိုဘာလမှာ ကျရောက်မဲ့ BTS’s Jimin ရဲ့ 26 နှစ်ပြည့် မွေးနေ့အတွက် ကနေဒါနိုင်ငံသား ဖြစ်ကြတဲ့ Kingsley မိသားစုက Jimin မွေးရပ်ဇာတိဖြစ်တဲ့ ဘူဆန်က နွမ်းပါးတဲ့ဘိုးဘွားရိပ်သာတွေကို အစားအသောက်လှူဒါန်းခဲ့ပါတယ်
“ ပျော်ရွှင်စရာ နေ့ရက်လေးပါ Jimin ရဲ့မွေးနေ့အတွက် Kingsley မိသားစု က ဘူဆန်မြို့က ဘိုးဘွားရိပ်သာမှာ အစားအသောက်တွေလှူဒါန်းခဲ့ပါတယ် ၊ Kingsley မိသားစုရဲ့ ဖခင် ဖြစ်သူက ခန္ဓာကိုယ်အောက်ပိုင်းသေနေတဲ့ နာတာရှည် ရောဂါဝေဒနာရှင်တစ်ဉီးဖြစ်ပြီး ဆရာဝန်တွေရဲ့ နည်းလမ်းတွေအကူအညီနဲ့ အစားအသောက်တွေစားနိူင်ဖို့အတွက် ကုသနေရပါတယ် ၊ ဒါပေမဲ့ မထင်မှတ်လောက်အောင်ပဲ တစ်နေ့မှာတော့ Jimin ရဲ့ ပရိသတ်ဖြစ်တဲ့ သမီးဖြစ်သူက Jimin ရဲ့ “LIE “ ဆိုတဲ့ solo song လေးကိုဖခင်ဖြစ်သူကို ဖွင့်ပြခဲ့တဲ့အချိန်မှာ ဖခင်ဖြစ်သူက မျက်လုံးဖွင့်ပြီး သီချင်းကို နားထောင်ခဲ့သလို အစားအသောက်တွေပြန်လည် စားနိုင်ဖို့ကို ကြိုးစားနိုင်ခဲ့ပါတယ် နောက်ရက်တွေမှာလည်း Jimin ရဲ့ သီချင်းနဲ့အတူ အစားအသောက်တွေကို နေ့တိုင်း ကျွေးမွေးခဲ့ပါတယ်လို့ဆိုပါတယ်
ဒါကြောင့်မို့ သူမဟာ သက်ကြီးရွယ်အိုတွေကို အလားတူ အစားအသောက်လှူဒါန်းလိုစိတ် ပြင်းပြလာတာကြောင့် Jimin အကြိုက်ဆုံးအစားအသောက်တွေဖြစ်တဲ့ Pork Cutlet , Perilla Leaf Kimchi တို့ကို လှူဒါန်းခဲ့ပါတယ် ဆိုတာကို Twitter မှာတင်ခဲ့ပါတယ်
Netizens တွေရဲ့နှလုံးသားကို ရိုက်ခတ်နိုင်ဆုံး အလှူဖြစ်တယ်လို့လည်း မှတ်ချက်ပေးခဲ့ကြပါတယ်