Penthouse ဇာတ်ဝင်ခန်းတစ်ခန်းကြောင့်ကြည့်ရှူသူတင်မကဘဲ ရိုက်ကူးသူကို ထိတ်လန့်တုန်လှုပ်စေခဲ့ရကြောင်း ပြောလာတဲ့ Kim So Yeon
Penthouse Season 3 ရဲ့ အပိုင်း ၅ ဇာတ်ဝင်ခန်းတစ်ခန်းကတော့ ကြည့်ရှူသူပရိသတ်တွေကို ရင်ထိတ်စေရုံမကဘဲ တကယ်တမ်း ပီပြင်အောင် စိတ်နှစ်သရုပ်ဆောင်ခဲ့ရတဲ့ မင်းသမီးကြီး Kim So Yeon ကိုပါ အိမ်မက်ဆိုးတွေမက်တဲ့အထိ တုန်လှုပ်စေခဲ့ရပါတယ်တဲ့
Oh Yoon Hee ကို ကားနဲ့ သူမရဲ့ခြေထောက်တွေကို ပိနေတဲ့အချိန်မှာ ချောက်ကမ်းနံပါးနားမှာ သူမရဲ့သမီးဖြစ်သူကို ကယ်တင်ရမဲ့အစား ကားကို back gear ထိုးပြီး ကားနဲ့တွန်းချလိုက်ပြီးရေထဲပြုတ်ကျသွားချိန်မှာတော့ “ငါတို့ရဲ့
ပတ်သတ်မှုက ပြီးသွားပြီ ငါနိုင်တယ် Oh Yoon” ဆိုပြီး သူမရဲ့ စိတ်ခံစားမှုကို ထိန်းချုပ်ပြီးပေါက်ကွဲလာတဲ့ သွေးအေးအေးနဲ့ ရက်စက်တတ်တဲ့ psycho ဆန်ဆန် ဇာတ်ဝင်ခန်းတစ်ခန်းက ပရိသတ်တွေကြား နာမည်ကြီးခဲ့ရသလို
သူမဟာ ဒီဇာတ်ဝင်ခန်းကို မရိုက်ကူးခင် script ကိုဖတ်ကတည်းက တုန်လှုပ်နေခဲ့ရတာပါလို့လည်းပြောခဲ့ပါတယ် အရမ်းကို သရုပ်ဆောင်ချက်တွေပီပြင်လွန်းလို့ စိတ်ရောလူပါနှစ်ပြီး သရုပ်ဆောင်ခဲ့ရတာမို့
2021 best art award ကိုရခဲ့တာ ထိုက်တန်ပါတယ် နော်