Korea လိုပြောဆိုရာမှာအခက်ခဲဖြစ်ခဲ့တဲ့ Rose’ ရဲ့ အကြောင်းကို ပရိသတ်တွေသိအောင်ပြောပြခဲ့တဲ့ Girl’s Day’s Hyeri
Blackpink Rose’ နဲ့ Girl’s Day’s Hyeri တို့ကအရမ်းကိုခိုင်မာတဲ့ Friendship မျိုးနဲ့တစ်ယောက်ကိုတစ်ယောက်ချစ်ခင်ကြတဲ့ ကောင်မလေးတွေပါနော် Hyeri က စီနီယာကျပေမဲ့ Rose’ နဲ့စသိတဲ့အချိန်မှာ Hyeri ကပဲ ဖုန်းနံပါတ်ကိုစတောင်းရင်းကနေ တစ်ပတ်ကိုနှစ်ကြိမ် အပြင်မှာတွေ့ဖြစ်ကြပြီးတစ်ယောက်အကြောင်းတစ်ယောက် သိတဲ့ သူငယ်ချင်းကောင်းတွေဖြစ်လာခဲ့တာပါ
ပရိသတ်တချို့ သတိမထားမိကြတဲ့ ကိုရီးယား နယူးဇီလန် Kpop အဆိုတော်မလေး Rose’ က ကိုရီးယားဘာသာစကားပြောရမှာမဝံ့မရဲဖြစ်ခဲ့တဲ့ အဓိကအကြောင်းရင်းကိုလည်း Hyeri က သိရှိပြီးအခုလို ဖောက်သည်ချခဲ့ပါသေးတယ်နော်
“ Rose’ က Australia နဲ့ New Zealand မှာကြီးပြင်းခဲ့တာဖြစ်တဲ့အတွက်ကြောင့် သူမရဲ့ First Language က English ဘာသာစကားဖြစ်ပြီး ဒုတိယ language ဖြစ်တဲ့ ကိုရီးယားဘာသာစကားကိုပြောဆိုရာမှာ အမှားအယွင်းပါမှာကိုကြောက်ရွံ့ပြီး အနည်းငယ်အခက်ခဲဖြစ်ခဲ့တာပါလို့ “ ပြောခဲ့ပါတယ်
ဒီလိုချစ်စရာကောင်းပြီး တစ်ယောက်အကြောင်းတစ်ယောက်သိတဲ့ Friendship မျိုးကို လိုချင်မိေနပါပြီရှင်